ဘဝက အဖိုးတန်ပေ
၁
အကန့်အသတ်မဲ့ ကောင်းကင်၊ ခံ့ညားထည်ဝါကာ ခမ်းနားပြီး၊ အလွန့်အလွန် အံ့ဖွယ်ဖြစ်ပေ။
အို၊ ဤကမ္ဘာမြေပေါ် အသက်ရှင်သည့် လူတို့၊ သင်တို့ နာခံကာ ကိုးကွယ်သင့်သူမှာ အဘယ်သူနည်း။
အရာခပ်သိမ်းတို့အပေါ် ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် အုပ်စိုးခြင်းက နက်နဲမှုအပြည့်ဖြစ်ပေ။
ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို နေရာတကာ ကျွန်ုပ်တို့ မြင်နိုင်ပေ။
စကြဝဠာရှိ အရာခပ်သိမ်းတို့၏ လှုပ်ရှားမှုက ဘုရားသခင်၏ လက်တော်ထဲတွင် လုံးဝရှိပေ။
လူသား ကံကြမ္မာ၏ ကောင်းချီးမင်္ဂလာနှင့် ကံဆိုးခြင်းတို့က ဘုရားလက်တော်၏ ထိန်းချုပ်မှုကို မလွတ်ကင်းနိုင်။
ဘဝက တစ်ခဏချင်း ကုန်ဆုံး၊ ကျွန်ုပ်တို့ ဝိညာဉ်များ နောင်တများမရှိသည်ကို ကျွန်ုပ်တို့ သေချာစေရမည်။
လူတစ်ယောက်သည်ဘုရားသခင်ကို သိကာ ချစ်နိုင်မှသာလျှင် ဘဝ အဓိပ္ပါယ်ရှိပေမည်။
၂
နှစ်များစွာ ဘုရားသခင်ကို ယုံကြည်ရင်း၊ သမ္မာတရားကို ကျွန်ုပ် နားလည်ကာ နောက်ဆုံးတွင် ဘုရားသခင်၏ အလိုတော်ကို သိသည်။
ဝိညာဉ်၏ ငြိမ်သက်ခြင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းအားဖြင့်သာ လာပေ။
အချင်းချင်း ချစ်ရင်း၊ ကျွန်ုပ်တို့၏ အသက်တာများ ကြွယ်ဝသထက် ကြွယ်ဝပေ။
ဘုရားသခင်ကို နာမ်ဝိညာဉ်နှင့် သစ္စာတို့ဖြင့် ကိုးကွယ်ခြင်းက ဝမ်းမြောက်ခြင်းနှင့် အသက်ပါခြင်းကို ဆောင်ကျဉ်းပေ။
တရားစီရင်ခြင်းမှတဆင့်၊ သမ္မာတရားကို ကျွန်ုပ် နားလည်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သတိပြုမိပေ။
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း မည်မျှ နက်ရှိုင်းသည်၊ လူသားဟု အခေါ်ခံရဖို့ပင် ကျွန်ုပ် မထိုက်သည်ကို ကျွန်ုပ် သိမြင်လေပြီ။
ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများက အသက်တာ၏ လမ်းကြောင်းကို ကျွန်ုပ်အားပြပေ။
ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြင့် အဓိပ္ပါယ်ရှိသည့် အသက်တာကို ကျွန်ုပ် နောက်ဆုံးတွင် အသက်ရှင်နေထိုင်ပေ။
၃
လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းကာ အမှုပြုခြင်းက တစ်သက်တွင် တစ်ကြိမ်သာကြုံရသည့် အခွင့်အရေးဖြစ်ပေ။
စုံလင်ခံရဖို့ အခက်အခဲများနှင့် ဆင်းရဲဒုက္ခတို့ကို ကြုံရခြင်းက အကြီးမားဆုံးသော ဂုဏ်ဖြစ်ပေ။
သန့်စင်ခံရဖို့ ကိုယ်တော်၏ တရားစီရင်ခြင်းကို ကျွန်ုပ် ကြုံကာ လူသား ပုံသဏ္ဍာန်ကို ကျွန်ုပ် အသက်ရှင်နေထိုင်ပေ။
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ စစ်မှန်မှုထဲသို့ ဝင်ရောက်ရင်း၊ သမ္မာတရားနှင့် အသက်ကို ကျွန်ုပ်ရ။
အဖန်ဆင်းခံ သတ္တဝါများအနေဖြင့်၊ ဘုရားသခင်ကို နာခံကာ ကိုးကွယ်ဖို့မှာ လူသားမျိုးနွယ်၏ မဖြစ်မနေပြုလုပ်ရမည်ဖြစ်သော ဝတ္တရားဖြစ်ပေ။
ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာတို့ကို ကျွန်ုပ် ရပေ။
ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ဖြည့်ဆည်းသည်၊ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ပြည့်စုံစေသည်၊ ကျွန်ုပ် ဟောပြောကာ ဘုရားသခင်ကို သက်သေခံပေ။
ဘုရားသခင်၏ လက်ခံမှုကို ကျွန်ုပ် ရကာ သူ၏ ရယူခြင်းခံရနိုင်လျှင်၊ ဘဝတွင် မည်သည့်နောင်တမျှ ကျွန်ုပ် ရှိမည်မဟုတ်တော့ပေ။