၉၁၀ ဘုရားကို သိကျွမ်းသူတို့သာ ဘုရားကို ရရှိနိုင်၏ကျူး
၁ ထို့ကြောင့် သင်သည် ဘုရားသခင်ကို လေ့လာရန် အသိဉာဏ်နှင့် သင်ယူမိခဲ့သည့်အရာကို အသုံးပြုပါက သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည် သို့မဟုတ် နားလည်နိုင်မည် မဟုတ်ပေ။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို သိပြီး ဘုရားသခင်ကို သိလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကို ကြည့်ပါက၊ တစ်နေ့တွင် ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိသည်ဟု သင်ဝန်ခံပြီး၊ ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။
၂ ဤကဲ့သို့သော အသိဉာဏ် သင်၌ရှိလေလေ၊ ဘုရားသခင်အား အရာခပ်သိမ်း၏သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို နားလည်လေလေ ဖြစ်မည်။ သင်အပါအဝင် အရာခပ်သိမ်းနှင့် အားလုံးသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ် ရရှိနေ၏။ သင်သည် ဤလောကနှင့် ဤလူသားမျိုးနွယ်အကြားတွင် ထိုအရာကို ရှင်းလင်းစွာလည်း ခံစားနိုင်လိမ့်မည်၊ ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် ထိုကဲ့သို့သော တန်ခိုးနှင့် ထိုကဲ့သို့သော အနှစ်သာရ ရှိနိုင်သူ မရှိပေ။
၃ ဤကဲ့သို့သော နားလည်မှုတစ်ရပ်ကို သင်ရရှိနိုင်သည့်အခါ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်းကို သင်စစ်မှန်စွာ ဝန်ခံလိမ့်မည်။ သင်ဤအဆင့်ရောက်သောအခါ သင်သည် ဘုရားသခင်အား စစ်မှန်စွာလက်ခံခဲ့ပြီး သူ့အား သင်၏ဘုရားသခင်နှင့် သင်၏သခင်ဖြစ်စေပြီး ဖြစ်လိမ့်မည်။ ထိုကဲ့သို့သော နားလည်မှုတစ်ရပ် သင်၌ရှိပြီး သင်၏ဘဝသည် ထိုကဲ့သို့သောအဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ ဘုရားသခင်သည် သင့်ကို စမ်းသပ်မှုနှင့် တရားစီရင်မှု မပြုတော့ဘဲ၊ သင့်အပေါ် သတ်မှတ်ချက်များလည်း ပြုမည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို နားလည်၍ သူ၏စိတ်နှလုံးကို သိကာ သင်၏စိတ်နှလုံးတွင် ဘုရားသခင်ကို စစ်မှန်စွာ လက်ခံခဲ့ပြီးသောကြောင့် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။