သမ္မာတရားကို ရရှိသည်အထိ ကျွန်ုပ် နားမည်မဟုတ်
သံပြိုင်အပိုဒ်
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို ကျွန်ုပ် အခိုင်အမာဆိုသည်။ ဘုရားသခင်ကို ကျွန်ုပ် သိကျွမ်းသည်အထိ ကျွန်ုပ် အနားယူမည်မဟုတ်ပေ။
ကျွန်ုပ် ခံသင့်သည့် ဆင်းရဲဒုက္ခကို ကျွန်ုပ် မခံနိုင်လျှင်၊ ကျွန်ုပ်သည် လူသားဟု ဘယ်သောအခါမျှ အခေါ်မခံထိုက်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်မပေးဆပ်နိုင်လျှင် သူ့ကို တွေ့မြင်ဖို့ ကျွန်ုပ် အလွန်ရှက်ရွံ့မိမည်။
၁
လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ပေ။ သူသည် နောက်ဆုံးသော ကာလထဲက လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပေ။
နောက်ဆုံးသောကာလတွင် ကျွန်ုပ်၏ မွေးဖွားခြင်းကို ကမ္ဘာဦးမှစ၍ သူ ကြိုတင်ပြဌန်းခဲ့ပေ။ ကျွန်ုပ်ကို သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းမှတဆင့်၊ ဘုရားသခင်၏ သူ၏ အသက်ကို ကျွန်ုပ်အပေါ် နှင်းအပ်လေပြီ။
လူသားမျိုးနွယ်၏ အပြစ်ရှိသော သဘာဝကို ဘုရားသခင် တရားစီရင်ပြီ။ လူသားမျိုးနွယ်၏ အကျည်းတန်ပြီး ဆိုးညစ်သော စာတန်၏ မျက်နှာထားကို ကိုယ်တော် ဖွင့်ချလေပြီ။
ကျွန်ုပ် ပုန်းကွယ်စရာ နေရာမရှိဘဲ အသရေပျက်ရသည်၊ ကျွန်ုပ် လုံးဝ ရှက်မိပါသည်။ ကျွန်ုပ်သည် မြေမှုန်လက်တစ်ဆုပ်သာ ဖြစ်သည်ကို ကျွန်ုပ် သိပါသည်။
ကြွားဝါရန် ကျွန်ုပ်တွင် ဘာမျှမကျန်ရှိပေ။ မြေပေါ် မိမိကိုယ်ကိုယ် ကျွန်ုပ် ပျပ်ဝပ်သည်၊ ကျွန်ုပ်၏ စိတ်နှလုံးက သိမ်းပိုက်ခြင်းခံရပေ။
၂
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းက ကျွန်ုပ်၏ မနာခံမှုကို ဖော်ထုတ်ပြီး၊ ကျွန်ုပ်၏ ကိုယ်ပိုင် ခက်ထန်မှုနှင့် ဆိုးယုတ်မှုတို့ကို သာ၍ပင် ကျွန်ုပ် စက်ဆုပ်မိ။
ဘုရားသခင်၏ အသက်သည်ပင်လျှင် သမ္မာတရားဖြစ်ပေ။ ကျွန်ုပ်၏ စိတ်နှလုံးက သမ္မာတရားကို ဆာငတ်သည်၊ တိုးတက်မှုလုပ်ဆောင်ရန် ကျွန်ုပ် ကြိုးပမ်းပါမည်။
ဘုရားသခင်ကို သိရှိခြင်းက အသက်ကို ရှာဖွေလိုက်စားရန် ကျွန်ုပ်ကို စေ့ဆော်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ခြင်းက အမှန်တကယ် ကြီးမြတ်သော ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်ပေ။
ဘုရားသခင်၏ အမှုတော်မှတဆင့် ကျွန်ုပ် မိမိကိုယ်ကိုယ် သိနားလည်ပြီ။ ကျွန်ုပ်၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးခြင်း၊ ကိုယ်တော့်ကို အစေခံရန် ကျွန်ုပ် မထိုက်တန်ကြောင်းကို ကျွန်ုပ် မြင်လေပြီ။
နာခံဖို့၊ စွန့်လွှတ်ဖို့နှင့် တိတ်တဆိတ် ဘုရားသခင်ကို ချစ်ဖို့ ကျွန်ုပ် စိတ်အားထက်သန်သည်။ ကိုယ်တော့်အတွက် ကျွန်ုပ် သက်သေခံနိုင်သည်ကို ကျွန်ုပ် စိတ်ကျေနပ်မိသည်။