၇၃၁ ဘုရားသခင်အပေါ် လူသားက အလွန်များသော တောင်းဆိုချက်များ ပြုသည်

၁ ဘုရားသခင်ထံမှ လူတို့တောင်းဆိုသည်မှာ အလွန်များပြီး ထိုသို့သော တောင်းဆိုချက်များက လွန်ကဲလေသည်၊ ဤနည်း ထိုနည်းဖြင့် လုပ်ဆောင်ရန် သူ့ကို သူတို့ တောင်းဆိုနေပုံမှာ လုံး၀ ယုတ္တိမရှိပေ၊ ဘုရားသခင်ကို လူတို့ အပြည့်အဝ ကျိုးနွံနာခံနိုင်ခြင်း မရှိသလို၊ ကိုးကွယ်နိုင်ခြင်းလည်း မရှိပေ။ ထို့ထက်၊ မိမိတို့၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း မလျော်ကန်သော တောင်းခံမှုများကို ၎င်းတို့ လုပ်ဆောင်ကြလေသည်။ ဘုရားသခင်က များစွာ သည်းခံဖို့၊ လူတို့နှင့်ပတ်သက်၍ အမြဲစိတ်ရှည်မှုရှိဖို့၊ ၎င်းတို့ကို မြင်သည့်အခါတိုင်း သမ္မာတရားအကြောင်းကို သိစေဖို့၊ ၎င်းတို့ကို အမြဲစကားပြောဆိုဖို့၊ စသဖြင့် ၎င်းတို့ မျှော်လင့်ကြလေသည်။ ဤကိစ္စရပ်များအပေါ် သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်။ လူတို့၏ ဆင်ခြင်တုံတရားမှာ အလွန် အပြစ်အနာအဆာရှိသည် မဟုတ်လော။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်မှုများကို ၎င်းတို့ လုံးဝ ကျိုးနွံနာခံနိုင်ခြင်း မရှိသည်သာမက၊ သို့မဟုတ် ဘုရားသခင်ထံမှ လာသမျှအားလုံးကို လက်မခံနိုင်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ဘုရားသခင်အပေါ် နောက်ထပ် သတ်မှတ်ချက်များကို ၎င်းတို့ ချမှတ်ကြလေသည်။ ထိုသို့သော သတ်မှတ်ချက်များနှင့် လူတို့သည် ဘုရားသခင်ကို မည်သို့ သစ္စာရှိနိုင်သနည်း။ ဘုရားသခင်၏ စီစဉ်မှုများကို ၎င်းတို့က မည်သို့ ကျိုးနွံနာခံနိုင်သနည်း။ ဘုရားသခင်ကို ၎င်းတို့ မည်သို့ ချစ်နိုင်သနည်း။

၂ လူတို့အားလုံးသည် ဘုရားသခင်က ၎င်းတို့ကို မည်သို့ ချစ်သင့်သည်၊ ၎င်းတို့ကို မည်သို့ စိတ်ရှည်သည်းခံသင့်သည်၊ ၎င်းတို့ကို မည်သို့ စောင့်ရှောက်ပြီး ကွယ်ကာသင့်ပြီး ၎င်းတို့ကို မည်သို့ဂရုစိုက်သင့်သည်တို့အတွက် သတ်မှတ်ချက်များ ရှိကြသော်လည်း၊ မိမိတို့ကိုယ်တိုင်က ဘုရားသခင်ကို မည်သို့ ချစ်သင့်ကြောင်း၊ ဘုရားသခင်အကြောင်း မည်သို့ စဉ်းစားသင့်ကြောင်း၊ ဘုရားသခင်အပေါ် မည်သို့ အရေးထားသင့်ကြောင်း၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေသင့်ကြောင်း၊ ၎င်းတို့ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို မည်သို့ထားသင့်ကြောင်းနှင့် ဘုရားသခင်ကို မည်သို့ ကိုးကွယ်သင့်ကြောင်းတို့အတွက် သတ်မှတ်ချက်များ မရှိကြချေ။ ဤအရာများ လူတို့၏ စိတ်နှလုံးများထဲတွင် တည်ရှိသလော။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့် အရာများ ဖြစ်ကြသည်၊ ထို့ကြောင့် ဤအရာများ၌ အဘယ်ကြောင့် ၎င်းတို့ ဝီရိယရှိရှိ ရှေ့ဆက်မလုပ်ဆောင်ရသနည်း။ လူအချို့သည် အချိန်တစ်ခုကြာ စိတ်အားထက်သန်နိုင်ကြသော်လည်း၊ ကြာရှည်မခံပေ အနှောင့်အယှက် အနည်းငယ်ကို ကြုံရခြင်းက ၎င်းတို့ကို စိတ်ပျက်အားလျော့စေနိုင်သည်၊ မျှော်လင့်ချက် ပျောက်ဆုံးစေနိုင်ပြီး၊ ညည်းညူစေနိုင်သည်။ လူတို့တွင် ပြဿနာအလွန်များစွာ ရှိကြပြီး သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ချစ်ရန်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ရှာဖွေသည့် လူများ အလွန်နည်းပါးလေသည်။ လူသားတို့သည် လုံး၀ ဆင်ခြင်တုံတရားကင်းမဲ့ကြသည်၊ မှားယွင်းသည့် နေရာတွင် ရပ်တည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် အထူးသဖြင့် တန်ဖိုးရှိသူများအဖြစ် မြင်ကြလေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၃၀ ဘုရား၏သြဇာအာဏာကို နာခံနည်းကျူး

နောက်တစ်ခုသို့- ၇၃၂ လူသားသည် အဘယ်ကြောင့် ဘုရားသခင်ကို အမြဲတောင်းဆိုမှုများ ပြုသနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။