၂၇၄ ခရစ်တော်သည် ထာဝရ သမ္မာတရားဖြစ်သည်ကို သတိပြုပါ

၁ အတိတ်က၊ သခင့်ကို ကျွန်ုပ် ယုံကြည်သည့်အချိန်တွင်၊ သမ္မာတရား၏ စစ်မှန်မှုကို ကျွန်ုပ် မသိနားမလည်ခဲ့။ စစ်မှန်သော ခေါင်းဆောင်များ၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကြား ကျွန်ုပ် မခွဲခြားနိုင်ခဲ့။ ကျမ်းစာ၏ သီအိုရီများကို အသေးစိတ်ရှင်းပြနိုင်သူ မည်သူမဆိုကို ကျွန်ုပ် ကြည်ညိုလေးစားခဲ့သည်၊ ကိုးကွယ်ခဲ့သည်၊ နောက်လိုက်ခဲ့သည်။ အသင်းတော်အတွက် အလုပ်လုပ်ကာ ကြီးမားစွာ ဒုက္ခခံစားသောသူ မည်သူမဆို ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ကျွန်ုပ် တွေးခဲ့သည်။ သူတို့နောက်လိုက်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်ထဲ ကျွန်ုပ်တို့ ဝင်ရောက်နိုင်သည်ဟု ကျွန်ုပ် နုံအစွာ ကျွန်ုပ် ယုံကြည်ခဲ့သည်။

၂ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းနောက်မှသာ ကျွန်ုပ်၏ အတွေးက မည်မျှ အဓိပ္ပါယ်မရှိ၊ ရယ်စရာကောင်းသည်ကို ကျွန်ုပ် နားလည်ခဲ့ရသည်။ လူတို့ကို သမ္မာတရားအားဖြင့် ကျွန်ုပ် ဘယ်သောအခါမျှ မသိမြင်ခဲ့ဘဲ အတွေးအမြင်များနှင့် စိတ်ကူးများအားဖြင့် သိမြင်ခဲ့သည်။ ခေါင်းဆောင်ပြောသည့်အရာတိုင်းကို ကျွန်ုပ် လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင်ကို ကျွန်ုပ် နာခံနေခဲ့သည်ဟု ထင်ခဲ့။ အဆင့်အတန်းနှင့် အာဏာကို ကျွန်ုပ် ကိုးကွယ်ခဲ့။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်သည် နေရာအနည်းငယ်မျှ မရှိခဲ့။ ယနေ့တွင်မှ ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်ခြင်း မည်မျှ အမှန်တကယ် လွဲမှားခဲ့သည်ကို ကျွန်ုပ် နားလည်ရသည်။

၃ ယနေ့တွင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် သမ္မာတရားနှင့် အသက် ရရှိရန် တကယ့်ကို မည်မျှခက်ခဲကြောင်း ကျွန်ုပ် နားလည်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်ကို အမှန်တကယ် ကျွန်ုပ် သိနိုင်သည်။ ဘုရားသခင်ကို လူတို့ မသိကြသောအခါ၊ သူတို့၏ ကောင်းမြတ်သော အပြုအမူများ မည်မျှများပါစေ၊ ယင်းသည် သူတော်ကောင်းယောင်ဆောင်ခြင်း ဖြစ်နေဆဲသာ။ လူတို့၏ အတွေးအမြင်များနှင့် စိတ်ကူးများ မည်မျှကောင်းပါစေ၊ ယင်းတို့သည် မှားယွင်းတတ်ပြီး သမ္မာတရားနှင့် သဟဇာတမဖြစ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်သည်၊ သူ၏ နှုတ်ကပတ်တော်များသာ လူတို့ကို သန့်စင်စေနိုင်ပြီး ကယ်တင်နိုင်သည်။

၄ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်သောအခါ၊ ခရစ်တော်သည် သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်ရမည်ဖြစ်ပြီး လူတို့နောက်သို့ လိုက်ရမည်မဟုတ်။ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ပြီး ဘုရားသခင်ကို သိသောအခါ၊ လူအမျိုးအစားအမျိုးမျိုးကို ကျွန်ုပ်တို့ သဘာဝအလျောက် ခွဲခြားနိုင်မည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်သောအခါ၊ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားများကို နာခံခြင်းကိုသာ ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး၊ လူတို့ကို သတိပြုရမည်။ သမ္မာတရားမရှိဘဲ၊ ပိုင်းခြားသိမြင်ဖို့ အရည်အသွေးမရှိဘဲနှင့်၊ ကျွန်ုပ်တို့ လှည့်ဖြားခံရဖို့နှင့် မိမိကိုယ်ကိုယ် ပျက်စီးခြင်း ဖြစ်စေဖို့ သေချာပေသည်။ ခရစ်တော်သည် ထာဝရ သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ သတိပြုမိသောအခါမှသာ၊ တကယ့်အဆုံးထိ ကျွန်ုပ်တို့ သစ္စာရှိရှိ လိုက်လျှောက်နိုင်သည်။

အရှေ့သို့- ၂၇၃ သမ္မာတရားကို ရရှိသည်အထိ ကျွန်ုပ် နားမည်မဟုတ်

နောက်တစ်ခုသို့- ၂၇၅ ကြင်နာသော သတိပေး သီချင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။