၂၇၁ အားမာန်ဖြင့် ကျွန်ုပ် ထမည်

၁ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိရှိရင်း၊ ဘုရားသခင်အတွက် ကျွန်ုပ်၏ ချစ်ခြင်း အမြစ်တွယ်ပေ။ ကျွန်ုပ် ကောင်းချီးခံစားရသည်ဖြစ်စေ၊ ဒုက္ခခံစားရသည်ဖြစ်စေ၊ အားလုံး ဘုရားသခင်၏ ကြိုတင်ပြဌာန်းထားခြင်း ဖြစ်ပေ။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စမ်းသပ်မှုများက ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာကို သန့်စင်စေဖို့ လာသည်။ လူသား၏ ကျရှုံးမှုများက သာမန်ဖြစ်ကာ သတိပေးချက်အတွက် အကြောင်းရင်းတစ်ခု မဟုတ်ပေ။ ကိုယ်တော်၏ ပြင်းထန်သော နှုတ်ကပတ်တော်များက ဓါးတစ်စင်းကဲ့သို့ ထိုးဖောက်သော်လည်း၊ ဘုရားသခင်၏ စိတ်နှလုံးက အမြဲ ကြင်နာပေ။ ကျွန်ုပ်ဘဝအတွက် ကောင်းသော ခါးသီးသည့် ဆေးဝါးကို ကျွန်ုပ် အဘယ်သို့ ငြင်းပယ်နိုင်မည်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတဆင့်၊ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းကို ကျွန်ုပ် ခံစားရပြီ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော်၏ အမှုတော်က အလွန်စစ်မှန်လှ၊ ဘုရားသခင်ကို ကျွန်ုပ်၏ နှလုံးသားက ချီးမွမ်းပေ။ ဘုရားသခင်ကို ကျွန်ုပ်၏ နှလုံးသားက ချီးမွမ်းပေ။

၂ မာနထောင်လွှားပြီး လှည့်ဖြားတတ်သော လူသားများက ခလုတ်တိုက်ကာ လဲကျဖို့ သတ်မှတ်ပြဌာန်းပြီးဖြစ်ပေ။ ဘုရားသခင်ကို ကျွန်ုပ် အစေခံသော်လည်း၊ ကိုယ်တော်ကို ကျွန်ုပ် အာခံဆဲပင်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုကို ကျွန်ုပ် ခံယူသင့်ပေ။ တရားစီရင်ခြင်းက ကြီးမားသော နာကျင်မှုကို ဖြစ်စေနိုင်သော်လည်း၊ ယင်းက ကျွန်ုပ်၏ဘဝ လိုအပ်သော အရာဖြစ်ပေ။ ဘုရားသခင်က ဖြောင့်မတ်ခြင်းဖြစ်မှန်း ကျွန်ုပ် သေချာ၊ ထို့ကြောင့် ကျွန်ုပ်၏ နှလုံးသားက ချီးမွမ်းပေ။ ဘုရားသခင်အားဖြင့် တရားစီရင်ခံရကာ ပြစ်တင်ဆုံးမခံရသည်မှာ ဘုရားသခင် နှင်းအပ်သော ဂုဏ်ပြုခြင်းတစ်ခု ဖြစ်ပေ။ ကိုယ်တော်ကို ကျွန်ုပ် မကျေမနပ်ပြောလျှင်၊ သူ့ကို တိုက်ခိုက်လျှင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ် ထိုက်မည်မဟုတ်ပေ။ စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျက် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် သမ္မာတရား မရှိပေ၊ ယနေ့ ကျွန်ုပ် အသက်ရှိသည်မှာ ဘုရားသခင်၏ အချိန်မီ ကယ်တင်ခြင်းကြောင့်သာပေ၊ ဘုရားသခင်၏ အချိန်မီ ကယ်တင်ခြင်းကြောင့်သာ ဖြစ်ပေ။

