၇၃၆ ဘုရားသခင်ကို ကြောက်ရွံ့မှသာ မကောင်းသောအကျင့်ကို ရှောင်နိုင်၏

၁ ဘုရားသခင်၏ စိတ်နေသဘောထားသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ဖြစ်သည်။ သူသည် လူတို့ အလိုရှိသည့်အတိုင်း ထိန်းချုပ်ခြင်းခံရမည့် ရုပ်သေးရုပ်တစ်ခု ဖြစ်ဖို့မဆိုနှင့်၊ တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရမည့် သိုးတစ်ကောင် မဟုတ်ပေ။ သူသည် သြဇာပေးခံရမည့် ဘာမျှမရှိသော လေပွေတစ်ခုလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်တည်ရှိကြောင်းကို အမှန်တကယ်ယုံကြည်ပါက၊ သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ဒေါသထွက်အောင် လုပ်ရမည့်အရာတစ်ခု မဟုတ်ကြောင်းကို သင် သိသင့်ပေသည်။

၂ ဤဒေါသကို စကားတစ်လုံးအားဖြင့်၊ သို့မဟုတ် အတွေးတစ်ခု အားဖြင့်၊ သို့မဟုတ် ဆိုးညစ်သော အပြုအမူတစ်မျိုးမျိုးအားဖြင့်ဖြစ်စေ၊ သို့မဟုတ် လူတို့၏အမြင်နှင့် လူသားတို့၏ ကိုယ်ကျင့်တရားအားဖြင့် အတန်အသင့်ဖြစ်သော သိမ်မွေ့သည့် အပြုအမူအားဖြင့်ဖြစ်စေ ဖြစ်ပွားစေနိုင်သည်။ သို့တည်းမဟုတ် ယင်းကို သြဝါဒတစ်ခု သို့မဟုတ် အယူအဆသဘောတရား တစ်ခုအားဖြင့် နှိုးဆွပေးနိုင်သည်။ သို့သော်လည်း ဘုရားသခင်ကို သင် ဒေါသ ထွက်စေပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ အခွင့်အရေးပျောက်ဆုံးပြီး သင်၏ နောက်ဆုံးနေရက်များ ရောက်ရှိလာပြီဖြစ်သည်။ ဤသည်မှာ ဆိုးဝါးသော အရာတစ်ခုပင်။

၃ အကယ်၍ ဘုရားသခင်အား ပုန်ကန်ပြစ်မှား၍ မရသည်ကို သင် နားမလည်ပါက၊ သင်သည် ဘုရားသခင်ကို မကြောက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် သူ့အား အချိန်တိုင်းလိုလို ပြစ်မှားနေခြင်း ဖြစ်နိုင်သည်။ သင်သည် ဘုရားသခင်အား မည်ကဲ့သို့ ကြောက်ရွံ့ရမည်ကို မသိပါက၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း မရှိသည့်အပြင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း လမ်းကြောင်းပေါ်သို့ မိမိကိုယ်ကိုယ် မည်သို့ထားရှိရမည်ကို သိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ပြစ်မှား၍မရကြောင်း သတိပြုမိလာပြီး အသိနိုးကြားသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်း သိလိမ့်မည်ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၃၅ ဘုရားကို ကြောက်ရွံ့ရန်နှင့် ဒုစရိုက်ကို ရှောင်ကြဉ်ရန် လိုက်လျှောက်ရမည့်နည်းလမ်း

နောက်တစ်ခုသို့- ၇၃၇ လူ၌ ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံးရှိသင့်၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။