၂၄၃ အခြားမည်သည့်အရာကိုမျှ ကျွန်ုပ် နှလုံးသား မလိုပေ
၁ ဘုရားသခင်သည် လူသားအပေါ် အသက်ကို နှင်းအပ်ရင်း လူ့ဇာတိခံကာ သမ္မာတရားကို ဖော်ပြခဲ့ပေ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အရှက်ရခြင်းအားလုံးနှင့် ဆင်းရဲဒုက္ခတို့ကို သူ သည်းခံလေပြီ၊ ကိုယ်တော်သည် ဤခေတ်၏ ငြင်းပယ်မှုကို ခံရပေ။ ဘုရား၏ မေတ္တာမှာ အလွန် ကြီးမြတ်ကာ အလွန်စစ်မှန်လှ၊ ကျွန်ုပ်၏ နှလုံးသားထဲ ခိုင်မာစွာ အမြစ်တွယ်။ စိတ်နှလုံးနှင့် ဝိညာဉ်တို့ဖြင့်၊ ကျွန်ုပ်သည် အဘယ်သို့ ကိုယ်တော်ကို ထိခိုက်စေရင်း တစ်ဖန် အပျက်သဘောဆောင်ကာ ပုန်ကန်နိုင်မည်နည်း။ ကျွန်ုပ် မရင့်ကျက်ခဲ့၊ မိုက်မဲကာ မသိနားမလည်ခဲ့ပေ၊ ဘုရားသခင်၏ အလိုတော်ကို ဘယ်သောအခါမျှ ကျွန်ုပ် နှလုံးမသွင်းခဲ့။ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ဖြည့်ဆည်းသော်လည်း၊ သမ္မာတရားမရှိဘဲ ဘုရားသခင်ကို နည်းနည်းမျှ ကျွန်ုပ် သက်သေမခံနိုင်ခဲ့။ ယခု လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အင်မတန်ကြီးမားသော အဖိုးအခ ဘုရားသခင် ပေးသည်ကို ကျွန်ုပ် မြင်ရပြီ။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သမ္မာတရားကို လိုက်စားခြင်းနှင့် ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းခြင်းတွင် ကျွန်ုပ်၏ အစွမ်းသတ္တိရှိသမျှ အားလုံးပေးဖို့ ကျွန်ုပ် ဆန္ဒရှိပေ။
၂ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဘုရားသခင်၏ ကောင်းကြီးများဖြစ်ပေ၊ ယင်းတို့က ကျွန်ုပ်ကို များစွာ ရရှိစေသည်။ ကြိမ်ဖန်များစွာ ကျွန်ုပ် အားနည်းကာ အပျက်သဘောဆောင်ခဲ့၊ ကျွန်ုပ်ကို လမ်းပြကာ နှစ်သိမ့်ခဲ့သည်မှာ ဘုရား၏ နှုတ်ကပတ်တော်များဖြစ်ခဲ့ပေ။ ကြိမ်ဖန်များစွာ ကျွန်ုပ် ခလုတ်တိုက်ကာ လဲကျခဲ့၊ ကျွန်ုပ်ကို ပြန်ထဖို့ ကူညီခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ခဲ့ပေ။ စစ်ဆေးခြင်း နှစ်များတစ်လျှောက် ကျွန်ုပ်ကို ပေးခဲ့သည့် ဘုရားသခင်၏ ချစ်ခြင်းအားလုံး ကြီးမြတ်ကာ မေ့ပျောက်မရနိုင်ပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံရင်း၊ ကျွန်ုပ် ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်ုပ်သိလာပြီ။ ကျွန်ုပ် ဆင်းရဲဒုက္ခများအလယ် ကျိုးနွံနာခံ တတ်လာပြီ၊ ကျွန်ုပ်၏ စိတ်သဘောထား ပြောင်းလဲပြီ။ ကျွန်ုပ်အတွက် ဘုရားသခင် တည်ခင်းသော ဂုဏ်ပြုထမင်းစားပွဲ မည်မျှကောင်းသည်ကို ကျွန်ုပ် မြည်းစမ်းရပြီ။ ယနေ့ လူသားပုံသဏ္ဍာန်အနည်းငယ် အသက်ရှင်နေထိုင်နိုင်ခြင်းက ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် လုံးဝ ဖြစ်ပေ။
၃ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်ကို သန့်စင်စေပြီ၊ ကိုယ်တော်၏ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်သည်။ ဘုရားသခင်ကို သိကျွမ်းဖို့ ကျွန်ုပ် အလွန်ကံကောင်းလှ၊ ဤဘဝတွင် အကြီးမြတ်ဆုံး ကောင်းချီးမင်္ဂလာ အမှန်ဖြစ်ပေ။ တောက်ပသော ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ် တစ်ဆင့်ချင်းဆီ ကိုယ်တော် ကျွန်ုပ်ကို လမ်းပြပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရရှိဖို့ အခွင့်အလမ်းရှိခြင်းက အဖိုးတန်ဆုံး အရာဖြစ်ပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့က ချီးမွမ်းဖို့ ထိုက်တန်ပေ။ ၎င်းတို့ကို ကျွန်ုပ် ချစ်မဝနိုင်ပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းကို ပိုလက်ခံရရှိဖို့ ကျွန်ုပ် ဆန္ဒရှိပေ။ ကိုယ်တော်ကို ကျွန်ုပ် ကျန်သည့်ဘဝတစ်ခုလုံး အစေခံရင်း ထိုတရားစီရင်ခြင်း ကျွန်ုပ်နှင့်အတူ ရှိပါစေ။ ကယ်တင်ခြင်း ရရှိဖို့နှင့် လူသားသဘာဝရှိသော သူတစ်ဦးဖြစ်လာဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို အခွင့်ပေးပေ။ စစ်မှန်သော လူသားအသက်တာကို ကျွန်ုပ် အသက်ရှင်နေထိုင်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ကျွန်ုပ် အစဉ်အမြဲ ကျေးဇူးတင်မည်။