၉၆၄ ဘုရားသခင် ပြုတော်မူသမျှသည် ဖြောင့်မတ်သည်

၁ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အမှုအရာများနှင့် ပတ်သက်၍ လူသားတစ်ယောက်၏ အမြင်ရှုထောင့်ပေါ်တွင် အခြေခံပြီး ဘုရားသခင်သည် မည်ကဲ့သို့ဖြစ်သည်ကို ပြောခြင်း မဟုတ်ပေ။ အမှုအရာများကို လူသားများ ရှုမြင်ပုံတွင် သမ္မာတရား မရှိပေ။ သင်သည် ဘုရားသခင်၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ကို တွေ့မြင်ရမည် ဖြစ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်အရာ ဖြစ်သည် ကိုလည်း တွေ့မြင်ရမည်။ လူတို့သည် ဘုရားသခင်၏ အနှစ်သာရကို ဘုရားသခင် ပြုခဲ့သည့်အရာ သို့မဟုတ် ကိုင်တွယ် ဖြေရှင်းခဲ့သည့် အရာမှ ရရှိလာသည့် မည်သည့် အပြင်ပန်းဖြစ်စဉ်ပေါ်တွင်မျှ အခြေခံပြီး မရှုမြင်သင့်ပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သည်။ သူက လူတိုင်းကို တန်းတူဆက်ဆံသည်။ ဤသည်မှာ ဖြောင့်မတ်သည့်လူက စမ်းသပ်မှုများ ကြုံတွေ့ရန်မလိုဟု ဆိုလိုခြင်း မဟုတ်သကဲ့သို့၊ ဖြောင့်မတ်သောလူက ကာကွယ်ခံရ ဖို့လိုသည်ဟု ဆိုလိုခြင်းလည်း မဟုတ်ပေ။ ယင်းမှာ ဤကဲ့သို့ မဟုတ်ပေ။ ဘုရားသခင်က သင့်ကို စမ်းသပ်မှုကြုံတွေ့စေခွင့် ရှိသည်။ ဤသည်မှာ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖော်ပြချက် တစ်ခုဖြစ်သည်။ ဘုရားသခင်၏အလိုတော်သည် သူပြုသင့်သည့်အမှုကို ပြုမည်ဖြစ်ပြီး ကိုယ်တော်၏စိတ်သဘောထားသည် ဖြောင့်မတ်ပေသည်။

၂ ဖြောင့်မတ်ခြင်းသည် တရားခြင်း သို့မဟုတ် ထိုက်သင့်ခြင်း အနည်းငယ်မျှ မရှိပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာ သည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့- ထိုအခါတွင်လည်း ဘုရားသခင်သည် ဖြောင့်မတ်ခဲ့ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ လူ၏ရှုထောင့်မှကြည့်လျှင် တစ်စုံတစ်ခု သည် လူတို့၏အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန်ခက်ခဲပေလိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။

၃ ဘုရားသခင်က ပေတရုအား စာတန်ထံသို့ ပေးသည့်အချိန်တွင်၊ ပေတရု မည်သို့တုံ့ပြန်သနည်း။ “လူသားမျိုးနွယ်သည် ကိုယ်တော် လုပ်သည့်အရာကို နားလည် သဘောပေါက်နိုင်စွမ်း မရှိသော်လည်း၊ ကိုယ်တော်လုပ်သမျှအားလုံး၌ ကိုယ်တော်၏ ကောင်းမြတ်သော အလိုဆန္ဒ ပါဝင်ပါ၏။ ထိုအရာအားလုံးထဲ၌ ဖြောင့်မတ်ခြင်းရှိ၏။ ကိုယ်တော်၏ အမြော်အမြင်ရှိသော လုပ်ဆောင်ချက်များအတွက် ကျွန်ုပ် ချီးမွမ်းစကား မြွက်မဆိုဘဲ အဘယ်သို့နေနိုင်မည်နည်း။” ဘုရားသခင် ပြုသမျှသည် ဖြောင့်မတ်သည်။ ၎င်းသည် သင့်အတွက် နားလည်နိုင်စွမ်း မရှိသော်ငြားလည်း၊ သင့်စိတ်ကြိုက် ဝေဖန် အကဲဖြတ်ခြင်း မပြုသင့်ပေ။ သူလုပ်ဆောင်သည့် အရာတစ်ခုက သင့်အတွက် ယုတ္တိမတန်သည့် အသွင်ပေါက်ပါက၊ သို့မဟုတ် ယင်းနှင့်ပတ်သက်ပြီး သင့်မှာ အယူအဆ တစ်စုံတစ်ခု ရှိပြီးနောက်၊ သူသည် မဖြောင့်မတ်ဟု သင်ဆိုပါက၊ သင်သည် မလျော်ကန်ဆုံး ဖြစ်နေပေသည်။ အချို့အရာများမှာ နားမလည်နိုင်သော အရာများ ဖြစ်သည်ကို ပေတရုတွေ့ရှိခဲ့သော်လည်း၊ ဘုရားသခင်၏ ဉာဏ်ပညာ တည်ရှိနေပြီး၊ ဘုရားသခင်၏ ကောင်းမြတ်သော အလိုတော်က ယင်းတို့ထဲတွင် ရှိနေသည်ကို သူက သေချာခဲ့သည်။ လူသားများသည် အရာအားလုံးကို နားလည် သဘောပေါက်နိုင်စွမ်း မရှိပေ။ သူတို့ နားမလည်နိုင်သည့် အရာများစွာ ရှိသည်။ ဘုရားသခင်၏ စိတ်သဘောထားကို အမှန်တကယ် သိရှိဖို့မှာ မလွယ်ကူပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၆၃ မည်သည့်ပြစ်မှုကိုမျှ ဘုရားမသည်းခံကျူး

နောက်တစ်ခုသို့- ၉၆၅ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင် အမှန်တကယ် သိပါ၏လော

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။