111 ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်
ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည် Ⅰ တို့ဘုရားကိုချစ်သည်နှင့်တို့မင်္ဂလာရှိသည်။ ကြီးမြတ်သောဘုရားကို ဂုဏ်ပြုကာ ကိုးကွယ်ဦးချသည်။ ဘုရား၏နှုတ်ကပတ်တော်ကိုဖတ်ကာ အမှန်တရားကိုသိလို့ ဘုရားရှေ့ မှောက်တွင်နေရတာ ဝမ်းမြောက်ဖွယ်ကောင်းလှသည်။ ဇာတိကိုကျောခိုင်းကာ လောကကို စွန့်ပစ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဝိညာဉ်သည် အမှန်လွတ်ငြိမ်းလေသည်။ ဘုရားအလိုတော်ကို အရေးထားပြီး တာဝန်ကိုပြည့်စုံစွာ ထမ်းဆောင်တော့ တို့နှလုံးသား ငြိမ်သက်ပြီး၊ တို့တွေ ပျော်ရွှင်နိုင်သည်။ တို့ဘုရားကိုချစ်သည်နှင့်တို့မင်္ဂလာရှိသည်။ တရား စီရင်မှုကို ခံယူကာ စင်ကြယ်မှုကိုရရှိ။ တို့ဘုရားကိုချစ်သည်နှင့်တို့မင်္ဂလာရှိသည်။ သမ္မာတရားအတိုင်း လိုက်လျှောက်ကာ ဘုရားကိုနာခံသည်။ တို့ဘုရားကိုချစ်သည်နှင့်တို့မင်္ဂလာရှိသည်။ အလိုတော်ကို တို့ရဲ့လေးနက်သောတာဝန် အဖြစ်ထမ်းရွက်သည်။ ဘုရားကို ချစ်ကြောက်ကာ အလင်းအောက်မှာ နေထိုင်သည်။ ဘုရားကိုချစ်တာ မင်္ဂလာရှိလှပါသည်။ Ⅱ တို့ဘုရားကိုချစ်သည်နှင့်တို့မင်္ဂလာရှိသည်။ သမ္မာတရား နောက်လိုက်ကာ ဘုရားကိုသိသည်။ စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခတွေ့ချိန်မှာ ဘုရားတို့နှင့်အတူရှိသည်။ တို့နှလုံးသားအေးချမ်းပြီး မှီခိုစရာရှိသည်။ စီရင်မှုနှင့် ပြစ်တင်ဆုံးမမှု ကြောင့် တို့ စင်ကြယ်မှုကိုရရှိပြီး ဘုရားအပေါ်ထားတဲ့မေတ္တာ ပိုစစ်မှန်လာသည်။ ဘုရားနှင့် စိတ်တစ်လုံးတစ်ဝတည်းဖြစ်ပြီး သူ့ကို ထာဝရ ချီးမြှောက်ကာ သက်သေခံမည်။ တို့ဘုရားကိုချစ်သည်နှင့်တို့မင်္ဂလာရှိသည်။ သစ္စာရှိစွာ ဆုံးခန်းတိုင်အောင် ဘုရားအနောက်လိုက်မည်။ တို့ဘုရားကိုချစ်သည်နှင့်တို့မင်္ဂလာရှိသည်။ ဘုရားအတွက်သာ ဘုရားအတွက်သာ တို့အသက်တာကို အသုံးပြုမည်။ တို့ဘုရားကိုချစ်သည်နှင့်တို့မင်္ဂလာရှိသည်။ ဘုရားယုံကြည်ရသောသူများ တို့ဖြစ်လာနိုင်သည်။ ဘုရားရဲ့ ကတိတော်နှင့် ကောင်းချီးမင်္ဂလာတို့ကို အမွေဆက်ခံမည်။ ဘုရားကိုချစ်ရတာ မင်္ဂလာရှိလှသည်။