ဘုရားသခင်၏ ယုံကြည်ရသောသူ ကျွန်ုပ် ဖြစ်ချင်
၁
အို ဘုရားသခင်။ ကျွန်ုပ်၏ နှလုံးသား ကိုယ်တော်ကို မြင်ဖို့ တောင့်တ။
ကိုယ်တော်၏ မျက်နှာတော်ကို ကျွန်ုပ် မမြင်ရသော်လည်း၊
အချိန်တိုင်း ကျွန်ုပ်၏ နှလုံးသား ဆုတောင်းကာ ကိုယ်တော်ထံ တိုးဝင်ချဉ်းကပ်ပြီး၊
ကိုယ်တော်၏ နှုတ်ကပတ်တော်များဖြင့် ကျွန်ုပ် နေ့တိုင်း ဉာဏ်အလင်းရပေ။
ကိုယ်တော်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကာ အလွန် အဖိုးတန်သည်ကို ကျွန်ုပ် သိပေ၊
ကိုယ်တော့် ရှေ့မှောက် အသက်ရှင်ခြင်းက ကျွန်ုပ်၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်ပေ။
ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့က အလွန် ချစ်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် မြင်ပေ။
အို ဘုရားသခင်။ ကိုယ်တော်၏ ယုံကြည်ရသောသူ ကျွန်ုပ် ဖြစ်ချင်။
၂
အို ဘုရားသခင်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသာ ကျွန်ုပ်ကို ပြောင်းလဲနိုင်ပေ။
အလွန်နက်ရှိုင်းစွာ လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးသည်၊ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသည်၊
ဆိုးယုတ်သော စိတ်သဘောထားများဖြင့် ပြည့်သည်ကို ကိုယ်တော်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြပေ။
ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို တွေ့မြင်ရင်း၊ ကျွန်ုပ် ဦးညွှတ်ကာ ကိုယ်တော့်ကို ကိုးကွယ်မိ။
ကျွန်ုပ်ကို ကယ်တင်ခဲ့သည်မှာ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပေ။
ဆိုးယုတ်သော အတွေးအခေါ်များဖြင့် ကျွန်ုပ် ဘယ်သောအခါမျှ တစ်ဖန် အသက်ရှင်မည်မဟုတ်။
ကိုယ်တော်၏ တရားစီရင်ခြင်းက ကောင်းချီးတစ်ပါးဖြစ်ပေ၊ ချစ်ခြင်း မေတ္တာဖြစ်ပေ။
သမ္မာတရားကို ကျွန်ုပ် ရရှိကာ ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ မေတ္တာသက်ဝင်မိသည်။
သံပြိုင်အပိုဒ်
အို ဘုရားသခင်။ ကျွန်ုပ်ကို သန့်ရှင်းစေကာ ကယ်တင်သည်မှာ ကိုယ်တော်ဖြစ်ပေ၊
ကျွန်ုပ် အလွန်ပုန်ကန်လိုကာ ဖောက်ပြန်ပျက်စီးပေ။
ယနေ့ ကိုယ်တော်ကို သက်သေခံဖို့နှင့် အစေခံနိုင်သည်မှာ ကျွန်ုပ် ကံကောင်းပေ။
ဤသည်မှာ ကိုယ်တော်၏ ကြီးမြတ်သော ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာ ဖြစ်ပေ။
ကိုယ်တော့်ကို ကျွန်ုပ် ရိုးသားစွာ ချစ်ကာ ကိုယ်တော်၏ ယုံကြည်ရသူ ကျွန်ုပ် ဖြစ်ချင်၊
ကိုယ်တော့်ကို ထာဝရ ချီးမြှောက်ကာ သက်သေခံဖို့နှင့် ကျွန်ုပ်၏ ဘဝတစ်ခုလုံး ကိုယ်တော့်ကို အစေခံဖို့ပေ။