ဘုရား၏နှုတ်ကပတ်တော်များထဲ၌ သင်ဧကန် အသက်ရှင်သလောကျူး
၁ အချိန်သည် ကုန်လွန်၍၊ မျက်စိတစ်မှိတ်အတွင်း ယနေ့ ရောက်ရှိခဲ့ပေပြီ။ ငါ့ဝိညာဉ်၏လမ်းပြမှုအောက်တွင်၊ လူတို့အားလုံးသည် ငါ၏အလင်းအလယ်တွင်နေ၍၊ မည်သူမျှ အတိတ်အကြောင်းစဉ်းစားခြင်း သို့မဟုတ် ယမန်နေ့ကို ဂရုပြုခြင်းများမပြုတော့ပေ။ မည်သည့်အခါကမျှ လက်ရှိနေ့ရက်တွင် မနေခဲ့သူ မည်သူရှိသနည်း။ နိုင်ငံတော်တွင် အံ့သြဖွယ်ကောင်းသော ရက်များနှင့်လများ ကုန်လွန်ခဲ့ခြင်းမရှိသူ မည်သူရှိသနည်း။ နေအောက်တွင် မနေခဲ့သူ မည်သူရှိသနည်း။ နိုင်ငံတော်သည် လူသားအကြား ဆင်းသက်ခဲ့ပြီးဖြစ်သော်လည်း ၎င်း၏နွေးထွေးမှုကို မည်သူမျှ စစ်မှန်စွာ တွေ့ကြုံခံစားရခဲ့ဖူးခြင်းမရှိပေ၊ လူသားသည် ၎င်း၏အနှစ်သာရကို နားလည်ခြင်းမရှိဘဲ ၎င်းကို ပြင်ပမှသာ ကြည့်၏။
၂ ငါ၏နိုင်ငံတော်ကို ဖွဲ့စည်းသည့်အချိန်အတွင်း ၎င်းကြောင့် ဝမ်းမြောက်ခြင်းမရှိသူ မည်သူရှိသနည်း။ မြေကြီးပေါ်ရှိနိုင်ငံများသည် အမှန်တကယ်ပင် ရှောင်တိမ်းနိုင်သလော။ အဆင်းနီသောနဂါးကြီးသည် ၎င်း၏ကလိမ်ကကျစ်အပြုအမူ၏ကျေးဇူးကြောင့် အမှန်တကယ်ပင် ရှောင်တိမ်းနိုင်စွမ်းရှိသလော။ ငါ၏စီမံခန့်ခွဲမှု အမိန့်များကို စကြဝဠာတစ်ခွင်လုံး၌ ကြေညာ၏၊ ၎င်းတို့သည် လူမျိုးအားလုံးအကြား ငါ၏သြဇာအာဏာကို တည်ထောင်၍၊ စကြဝဠာတစ်ဝှမ်း သက်ရောက်မှုရှိကြသည်။ မည်သို့ပင်ဖြစ်စေကာမူ လူသားသည် ဤသည်ကို မည်သည့်အခါကမျှ စစ်မှန်စွာမသိခဲ့ပေ။ ငါ၏စီမံခန့်ခွဲမှုအမိန့်များကို စကြဝဠာသို့ ထုတ်ဖော်ချိန်သည် မြေကြီးပေါ်ရှိ ငါ၏အမှု ပြီးဆုံးခါနီးအချိန်လည်းဖြစ်၏။ ငါသည် လူသားအားလုံးအကြား အုပ်ချုပ်၍ အာဏာကိုင်စွဲသောအခါနှင့် တစ်ဆူတည်းသော ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်ဟု အသိအမှတ်ပြုခံရသောအခါ၊ ငါ၏နိုင်ငံတော်သည် မြေကြီးပေါ်သို့ အပြည့်အဝဆင်းသက်လိမ့်မည်။
၃ ယနေ့၊ လူတို့အားလုံးတွင် လမ်းကြောင်းသစ်ပေါ် အသစ်သော အစပြုခြင်းရှိ၏။ ၎င်းတို့သည် ဘဝသစ်ကို စတင်ခဲ့ကြပြီဖြစ်သော်လည်း မည်သည့်အခါမျှ ကောင်းကင်နှင့်အလားတူသော မြေကြီးပေါ်ရှိဘဝကို မည်သူမျှ တွေ့ကြုံခဲ့ဖူးခြင်းမရှိပေ။ သင်တို့သည် ငါ၏အလင်းအလယ်တွင် စစ်မှန်စွာနေသလော။ ငါ၏နှုတ်ကပတ်တော်တို့အကြား စစ်မှန်စွာနေသလော။ ၎င်းတို့၏ကိုယ်ပိုင်မျှော်လင့်ချက်များကို မစဉ်းစားသူ မည်သူရှိသနည်း။ ၎င်းတို့၏ကံကြမ္မာကြောင့် ပရိဒေဝဖိစီးမှု မခံစားရသူ မည်သူရှိသနည်း။ ဒုက္ခပင်လယ်အကြား မရုန်းကန်သူ မည်သူရှိသနည်း။ မိမိကိုယ်ကိုယ် လွတ်မြောက်ရန် အလိုဆန္ဒမရှိသူ မည်သူရှိသနည်း။ ကောင်းကင်နိုင်ငံ၏ ကောင်းချီးမင်္ဂလာများသည် မြေကြီးပေါ်၌ လူသား၏ ခဲယဉ်းပင်ပန်းမှုအတွက် အလဲအလှယ်လော။ လူသားဆန္ဒရှိသည်အတိုင်း ၎င်း၏အလိုဆန္ဒအားလုံးကို ဖြည့်ဆည်းနိုင်မည်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၅” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။