ဘုရားသခင် ကျေနပ်စေဖို့သာ ကျွန်ုပ်တောင်းဆို
၁
နှစ်များစွာ ဘုရားရှင်ကို ကျွန်ုပ်ယုံကြည်ခဲ့လည်း
သမ္မာတရား အတိုင်း ကျွန်ုပ် မလိိုက်လျှောက်ခဲ့ဘူး။
ကျွန်ုပ်စိတ်နှလုံး နောင်တ နှင့် ပြည့်နှက်သည်
စုံလင် ခြင်းရဖို့ အခွင့်ရေးများစွာ ဆုံးရှုံးခဲ့ရ
ဘုရားရဲ့ နှလုံးသား ကို ကျွန်ုပ်နာကျင်စေခဲ့
ဘုရားသည်သူ၏ ကရုဏာ၊ သက်ညှာမှုု အကြိမ်ကြိမ် ပြကာ
ကျွန်ုပ် နောင်တရဖို့ အခွင့်ရေးတွေပေးခဲ့။
ဆုံးမခြင်း၊ စစ်ကြောခြင်းနှင့် ပဲ့ပြင်မှုတို့သည်
ထုံထိုင်းတဲ့ ကျွန်ုပ်နှလုံးသားကို နိုးစေတယ်။
ဘုရား ၏ ချစ်မေတ္တာ အကျွန်ုပ် ခံစားရပြီး၊
ဘုရား ၏ မျက်မှောက်တော်ရှေ့တွင် အသက်ရှင်နိုင်တာ
သမ္မာတရားကို ကျွန်ုပ်နားလည် ခြင်းအားဖြင့်
၂
ဘုရားသည် ကြီးမားသော ကြင်နာမှု ပြသလေည်း
ကျွန်ုပ် သူ့ကိုဘာမှ ပြန်မပေးခဲ့ဘူး။
ကိုယ်တော်ကို ရင်ဆိုင်ဖို့ရန် ကျွန်ုပ်ရှက်လှ
သမ္မာတရား အတိုင်းလိုက်လျှောက်ဖို့၊ အသစ်သောလူဖြစ်ဖို့၊
ဘုရားမေတ္တာပြန်ဆပ်ဖို့ဟာ ကျွန်ုပ်၏ စစ်မှန်သောဆန္ဒ
ကျွန်ုပ် တာဝန်ပြီးမြောက်ဖို့ ဘုရား၏တိုက်တွန်းခြင်းများ ကို ကျွန်ုပ်နှလုံးသားတွင် မြဲမြံစွာ မှတ်ယူထား
ဘုရားသခင် ဝမ်းမြောက်စေဖို
ကျွန်ုပ်သည် သမ္မာတရားကို ကျင့်သုံးကာတာဝန်ုထမ်းဆောင်။
ဘုရားရှင်၏အစီအစဉ် ဘုန်းတန်ခိုးအောက်တွင်
ကျွန်ုပ်သည် ခက်ခဲမှုနှင့် တွေ့ကြုံကာစုံစမ်းခြင်းခံရ
ကျွန်ုပ် ဘယ်လို အားငယ်စရာအကြောင်းရှိမလဲ။
ဘုရား၏ ဘုန်းတော်သာ သည်သာ ပထမ
၃
ခက်ခဲမှုကြား နှုတ်ကပတ်တော်သည် ကျွန်ုပ်ကိုလမ်းပြ
ကျွန်ုပ်၏ ယုံကြည် ခြင်းကို ပြည့်စုံစေ
ဘုရား၌ကျွန်ုပ် လုံးလုံးဆက်ကပ်၍ သေခြင်း ကို မမှု
အားလုံးအထက်တွင် ဘုရား၏အလိုတော် ရှိသည်
ကျွန်ုပ်ရှေ့ရေးအတွက်မမှု၊ အရှုံးမမြတ်ကိုမကြည့် ဘုရားကျေနပ် ဖို့သာ ကျွန်ုပ်တောင်းလျှောက်။
ဘုရားအတွက် ပြတ်သားစွာ သက်သေခံကာ စာတန်ကို အရှက်ရစေ
ထိုမှသာ ဘုရားဘုန်းထင်ရှားလိမ့်မည်။
ဘုရားမေတ္တာပြန်ဆပ်ဖို့ သစ္စာရှိမည်ဟု ကတိပြု။
ကျွန်ုပ်စိတ်နှလုံးတွင် ဘုရားကိုချီးမွမ်း၏
ဖြောင့်မတ်ခြင်း၏နေမင်း ကို ကျွန်ုပ် မြင်တွေ့
သမ္မာတရားသည် ကမ္ဘာမြေ ကို စိုးမိုး
ဘုရားစိတ်သဘောသည် ဖြောင့်မတ်သန့်ရှင်း။ လူသားများချီးမွမ်းဖို့ ထိုက်တန်
အနန္တတန်ခိုးရှင်ဘုရားကို ကျွန်ုပ်နှလုံးသားမှ အစဉ်ချစ်မည်။