၂၇၅ ကြင်နာသော သတိပေး သီချင်း

၁ ခရစ်တော် အောင်မြင်သည်၊ ခရစ်တော် အောင်မြင်သည်။ ဘုရားသခင်နောက် လိုက်ကာ သမ္မာတရားကို ရရှိခြင်းဖြင့်၊ အသက်တာ လမ်းကြောင်းကို သင် လျှောက်သည်။ ဓမ္မပညာကို ရှာဖွေကာ အယူအဆကို ဟောပြောခြင်းဖြင့်၊ အခြားသူများနှင့် မိမိကိုယ်ကိုယ်ကို သင် ထိခိုက်စေသည်။ အယူဝါဒကို ဟောပြောကာ စည်းမျဉ်းများကို ဖက်တွယ်ခြင်းက သင့်ထံတွင် စစ်မှန်မှုမရှိကြောင်းကို ပြသည်။ ဆောင်ပုဒ်များကို အော်ဟစ်ကာ လက်တွေ့မလုပ်ဆောင်ခြင်းဖြင့်၊ ဘုရားသခင်ကို သိသာထင်ရှားစွာ သင် လိမ်လည်နေခြင်းဖြစ်သည်။ အဆင့်အတန်းအတွက် ဖက်ပြိုင်ကာ၊ ထင်ရှားကျော်ကြားမှုကို ရှာဖွေခြင်းက မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူ ခြင်း ဖြစ်သည်။ သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများနောက် လိုက်ကာ သမ္မာတရားကို ချိုးဖောက်ခြင်းဖြင့်၊ ဘုရားသခင်ကို သင် အာခံသည်။ သခင့် စိတ်နှလုံးထဲတွင် အယူအဆများကို သိုထားကာ ဘုရားသခင်ကို အာခံခြင်းဖြင့်၊ သင်သည် မိမိကိုယ်ကိုယ် ကိုယ်တော့်ကို ဆန့်ကျင်စေသည်။ ထိုးထွင်းသိမြင်မှု မရှိခြင်းနှင့် လူတိုင်းကို အရေးစိုက်ခြင်းက သင့်ကို အင်မတန် မိုက်မဲသူတစ်ဦး ဖြစ်စေသည်။ လူကို ကိုးကွယ်ခြင်းနှင့် လူနောက်လိုက်ခြင်းက သင့်ကို မယုံကြည်သူ ဖြစ်စေသည်။ သင်၏ ဆုကျေးဇူးများအပေါ် မှီခိုပြီး မိမိကိုယ်ကိုယ်အပေါ် အားထားခြင်းအားဖြင့် ဘာမျှ သင် မရရှိနိုင်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကသာ သင့်ကို အမြော်အမြင်ရှိစေသည်။ သင်၏တာဝန်ကို ကိုယ်ကျင့်တရားနှင့် ဆောင်ရွက်ခြင်းအားဖြင့်၊ ဘုရားသခင်၏ ချီးမွမ်းမှုကို သင် ရရှိသည်။ အို၊ ခရစ်တော်သည် သမ္မာတရား ထာဝရဖြစ်ပေ။ အို၊ ခရစ်တော်သည် သမ္မာတရား ထာဝရဖြစ်ပေ။

၂ ခရစ်တော် အောင်မြင်သည်၊ ခရစ်တော် အောင်မြင်သည်။ ရိုးသားသော လူတို့သည် သူတို့၏ တာဝန်များတွင် မပေါ့ဆကြပေ။ လှည့်ဖြားတတ်သော လူတို့သည် အားထုတ်မှုအချို့ လုပ်ကောင်းလုပ်နိုင်သော်လည်း၊ သစ္စာမရှိကြပေ။ ကောင်းမြတ်သော စိတ်နှလုံးနှင့် ကောင်းမြတ်သော လုပ်ရပ်များကို ဆောင်ရွက်ခြင်းဖြင့်၊ ဘုရားသခင် သင့်ကို ဧကန်မုချ ကယ်တင်မည်။ မလိုမုန်းထားသော စိတ်နှလုံးနှင့် ဆိုးသော လူ့သဘာဝဖြင့်၊ ဘုရားသခင်သည် ဧကန်မုချ သင့်ကို ဖော်ထုတ်မည်။ ကျေးဇူးတော်ကို ရှာဖွေခြင်းနှင့် တရားစီရင်ခံရဖို့ ငြင်းပယ်ခြင်းဖြင့်၊ ဘုရားသခင်ကို သင် အမှန်တကယ် သစ္စာဖောက်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းဖြင့်၊ သင့်ကို ဘုရားသခင် ဧကန်မုချ ကောင်းချီးပေးလိမ့်မည်။ ပဋိပက္ခ ဖန်တီးခြင်းနှင့် လူတို့ကို လှည့်ဖြားခြင်းသည် စာတန်၏ လုပ်ရပ်များ ဖြစ်ကြသည်။ သင့်ကိုယ်သင် တည်ဆောက်ကာ အခြားသူများကို သင့်အား ကျိုးနွံနာခံစေခြင်းက အလွန်အမင်း မာနထောင်လွှားပေသည်။ အခြားသူများကို အမိဖမ်းကာ သင်၏ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ခြင်းက သင့်ကို ဆိုးယုတ်သော နတ်ဆိုးနှင့် အန္တိခရစ် ဖြစ်စေသည်။ ဘုရားသခင်နောက်လိုက်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ခြင်းက သင့်ကို အမှန်တကယ် ပညာရှိစေသည်။ ဘုရားသခင်ကို သက်သေခံခြင်းနှင့် ချီးမြှောက်ခြင်းက အမှန်တကယ် အစေခံခြင်း ဖြစ်ပေ။ ဘုရားသခင်ကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ပေတရု၏ အောင်မြင်ခြင်း လမ်းကြောင်း ဖြစ်သည်။ အို၊ ခရစ်တော်သည် သမ္မာတရား ထာဝရဖြစ်ပေ။ အို၊ ခရစ်တော်သည် သမ္မာတရား ထာဝရဖြစ်ပေ။

အရှေ့သို့- ၂၇၄ ခရစ်တော်သည် ထာဝရ သမ္မာတရားဖြစ်သည်ကို သတိပြုပါ

နောက်တစ်ခုသို့- ၂၇၆ ဘုရားသခင်နောက်အစဉ်လိုက်လျှောက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။