သမ္မာတရားကို လိုက်စားခြင်းသည် အလွန်အဓိပ္ပါယ်ရှိလှ
၁
လူတို့သည် စာတန်အားဖြင့် အလွန်အကြီးအကျယ် ဖောက်ပြန်ပျက်စီးကြပေပြီ၊ လူသားဆန်ခြင်း တစ်ခုတစ်လေမျှ သူတို့ မရှိ။
မာနထောင်လွှားမှု၊ လှည့်စားမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ ယုတ်ညံ့မှု - ဤအရာအားလုံးသည် စာတန်၏ စရိုက်များ ဖြစ်ကြပေ။
လူတို့သည် စာတန်၏ သဘာဝရှိကြသည်နှင့်အညီ၊ ဘုရားသခင်၏ တရားစီရင်ခြင်းကို သူတို့ လက်ခံရမည်။
သမ္မာတရားနှင့် အသက်ကို သူတို့ ရရှိသည့်အခါတွင်သာ၊ သူတို့၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခု ရှိနိုင်သည်။
ဘုရားသခင်ကို ယုံကြည်မှုနှင့် ဘုရားသခင်၏ အမှုတော်ကို နာခံခြင်းတို့သည် ကောင်းကင်ဘုံ၏ ဥပဒေသနှင့် မြေကြီး၏ အခြေခံသဘောတရားတို့ ဖြစ်ပေ။
သမ္မာတရားကို ချစ်ခြင်းသည် အသက်ထဲသို့ ဝင်ရောက်ခြင်းအတွက် အဓိက သော့ချက်ဖြစ်သည်။
စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းသည် သမ္မာတရားကို နားလည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှတဆင့်သာ ဖြစ်ပေ။
ဘုရားသခင်ကို လူတို့ ယုံကြည်ကြသောအခါ၊ ဘုရားသခင်ကို ချစ်ပြီး နာခံနိုင်စွမ်းမှာ ပဓာနဖြစ်ပေ။
၂
ခရစ်တော်အားဖြင့် ဖော်ပြသည့် နှုတ်ကပတ်တော်များအားလုံး သမ္မာတရားနှင် အသက်ဖြစ်ပေ။
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်ပေ။
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းက မိမိကိုယ်ကိုယ် သိရှိရန် ကျွန်ုပ်ကို အခွင့်ပေးသည်။
တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့က ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေသည်။
ကောင်းသောသူကို ဘုရားသခင် ဆုချီးမြှင့်ပြီး ဆိုးညစ်သူကို အပြစ်ပေးခြင်းက သူသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်ကို ပြပေ။
သမ္မာတရား၏ စစ်မှန်မှု ကင်းမဲ့ဖို့ရန်မှာ ကပ်ဘေးဆီ သားကောင်ဖြစ်သွားခြင်း ဖြစ်သည်။
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်မခံဖို့မှာ အဘယ်မျှ မိုက်မဲပြီး မျက်စိကန်းလိုက်ပါသနည်း။
အပြစ်ပေးခံရကာ သေလုမျောပါးဖြစ်ချိန်၊ ဤအရာကို နားလည်ခြင်းသည် အလွန်နောက်ကျပေ။
၃
နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် ထာဝရအသက်လမ်းကို ယူဆောင်လေသည်။
သမ္မာတရား၏ တန်ဖိုးနှင့် အရေးပါမှုတို့မှာ အားလုံးအဖို့ ဉာဏ်မမီနိုင်သောအရာ ဖြစ်ပေ။
ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခြင်းမရှိဘဲ အသက်ကို မရရှိနိုင်ပေ။
အဓိပ္ပါယ်ရှိသော ဖြစ်တည်မှုက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားနှင့် အသက်ကို ရှာဖွေလိုက်စားခြင်းမှ လာပေ။
စစ်မှန်သော လူသားဘဝမှာ သမ္မာတရားကို ရရှိခြင်းမှတဆင့်သာ ဖြစ်ပေ။
လူတို့၏ အဆုံးသတ်များကို သူတို့ သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိ ဆိုသည့်အပေါ် အခြေခံ၍ ဘုရားသခင် ပိုင်းဖြတ်သည်။
ဘုရားသခင်၏ လုပ်ရပ်များသည် လုံးဝ ဖြောင့်မတ်ကာ၊ လူ့အားဖြင့် သံသယမရှိသင့်ပေ။
စာတန်နှင့်ဆိုင်သောအရာအားလုံးကို ကြီးမားသော ကပ်ဘေးက ဖျက်ဆီးလိမ့်မည်။
သမ္မာတရားကို ရရှိပြီးသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် ထာဝရ ဆက်လက် ရှိကြလိမ့်မည်။