၃၀၂ လူတို့သည် ခရစ်တော်ကို သာမန်လူအဖြစ် မှတ်ယူကြ၏ကျူး

၁ လူသားများအားလုံးသည် ယေရှု၏ မျက်နှာတော်အစစ်ကို မြင်လိုကြပြီး သူနှင့်အတူ ရှိလိုကြ၏။ ယေရှုကို မမြင်လို သို့မဟုတ် သူနှင့်အတူ မရှိလိုပါဟု မည်သည့်ညီအစ်ကိုမောင်နှမ တစ်ဦးတစ်ယောက်ကမျှ ပြောမည်မဟုတ်ပေ။ ယေရှုကို သင်တို့မမြင်ဖူးမီ၊ ဆိုလိုသည်မှာ လူဇာတိခံယူထားသော ဘုရားသခင်ကို သင်တို့မမြင်ဖူးမီ၊ သင်တို့တွင် ဥပမာအားဖြင့် ယေရှု၏ပုံပန်း၊ သူ၏စကားပြောပုံ၊ သူ၏ဘဝနေထိုင်ပုံ အစရှိသည်တို့အပေါ် ထင်မြင်ချက်မျိုးစုံ လက်သင့်ခံထားနိုင်ဖွယ် ရှိသည်။ သို့ရာတွင် သင်တို့သည် သူ့ကို အမှန်တကယ်မြင်ရသည့်အခါ သင်တို့၏ ထင်မြင်ချက်များသည် လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်။

၂ လူသား၏သဘောထားကို လျစ်လျူရှု၍ မရသည်မှာ မှန်သော်လည်း၊ ခရစ်တော်၏အနှစ်သာရကို လူသားက ပြောင်းလဲရန်မှာ ပို၍ပင် သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့သည် ခရစ်တော်ကို ထာဝရ အသက်ရှင်သောသူ သို့မဟုတ် ပညာရှိဟု မှတ်ယူသော်လည်း ခရစ်တော်အား ဘုရားသဘောသဘာဝ၏ အနှစ်သာရကို ပိုင်ဆိုင်ထားသော သာမန်လူဟု မည်သူကမျှ မှတ်ယူခြင်းမရှိ။ ထိုအတိုင်းဆိုလျှင် ဘုရားသခင်ကို မြင်တွေ့ရန် နေ့ရောညပါ တောင့်တကြသူအများအပြားသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်သူများဖြစ်ပြီး သူနှင့် သဟဇာတမဖြစ်ကြပေ။ ဤသည်မှာ လူသားဘက်က အမှားမဟုတ်ပေသလော။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံခဲ့သူ အများအပြားမှာ ကျရှုံးခဲ့ကြသည် သို့မဟုတ် ကျရှုံးကြလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်၊ ထိုသူတို့အားလုံးသည် ဖာရိရှဲတို့၏အခန်းကဏ္ဍမှ ပါဝင်ကြ၏။ သင်တို့ကျရှုံးရသည့် အကြောင်းရင်းမှာ သင်တို့၏ အယူအဆများထဲတွင် ကြီးမြတ်ထည်ဝါပြီး ကြည်ညို လေးစားထိုက်သော ဘုရားသခင်တစ်ပါး ရှိနေခြင်းကြောင့်သာလျှင် ဖြစ်သည်။

၃ သို့သော် အမှန်တရားမူကား လူသား၏အလိုအတိုင်းမဟုတ်။ ခရစ်တော်သည် ကြီးမြတ်ထည်ဝါခြင်းမရှိရုံသာမက သူသည် အထူးသဖြင့် သေးသိမ်၏။ သူသည် လူသားဖြစ်ရုံသာမက သာမန် လူသားတစ်ဦးဖြစ်၏။ သူသည် ကောင်းကင်ဘုံသို့ တက်ကြွသွားနိုင်ခြင်း မရှိရုံသာမက မြေကြီးပေါ်၌ပင် လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိ။ ထိုသို့ဖြစ်သောကြောင့် လူများက “စစ်မှန်သောခရစ်တော်” ကြွလာရန် စောင့်စားနေဆဲ အချိန်ကာလတစ်လျှောက်တွင် သူ့အား သာမန်လူတစ်ဦးကို ဆက်ဆံရသကဲ့သို့ ဆက်ဆံကြ၏၊ သူနှင့်အတူရှိစဉ် သူ့ကို ပေါ့ပေါ့တန်တန် ဆက်ဆံကြပြီး သူ့ကို ဂရုမစိုက်ဘဲ ပြောဆိုကြ၏။ သင်တို့သည် ကြွလာပြီးသော ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ သဘောထားပြီး သူ၏နှုတ်ကပတ်တော်များကို သာမန်လူတစ်ဦး၏စကားကဲ့သို့ မှတ်ယူ၏။ ဤအကြောင်းကြောင့် ခရစ်တော်ထံမှ မည်သည့်အရာကိုမျှ သင်တို့မရရှိသည့်အပြင် သင်တို့၏အကျည်းတန်မှုကို အလင်းတွင် လုံးဝမြင်သာအောင် ပြသခဲ့ပြီဖြစ်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၀၁ လူတို့သည် ဘုရား၏ မျက်နှာတော်အမှန်ကို မသိကြကျူး

နောက်တစ်ခုသို့- ၃၀၃ ခရစ်တော်အပေါ် စစ်မှန်သော ယုံကြည်ခြင်း သင်၌ရှိသလောကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။