ဘုရားကို ကြောက်ရွံ့ရန်နှင့် ဒုစရိုက်ကို ရှောင်ကြဉ်ရန် လိုက်လျှောက်ရမည့်နည်းလမ်း
၁
ဘုရားကို ကြောက်ရွံ့ခြင်းဆိုတာ
အမည်မသိ ကြောက်စိတ်၊ ရှောင်ပြေးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း သို့မဟုတ် အယူသည်းခြင်း မဟုတ်။
ဘုရားကို ကြောက်ရွံ့ခြင်းဆိုတာ
မြတ်နိုးခြင်း၊ ယုံကြည်ကိုးစား၊ တန်ဖိုးထား၊ နားလည်ခြင်း၊ ဂရုစိုက်ခြင်း၊ နာခံခြင်းလို့ အဓိပ္ပာယ်ရ။
အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းမေတ္တာ၊ အကြွင်းမဲ့ ကိုးကွယ်ခြင်း၊
ပေးဆပ်ခြင်း၊ မညည်းမညူ စွန့်လွှတ်ခြင်းပါ။
ဘုရားကို သေချာစွာ မသိပါက
လူသည် ချစ်မြတ်နိုးခြင်း၊ ယုံကြည်ခြင်း၊ နားလည်ခြင်းမရှိနိုင်။
အမှန်တကယ် အလေးမထား၊ မနာခံနိုင်ဘဲ
ကြောက်ရွံ့မှု၊ စိတ်မငြိမ်မှု၊
သံသယ၊ နားလည်မှုလွဲခြင်းများ ပြည့်နှက်ကာ
ရှောင်ပြေးလို့ တိမ်းရှောင်လိုကြ
၂
ဘုရားကို သေချာစွာ မသိပါက
အထွတ်အမြတ်ထားခြင်းနှင့် ပေးဆပ်ခြင်း မရှိနိုင်၊
လူသားတို့၌ ကိုးကွယ်ခြင်းနှင့်
စစ်မှန်သော စွန့်လွှတ်ခြင်း ရှိမည်မဟုတ်၊
အယူသည်းမှုထက် မပိုသော မျက်ကန်းကိုးကွယ်မှုသာ ရှိလိမ့်မည်။
ဘုရားကို သေချာစွာ မသိပါက
လူသည် ဘုရား၏လမ်းအတိုင်းမလိုက်လျှောက်၊ ဘုရားကို မကြောက်ရွံ့ဘဲ ဒုစရိုက်ကို မရှောင်နိုင်။
လူတို့ လုပ်ဆောင်သမျှသည်
ပုန်ကန်ခြင်းနှင့် ဖီဆန်ခြင်း၊
အသရေဖျက်စွပ်စွဲခြင်းနှင့်ပြည့်၊
ဘုရားအပေါ် မှားယွင်းသော အကဲဖြတ်မှုများ၊
သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်၏ဆိုလိုရင်းနှင့် ဆန့်ကျင်သော
ဒုစရိုက်နှင့် ပြည့်နှက်ကြလိမ့်မည်။
၃
သို့သော် ဘုရားကို စစ်မှန်သော ယုံကြည်ကိုးစားမှုဖြင့်
သူ့နောက် မည်သို့ လိုက်ရမည်၊ မည်သို့ အားကိုးရမည်ကို သူတို့သိကြလိမ့်မည်။
ထိုအခါမှသာ လူသည် ဘုရားကို နားလည်သဘောပေါက်ကာ၊
သူ့ကို စတင်အလေးထားလာကြလိမ့်မည်။
ဘုရားအပေါ် စစ်မှန်သော အလေးထားမှုဖြင့်
လူသည် စစ်မှန်စွာ နာခံတတ်လာမည်။
နာခံခြင်းမှ ဘုရားအပေါ် စစ်မှန်သော အထွတ်အမြတ်ထားလာလိမ့်မည်။
ထိုစစ်မှန်သော အထွတ်အမြတ်ထားမှုမှ
ခြွင်းချက်မရှိသော ပေးဆပ်မှုရှိလာလိမ့်မည်။
၄
ဤသို့ဖြင့်သာ လူသည် ဘုရား၏သဘောသဘာဝ၊
စိတ်သဘောထားနှင့် သူဘယ်သူဆိုတာကို သိနိုင်သည်။
ထိုသူတို့ ဖန်ဆင်းရှင်ကို သိသောအခါ
စစ်မှန်သော ကိုးကွယ်မှုနှင့် စွန့်လွှတ်မှု ဖြစ်ပေါ်နိုင်သည်။
ထိုအရာများ ဖြစ်လာသည့်အချိန်မှသာ
လူသည် သူတို့၏ ဒုစရိုက်မှုများကို ဖယ်ရှားနိုင်သည်။
ဘုရားကိုကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသောဖြစ်စဉ်တစ်ခုလုံးတွင် ထိုအရာတို့ ပါဝင်သည်။
(ထိုအရာတို့သည်) ထိုဖြစ်စဉ်တစ်ခုလုံး၏
အဓိကအကြောင်းအရာလည်း ဖြစ်သည်။
(ထိုအရာတို့သည်) ဘုရားကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သူ ဖြစ်လာအောင်
လျှောက်လှမ်းရမည့် လမ်းလည်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။