၇၃၂ လူသားသည် အဘယ်ကြောင့် ဘုရားသခင်ကို အမြဲတောင်းဆိုမှုများ ပြုသနည်း

၁ ၎င်းတို့ကို မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းနေပါစေ၊ လူတို့သည် မိမိတို့၏ ကိုယ်ကျိုးများကို ကာကွယ်ကြပြီး မိမိတို့၏ ကိုယ်ပိုင် ဇာတိပကတိအတွက် ရှာဖွေကြကာ၊ ၎င်းတို့ကို ဖြည့်ဆည်းပေးမည့် အကြောင်းပြချက်များ သို့မဟုတ် ဆင်ခြေများကို အမြဲရှာကြလေသည်။ ၎င်းတို့သည် သမ္မာတရား စိုးစဉ်းမျှမရှိသကဲ့သို့၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းက ၎င်းတို့၏ ကိုယ်ပိုင် ဇာတိပကတိကို လျော်ကန်စေဖို့ရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် မျှော်လင့်ချက်များကို ထည့်တွက်ခြင်းဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ မည်သည့် အကျိုးအမြတ်ကိုမဆို ရနိုင်သမျှ ရနိုင်ဖို့ ကြိုးစားရင်း၊ ဘုရားသခင်ထံမှ ကျေးဇူးတော်ကို ၎င်းတို့ တောင်းဆိုကြလေသည်။ အဘယ်ကြောင့် ဘုရားသခင်အပေါ် လွန်ကဲသော တောင်းဆိုချက်များ ၎င်းတို့ ပြုကြသနည်း။ ဤအရာက လူတို့သည် သဘာဝအားဖြင့် အလိုကြီးကြသည်ကို သက်သေပြလေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့သည် အသိတစ်ခုတစ်လေမျှ ပိုင်ဆိုင်ခြင်းမရှိသကဲ့သို့ ၎င်းတို့ ဆုတောင်းနေသည်ဖြစ်စေ၊ ပြောဆိုဆွေးနွေးနေသည်ဖြစ်စေ၊ တရားဟောနေသည်ဖြစ်စေ ၎င်းတို့ လုပ်သမျှတိုင်းတွင်၊ ၎င်းတို့ လိုက်စားသည့်အရာနှင့် ၎င်းတို့၏ အတွင်းစိတ်ကူးများနှင့် စိတ်ဆန္ဒများတွင်၊ ဘုရားသခင်ကို တောင်းဆိုမှုများ ပြုကြပြီး သူ့ထံမှ တစ်စုံတစ်ခုရဖို့ မျှော်လင့်ရင်း ဘုရားသခင်ထံမှ အမှုအရာများကို တောင်းဆိုကြလေသည်။ ဤအရာသည် လူသား၏ သဘောသဘာဝနှင့် သက်ဆိုင်လေသည်။

၂ လူများသည် ဘုရားသခင်အပေါ် အလွန်များသော တောင်းဆိုချက်များ ပြုလုပ်ကြပြီး သူနှင့် ဆက်နွှယ်သည့် လွန်ကဲသော စိတ်ဆန္ဒများ အလွန်များစွာရှိခြင်းက ၎င်းတို့အတွင်းတွင် လူသားမျိုးနွယ် ပိုင်ဆိုင်သင့်သည့် အသိ မရှိသည်ကို သက်သေပြလေသည်။ ၎င်းတို့သည် ဤတောင်းဆိုချက်များနှင့် အဆိုပြုချက်များကို မိမိတို့၏ ကိုယ်ပိုင်အလို့ငှာ ပြုလုပ်ကြခြင်းဖြစ်သည်၊ သို့မဟုတ်ပါက ထိုသူတို့သည် ၎င်းတို့ကိုယ်တိုင်အတွက် ရှင်းချက်ထုတ်၍ အကြောင်းပြချက်များရှာရန် ကြိုးပမ်းကြသည်။ အမှုအရာများစွာတို့တွင် ၎င်းတို့ လုပ်သမျှတိုင်းက အဓိပ္ပာယ်လုံးဝ ကင်းမဲ့သည်ကို မြင်နိုင်သည်၊ ယင်းမှာ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဟူသည့် စာတန်ဆန်သော အတွေးအခေါ်၏ ပြည့်ဝသည့် သက်သေ ဖြစ်သည်။ ဘုရားသခင်အပေါ် လူတို့၏ လွန်ကဲသော တောင်းဆိုချက်များက မည်သည့်ပြဿနာကို သက်သေပြသနည်း။ ထိုအရာက စာတန်အားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာကို သက်သေပြသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင်၊ လူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝ သဘောမထားကြချေ။ အပြင်ပန်းတွင်၊ ဘုရားသခင်နောက် သင်လိုက်သော်လည်း၊ သူ့အပေါ် သင်၏ သဘောထား၊ ကိစ္စရပ်များစွာနှင့် သင်၏ အမြင်များစွာတို့တွင်၊ သင်သည် သူ့ကို ဖန်ဆင်းရှင်အဖြစ် လုံးဝ သဘောမထားပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၃၁ ဘုရားသခင်အပေါ် လူသားက အလွန်များသော တောင်းဆိုချက်များ ပြုသည်

နောက်တစ်ခုသို့- ၇၃၃ လူသားတို့ ဆင်ခြင်တုံတရား အလွန်ကင်းမဲ့နေကြသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။