၃ ပေတရု၏ စိတ်ဝိညာဉ်သည် လူသားမျိုးနွယ် မည်သို့ ပြုမူသင့်သည့်အပေါ် အခြေခံထားပေ။ လူက ဘုရားသခင်ကို ချစ်နိုင်သည်မှာ အဘယ်မျှ နက်နဲလိုက်ပါဘိ။ ကိုယ်တော်ကို ပြည့်ဝစွာ ချစ်ဖို့ ကျွန်ုပ် ကြိုးပမ်းမည်။ ကောင်းချီးမင်္ဂလာများကို ဆန္ဒရှိရင်း၊ ဘုရားသခင်နှင့် အပေးအယူလုပ်ရင်းဖြင့်၊ နောက်ဆုံးတွင်၊ လူသည် ခလုတ်တိုက်လဲမည်။ သမ္မာတရားကို နားလည်ကာ သန့်စင်ခံရရင်း၊ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်း ကျွန်ုပ် ရှိပေ။ ဘုရားသခင်ကို ယုံကြည်ရင်း၊ ဘုရားသခင်ကို ချစ်ပါ၊ နာခံပါ၊ ဤသည်မှာ လူ၏ မှန်ကန်သော တာဝန်ဖြစ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ခံစားရခြင်းက ဘုရားသခင်အတွက် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာကို အားကောင်းစေသည်။ ဘုရားသခင် ကျွန်ုပ်ကို မည်မျှ ကိုင်တွယ်ဖြေရှင်းပါစေ၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ် ချီးမွမ်းနေဆဲပင်။ ကျွန်ုပ်၏ အိပ်မက်မှာ ဘုရားသခင်ကို သိကျွမ်းနိုင်ဖို့ ဖြစ်ပေ။ ကျွန်ုပ် တောင်းဆိုသည့်အရာ နောက်ထပ် ဘာမျှမရှိ။ ကျွန်ုပ် တောင်းဆိုသည့်အရာ နောက်ထပ် ဘာမျှမရှိ။

၄ တရားစီရင်ခြင်းကို ဖြတ်သန်းကာ ဘုရားသခင်၏ ချစ်ခြင်းကို မြည်းစမ်းရင်းဖြင့်၊ ကျွန်ုပ် တစ်ဖန် ထမည်။ ဘုရားသခင်ကို တွေ့မြင်ဖို့ ကျွန်ုပ်မဝံ့ရဲပေ။ သို့သော် ကျွန်ုပ် မိမိကိုယ်ကိုယ်အတွက် နောက်တစ်ကြိမ် ရုန်းကန်မည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ် နားလည်ပြီ၊ ကိုယ်တော်၏ ချစ်ခြင်းက ကျွန်ုပ်ကို ရှေ့ဆက် ခွန်အားပေးသည်။ စမ်းသပ်မှုများနှင့် အခက်အခဲများ မည်မျှ ကြီးမားပါစေ၊ ခိုင်မာသော သက်သေတစ်ခုကို ကျွန်ုပ် ခံပါမည်။ ကောင်းချီးမင်္ဂလာဖြစ်စေ ပူဆွေးသောက ဖြစ်စေ လုံးဝ ကိစ္စမရှိပေ။ ဘုရားသခင်၏ ဘုန်းအသရေက အရာရာ ဖြစ်ပေ။ ပေတရုကဲ့သို့ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်း ကျွန်ုပ် ပေးမည်။ ပြီးလျှင် ကျွန်ုပ် သေဆုံးသည့်အခါ၊ ကျွန်ုပ် ငြိမ်းချမ်းစွာ အနားယူမည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကို ရွေးချယ်ခြင်းမရှိဘဲ ကျွန်ုပ် နာခံမည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့မှာ အဓိကဖြစ်ပေ။ ဘုရားသခင်ကို ချစ်ဖို့နှင့် သူ၏လမ်းခရီးကို လိုက်လျှောက်ဖို့ လူသား၏ အကြီးမားဆုံးသော ဂုဏ်ဖြစ်ပေ၊ လူ၏ အကြီးမားဆုံးသော ဂုဏ်ဖြစ်ပေ။

အရှေ့သို့- ၂၇၀ ဘုရားအတွက် သစ္စာရှိသော နှလုံးသား

နောက်တစ်ခုသို့- ၂၇၂ လူတစ်ယောက်အသက်ရှင်ဖို့သမ္မာတရားရှိရမည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။