၃၆၁ လူ၏လုပ်ရပ်များ၌ ဘုရားကို လှည့်စားမှုများဖြင့် ပြည့်နှက်နေ၏ကျူး
၁ များစွာသော လူတို့သည် ငါ့အား အမှန်တကယ် ချစ်ရန် ဆန္ဒရှိကြသည်၊ သို့သော် ၎င်းတို့၏ နှလုံးသားများမှာ ၎င်းတို့ ကိုယ်ပိုင်မဟုတ်သောကြောင့်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြချေ။ များစွာသော လူတို့သည် ငါပေးသော စမ်းသပ်မှုများကို တွေ့ကြုံကြသည်နှင့်အမျှ ငါ့ကို အမှန်တကယ် ချစ်ကြသည်၊ သို့သော်ငြားလည်း ၎င်းတို့သည် ငါ အမှန်တကယ် တည်ရှိသည်ကို သဘောပေါက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ငါ့ကို အနှစ်မဲ့ခြင်းဖြင့် ချစ်ရုံမျှ ချစ်ကြကာ၊ ငါ၏ တကယ့် တည်ရှိခြင်းကြောင့် မဟုတ်ပေ။ များစွာသော လူတို့သည် ငါ၏ရှေ့တွင် သူတို့၏ နှလုံးသားများကို ချခင်းထားပြီး၊ ထို့နောက်တွင် ၎င်းတို့၏ စိတ်နှလုံးများကို အာရုံမစိုက်ကြချေ။ ထို့ကြောင့် ၎င်းတို့၏ နှလုံးသားများသည် အခွင့်အရေးရသည့် အချိန်တိုင်း စာတန်၏ ဆတ်ခနဲ လုယူသွားခြင်းကို ခံကြရပြီး၊ ထို့နောက်တွင် ၎င်းတို့သည် ငါ့ကို စွန့်ခွာသွားကြလေသည်။ များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးသောအခါ ငါ့ကို အမှန်တကယ် ချစ်ကြသည်၊ သို့သော်ငြားလည်း ၎င်းတို့၏ စိတ်ဝိညာဉ်များထဲတွင် ငါ၏ နှုတ်ကပတ်တော်များကို ချစ်မြတ်နိုးခြင်းမရှိ၊ ထိုအစား ထိုနှုတ်ကပတ်တော်များကို အများပြည်သူပိုင်သည့် ပစ္စည်းကဲ့သို့ သာမန်ကာလျှံကာမျှသာ အသုံးပြုကြပြီး ၎င်းတို့ ဆန္ဒရှိသည့်အခါတိုင်း ယင်းတို့ကို လာသည့်နေရာသို့ ပြန်ပစ်ပေးနေကြသည်။
၂ လူသားသည် နာကျင်မှုအလယ်၌ ငါ့ကိုရှာပြီး၊ စမ်းသပ်မှုများအလယ်တွင် ငါ့ထံမှ အကူအညီရဖို့ကို မျှော်လင့်လေသည်။ ငြိမ်းချမ်းသော အချိန်များ အတောအတွင်းတွင်၊ သူသည် ငါ့ကို မွေ့လျော်ခံစားသည်၊ ဘေးအန္တရာယ် ကျရောက်ချိန်တွင် ငါ့ကို ငြင်းပယ်သည်၊ သူ အလုပ်များချိန်တွင် ငါ့ကို မေ့လျော့ပြီး၊ သူ အလုပ်မရှိသောအခါ၌ ငါ့အတွက် ဟန်ဆောင်လုပ်ပြလေသည်- သို့သော်ငြားလည်း မည်သူမျှ ၎င်းတို့၏ တစ်သက်တာလုံးတစ်လျှောက် ငါ့ကို လုံးဝ မချစ်ဖူးပေ။ လူသားသည် ငါ့ရှေ့တွင် စိတ်အားထက်သန်ရန် ငါအလိုရှိသည်။ ငါကို တစ်စုံတစ်ခု ပေးရန် သူ့ကို ငါမတောင်းဆိုဘဲ၊ ငါ့ကို မြှောက်ထိုးပင့်ကော် လုပ်မည့်အစား၊ လူအားလုံးသည် ငါ့ကို အလေးအနက် မှတ်ယူကြရန်နှင့်၊ လူသား၏ စစ်မှန်ရိုးသားမှုကို ပြန်ဆောင်ကြဉ်းဖို့ ငါ့ကို ခွင့်ပြုရန်သာ ငါ တောင်းဆိုသည်။
၃ ငါ၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ အလင်းပေးခြင်းနှင့် ငါ၏အားထုတ်မှုများ၏ တန်ဖိုးသည် လူအားလုံးကို စိမ့်ဝင်ပျံ့နှံ့ဝင်သည်၊ သို့သော် လူသား၏ လုပ်ရပ်တိုင်း၏ စစ်မှန်သော အချက်သည်လည်း ငါနှင့်ဆိုင်သည့် ၎င်းတို့၏ လှည့်ဖြားမှုနည်းတူ၊ လူအားလုံးတို့ကို စိမ့်ဝင်ပျံ့နှံ့လေသည်။ ငါသည် လူသား၏ အနှစ်သာရကို အချိန်ကြာမြင့်စွာက သဘောပေါက်ခဲ့သည့်အတွက်၊ မည်သည့်အခါမျှ ငါသည် လူသား၏ မြှောက်လုံးများနှင့် ယုံအောင် လှည့်စားပြောဆိုမှုကြောင့် စိတ်မရှုပ်ထွေးဖူးပေ။ သူ၏အသွေးထဲတွင် မသန့်စင်မှု မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း၊ ပြီးလျှင် သူ၏ခြင်ဆီထဲတွင် စာတန်၏ အဆိပ် မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း။ လူသားသည် ကုန်လွန်သွားသည့် နေ့ရက်အသီးသီးနှင့်အတူ ထိုအရာကို သာ၍ ကျင့်သားရလာခဲ့သည်မှာ၊ သူသည် စာတန် လုပ်ဆောင်သည့် ဘေးအန္တရာယ်ကို မခံစားရသကဲ့သို့၊ ထိုသို့ဖြင့် “ကောင်းမွန်စွာ တည်ရှိခြင်း အတတ်ပညာတစ်ခု” ကို ရှာဖွေခြင်းတွင် စိတ်ဝင်စားမှု မရှိသည်အထိ ဖြစ်ပေသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်