၂၄၄ လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း အလွန် စစ်မှန်ပေ

၁ ခရစ်တော်၏ နှုတ်ကပတ်တော်များက တရားစီရင်ခြင်းကို တွေ့ကြုံပြီးနောက်၊ ကျွန်ုပ်၏ စိတ်နှလုံး နောက်ဆုံးတွင် နိုးထလေသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း မည်မျှ နက်နဲသည်- ကျွန်ုပ် စာတန်၏ မျိုးဆက်တစ်ဦး ဖြစ်သည်ကို ကျွန်ုပ် မြင်ရသည်။ ကျွန်ုပ်သည် ဘုရင်တစ်ပါး၏ တန်ခိုးအာဏာကို ကိုင်စွဲဖို့ အစဉ် ဆန္ဒရှိလျက်၊ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့ကို စွဲစွဲမြဲမြဲ လိုက်စားသည်။ ကျွန်ုပ်သည် မိမိကိုယ်တိုင်၏ အယူအဆများနှင့် စိတ်ကူးများအားဖြင့် ရှင်သန်သော်လည်း၊ မိမိ၏ အလုပ်ကြိုးစားမှုနှင့် ဒုက္ခများအတွက် အပြန်အလှန်အားဖြင့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို လက်ခံရရှိဖို့ အစဉ် မျှော်လင့်လျက်၊ မိမိကိုယ်ကိုယ် သမ္မာတရား ပိုင်ဆိုင်သည်ဟု ယုံကြည်ဆဲဖြစ်သည်။ ကျွန်ုပ်၏ လုပ်ရပ်များနှင့် အတွေးများကို ကျွန်ုပ် သုံးသပ် ဆင်ခြင်ပြီး ကျွန်ုပ် မည်မျှ မာနထောင်လွှားကာ၊ မသိနားမလည်သည်ကို တွေ့မြင်ရ။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် သိနိုင်စွမ်း ရှိမည်မဟုတ်။ ကျွန်ုပ် အမှန်တကယ် နောင်တရပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့် ဖြစ်သည်။

၂ ဘုရားသခင်၏နှုတ်ကပတ်တော်များက ပြင်းထန်သည်၊ ယင်းတို့က ကျွန်ုပ်၏ စိတ်နှလုံးကို ထိုးဖောက်ပြီး၊ ကျွန်ုပ်ဝိညာဉ်၏ နက်ရှိုင်းရာကို ထွင်းဖောက်သည်။ နာကျင်မှုကို ကျွန်ုပ်ခံစားရသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ကို ကျွန်ုပ်၏ စိတ်နှလုံးတွင် ကျွန်ုပ် နားလည်။ ဘုရားသခင်သည် အလွန်မြင့်မားပြီး မြင့်မြတ်သော်လည်း သူသည် နှိမ့်ချကာ လျှိုသည်။ ကျွန်ုပ်သည် မရှောင်လွှဲနိုင်သော အရှက်တရားကို ခံစားရပြီး အဆုံးစွန်သော နောင်တရခြင်းဖြင့် ဘုရားသခင် ရှေ့မှောက်တွင် ဦးညွှတ်သည်။ ရိုးသားဖို့၊ သမ္မာတရားကို လက်ခံဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီး ဘုရားသခင်ကို နာခံဖို့ သင်ယူသည်။ သမ္မာတရားနှင့် တရားစီရင်ခြင်းတို့ကို ကျွန်ုပ် လက်မခံလျှင်၊ လူသားဟု ခေါ်ခံရဖို့ ကျွန်ုပ် မလျော်ကန်ပေ။ ကျွန်ုပ် ပုန်ကန်ဝံ့သေးပါက၊ ဘုရားသခင်၏ စိတ်သဘောထားကို သေချာပေါက် ပုန်ကန်ပြစ်မှား မိလိမ့်မည်။ ဘုရားသခင်ကို ကျွန်ုပ် တမင်သက်သက် ဆန့်ကျင်ပါက၊ ကျွန်ုပ်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သည့် အကျင့်ပျက်သူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်လိမ့်မည် ဖြစ်သည်။

၃ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို တွေ့ကြုံပြီးနောက်၊ သမ္မာတရားများစွာ ကျွန်ုပ် နားလည်ပြီ။ လောက၏ အမှောင်နှင့် ဆိုးညစ်မှုတို့မှာ စာတန်က တန်ခိုးအာဏာ ကိုင်စွဲထားသောကြောင့် ဖြစ်သည်ကို ကျွန်ုပ်မြင်ရ။ ဆိုးယုတ်သော စိတ်သဘောထားက လူတို့ကို ဆိုးညစ်မှု ကျူးလွန်ခြင်း၊ အပြစ်ပြုခြင်းနှင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဆီသို့ လမ်းညွှန် ပေးသည်။ လူသားမျိုးနွယ်က ဆိုးယုတ်သော စိတ်သဘောထားနှင့် ပြည့်ကာ၊ အဆုံးသတ်တွင် သုတ်သင်ဖယ်ရှင်းခြင်း ခံရလိမ့်မည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကသာ လူသားမျိုးနွယ်ကို သန့်စင်ကာ ကယ်တင်နိုင်ပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းကို ကျွန်ုပ် လက်ခံနိုင်သည်မှာ ကိုယ်တော်၏ ကျေးဇူးတော်နှင့် မြင့်တင်မှုကြောင့် ဖြစ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကာ ပျော်မွေ့ဖို့မှာ ကျွန်ုပ်ဘဝ၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာပေ။ ဘုရားသခင်က အလွန်ချစ်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် မြင်ရပြီး ဘုရားသခင်ကို ကျွန်ုပ် ထာဝရ ချီးမွမ်းကာ ကိုယ်တော်ကို ကျေးဇူးတင်ရှိမည်။

အရှေ့သို့- ၂၄၃ အသင်းတော် ဓမ္မတေးသီချင်း

နောက်တစ်ခုသို့- ၂၄၅ ဘုရားသခင်အား ချစ်ရန်အတွက်သာ ကျွန်ုပ် တောင်းဆိုပါသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။