၁၀၀၆ ဘုရားကို သိကျွမ်းခြင်းအားဖြင့်သာ သူ့ကို အမှန်တကယ် သင်ကိုးကွယ်နိုင်မည်ကျူး
၁ ဘုရားသခင်ကို စစ်မှန်စွာသိ၍ မြင်ပြီး သူ့ကို မကိုးကွယ်သောသူ၊ မကြောက်ရွံ့သောသူ တစ်ဦးမျှ မရှိပေ။ သူတို့အာလုံးသည် သူ့ကို ဦးညွှတ်၍ ကိုးကွယ်ရမည်။ လတ်တလော လူ့ဇာတိခံဘုရားသခင်၏ အမှုကာလ၌ ဘုရားသခင်၏ ဘုရားသဘောသဘာဝနှင့်ဆိုင်သည့် အနှစ်သာရကို၊ သူ၏စိတ်နေသဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူတို့ သာ၍နားလည်မှုရှိလေလေ၊ ၎င်းတို့ကို သူတို့ သာ၍တန်ဖိုးထားလေလေ၊ သူ့ကို သာ၍ကြောက်ရွံ့လေလေ ဖြစ်၏။ ယေဘုယျအားဖြင့် နားလည်မှု သာ၍နည်းခြင်းမှာ သာ၍ဂရုမပြုခြင်းကို ဆိုလိုပြီး ဘုရားသခင်သည် လူသားကဲ့သို့ ဆက်ဆံခံရသည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်သိ၍ သူ့ကို အမှန်တကယ်မြင်ပါက သူတို့သည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြလိမ့်မည်။ ယောဟန်က “ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏၊ ထိုသူ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်” ဟု အဘယ်ကြောင့်ဆိုခဲ့သနည်း။ သူ၏စိတ်နှလုံးထဲရှိ နားလည်မှုသည် လွန်စွာမနက်ရှိုင်းသော်လည်း ဘုရားသခင်သည် အံ့သြဖွယ်ကောင်းကြောင်းကို သူသိ၏။
၂ လူတို့သည် ခရစ်တော်၏ အနှစ်သာရကိုလည်း မသိ၊ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း နားမလည်ပါက ထိုသူတို့သည် လက်တွေ့ကျသော ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်နိုင်ခြင်း မရှိပေ။ လူတို့သည် ခရစ်တော်၏ သာမန်နှင့် ပုံမှန်အပြင်ပန်းသဏ္ဌာန်ကိုသာ တွေ့၍ သူ၏အနှစ်သာရကို မသိပါက သူတို့သည် ခရစ်တော်အား သာမန်လူသားတစ်ဦးအဖြစ် ဆက်ဆံရန် လွယ်ကူ၏။ ထိုသူတို့သည် သူ့အပေါ် မရိုသေသောသဘောထား ခံယူကောင်းခံယူနိုင်သည်၊ သူ့ကို လိမ်လည်လှည့်စားနိုင်သည်၊ သူ့ကို ခုခံနိုင်သည်၊ သူ့ကို မနာခံဘဲနေနိုင်ပြီး သူ့အပေါ် တရားစီရင်ချက် ချမှတ်နိုင်သည်။ သူတို့ကိုယ်သူတို့ မှန်သည်ဟုထင်၍ သူ၏နှုတ်ကပတ်တော်နှင့် အမှုတို့ကို အရေးမပါဟု သဘောထားကာ၊ ဘုရားသခင်အကြောင်း အယူအဆများ သိုထားပြီး သူ့ကို ပြစ်တင်ရှုတ်ချကာ ပြစ်မှားစော်ကားကောင်း စော်ကားနိုင်၏။ ဤပြဿနာများကို ဖြေရှင်းရန် လူတစ်ဦးအနေဖြင့် ခရစ်တော်၏ အနှစ်သာရနှင့် ခရစ်တော်၏ ဘုရားသဘောသဘာဝတို့ကို သိရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း၏ အဓိကလက္ခဏာဖြစ်၏၊ ထိုအရာသည် ယုံကြည်သူများအားလုံး ရရှိရမည့်အရာဖြစ်၏။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။