၉၆၅ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင် အမှန်တကယ် သိပါ၏လော

၁ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ကို အခြေခံသဘောတရားတစ်ခုပေါ် အခြေပြုဆုံးဖြတ်သည်။ နောက်ဆုံးတွင် လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်မှုနှင့် အပြုအမူနှင့်အညီ ဆုံးဖြတ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို လူများစွာက နားမလည်ကြ။ ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခံရသူတိုင်း မလွဲမသွေ ကယ်တင်ခံရလိမ့်မည်ဟု ၎င်းတို့ ထင်ကြပြီး၊ ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခြင်းမခံရသူတိုင်းမှာ ပိုမိုကောင်းမွန်သည့်အရာများကို လုပ်ဆောင်လျှင်ပင် ကယ်တင်ခံရလိမ့်မည်မဟုတ်ဟု ထင်ကြသည်။ လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏ ဆောင်ရွက်မှုနှင့် အပြုအမူများအပေါ် အခြေခံ၍ ဘုရားသခင်က ဆုံးဖြတ်လိမ့်မည်မဟုတ်ဟု ၎င်းတို့ ထင်ကြသည်။ ဤသို့ သင် ထင်မှတ်လျှင်၊ ဘုရားသခင်ကို သင် အလွန်နားလည်မှုလွဲပေသည်။ ဤအရာကို ဘုရားသခင် အမှန်တကယ် လုပ်ဆောင်လျှင်၊ ဘုရားသခင်က ဖြောင့်မတ်ပါဦးမည်လော။

၂ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မမြင်ဘဲ ဘုရားသခင်ကို အစဉ် နားလည်မှုလွဲပြီး သူ၏ ရည်ရွယ်ချက်များကို လိုရာဆွဲ၍ မမှန်မကန် ပြောခြင်းကြောင့် သင့်ကို အစဉ် အကောင်းမမြင်သောသူ ဖြစ်စေကာ မျှော်လင့်ချက် ပျောက်ဆုံးစေသည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အနာတရဖြစ်စေခြင်းပင် မဟုတ်သလော။ အမှန်အားဖြင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အမှန်တကယ် နားလည်ကာ သေချာပါ၏လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသေးစိတ်ချပြဖို့နှင့် ငြင်းပယ်ဖို့ရန် “ဘုရားသခင်၏ ကြိုတင်ခွဲခန့်ထားခြင်း” ကို သင် အမြဲအသုံးပြု၏။ ဤသည်မှာ ဘုရားသခင်အပေါ် ဆိုးရွားသော အထင်အမြင်လွဲမှားမှုတစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှု နှင့် ဘုရားသခင်၏ အလိုတော်ကို လုံးဝ နားမလည်ပေ၊ ထိုမျှမက ဘုရားသခင်သည် သူ၏ နှစ် ၆၀၀၀ စီမံခန့်ခွဲရေးအမှုထဲ၌ ထည့်သွင်းပြီးသည့် ကောင်းသော ရည်ရွယ်ချက်များကို သင် နားမလည်ပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်မှုလွဲပြီး သူပြောသည့်အရာကို သင် မယုံကြည်။ သို့ဆိုလျှင်၊ ဘုရားသခင်၏ အလိုကို ကျေနပ်စေဖို့ သင်၏ တာဝန်ကို မည်သို့မှန်မှန်ကန်ကန် သင် ဖြည့်ဆည်းနိုင်မည်နည်း။ 

၃ လူများစွာတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းအပေါ် ဘယ်သောအခါမျှ အာရုံမစိုက်ကြပေ။ ၎င်းတို့က ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ၎င်းတို့ ရရှိနိုင်မည်၊ မရရှိနိုင်မည်၊ ၎င်းတို့ကို ဘုရားသခင်က မည်သို့ ပြုမူဆက်ဆံမည်၊ ဘုရားသခင်က ၎င်းတို့ကို သူ၏လူများဖြစ်ဖို့ရန် ကြိုတင်ခွဲခန့်ထားခြင်း ရှိ မရှိဆိုသည့်အကြောင်းနှင့် အခြား ကောလာဟလ ကိစ္စများကို မေးမြန်းရင်း လျှောက်သွားခြင်းကိုသာ ၎င်းတို့ အာရုံစိုက်ကြသည်။ လျော်ကန်သော အလုပ်ကို ပါဝင်လုပ်ဆောင်ခြင်းမရှိသည့် ဤလူများသည် ထာဝရအသက်ကို အဘယ်သို့ ရရှိနိုင်ကြသနည်း။ ယခု သင်တို့ကို ငါ တည်ကြည်စွာ ပြောသည်- သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် ကြိုတင်ခွဲခန့်ခံရသော လူတို့သည် နောက်ဆုံးတွင် ပယ်ရှင်းခံရမည်ဖြစ်ပြီး ဘုရားသခင်အတွက် ရိုးသားစွာ မိမိတို့ကိုယ်ကိုယ် အသုံးခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အကောင်းဆုံးလုပ်ဆောင်ကြသူတို့သာ ရှင်ကျန်နိုင်ကြလိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၆၄ ဘုရားသခင် ပြုတော်မူသမျှသည် ဖြောင့်မတ်သည်

နောက်တစ်ခုသို့- ၉၆၆ ဘုရားသည် လူတိုင်းအပေါ် ဖြောင့်မတ်၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။