၃၀၃ ခရစ်တော်အပေါ် စစ်မှန်သော ယုံကြည်ခြင်း သင်၌ရှိသလောကျူး

၁ သင်တို့၏စကားများနှင့် အပြုအမူတွင် သင်တို့၏ ခရစ်တော်၌ မယုံကြည်မှု အရိပ်လက္ခဏာများ ထုတ်ဖော်ပြလေသည်။ သင်တို့ လုပ်ဆောင်သည့်အရာအားလုံး၏ ကြံရွယ်ချက်များနှင့် ရည်မှန်းများသည် မယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။ သင်တို့ အကြည့်၏ ဝိသေသလက္ခဏာသည်ပင် ခရစ်တော်ကို မယုံကြည်မှု ပါဝင်နေသည်။ မိနစ်တိုင်းတွင် သင်တို့ အသီးသီးသည် မယုံကြည်မှု အရိပ်လက္ခဏာများ သိုထားကြသည်။ ဤသည်မှာ သင်တို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသည့် သွေးများသည် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်မှုဖြင့် စိမ်ထားလျက်ရှိသည့်အတွက်၊ အခိုက်အတန့်တိုင်းတွင် သင်တို့သည် ခရစ်တော်အား သစ္စာဖောက်သွားနိုင်သည့် အန္တရာယ် ရှိသည်ကို ဆိုလိုပေသည်။ ထို့ကြောင့် ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းကြောင်းကို သင်တို့ လျှောက်လှမ်းသည်နှင့်အမျှ၊ သင်တို့သည် သင်တို့၏ ခြေများကို မြေပြင်ပေါ် ခိုင်မာစွာ ချမထားကြချေ- သင်တို့သည် ဟန်ဆောင်လုပ်ပြကြခြင်းမျှ ဖြစ်သည်။

၂ သင်တို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်ကို မည်သည့်အခါမျှ အပြည့်အဝ မယုံကြည်ကြသကဲ့သို့၊ ယင်းတို့ကို ချက်ချင်း လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြချေ။ ဤသည်မှာ ခရစ်တော်၌ သင်တို့ ယုံကြည်ခြင်း မရှိကြသည့် အကြောင်းရင်း ဖြစ်သည်။ သူနှင့်ပတ်သက်၍ အယူအဆများ အမြဲရှိခြင်းသည် သူ့ကို သင်တို့ ယုံကြည်မှု မရှိခြင်း၏ နောက်ထပ် အကြောင်းရင်း ဖြစ်သည်။ ခရစ်တော်၏ အမှုနှင့်ပတ်သက်၍ အစဉ် ယုံကြည်မှုကင်းမဲ့ခြင်း၊ ခရစ်တော်၏ နှုတ်ကပတ်တော်များကို နားမထောင်ခြင်း၊ ခရစ်တော်ပြုသော မည်သည့်အမှုမဆိုနှင့်ပတ်သက်၍ အယူအဆများ ရှိခြင်းနှင့် ဤအမှုကို မှန်ကန်စွာ နားမလည်နိုင်ခြင်း၊ မည်သည့် ရှင်းပြချက်ကိုမဆို သင် ရရှိသည်ဖြစ်စေ သင်၏ အယူအဆများကို ဘေးဖယ်ထားရန် အပြင်းအထန် ကြိုးပမ်းရခြင်း စသဖြင့်- ဤအရာများသည် သင်တို့၏နှလုံးသားများထဲ၌ ရောနှောနေသော မယုံကြည်မှု၏ အရိပ်လက္ခဏာများ အားလုံး ဖြစ်သည်။

၃ သင်တို့သည် ခရစ်တော်၏ အမှုနောက်သို့လိုက်ပြီး၊ မည်သည့်အခါမျှ နောက်မကျန်ရစ်ဖူးသော်လည်း၊ သင်တို့၏နှလုံးသားများထဲ၌ ရောနှောထားသည့် ပုန်ကန်မှုများ အလွန်များလှသည်။ ဤပုန်ကန်မှုသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုထဲက အညစ်အကြေးတစ်ခု ဖြစ်သည်။ သင်တို့အနေနှင့် ဤအရာ မှန်သည်ဟု တွေးထင်ကောင်း တွေးထင်မည် မဟုတ်သော်လည်း၊ ဤအရာအတွင်းမှ သင်၏ရည်ရွယ်ချက်များကို သတိပြုနိုင်စွမ်း သင်မရှိပါက၊ ဘုရားသခင်သည် သူနှင့်သက်ဆိုင်၍ အယုံအကြည် ကင်းမဲ့သူများနှင့် အနည်းဆုံးအနေဖြင့် သူသည် ဘုရားသခင် ဖြစ်သည်ဟု မည်သည့်အခါတွင်မျှ မယုံကြည်ဖူးဘဲလျက် သူ့နောက် အင်တင်တင်ဖြင့် လိုက်သောသူအားလုံးကို မစုံလင်စေဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သူများကိုသာ စုံလင်စေသည့်အတွက်၊ သင်သည် ပျက်စီးသည့်သူများထဲတွင် ပါဝင်ဖို့ သေချာပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၀၂ လူတို့သည် ခရစ်တော်ကို သာမန်လူအဖြစ် မှတ်ယူကြ၏ကျူး

နောက်တစ်ခုသို့- ၃၀၄ လူသားတော်၏ကြွလာခြင်းသည် လူအားလုံးကို ပေါ်လွင်စေပြီကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။