ပေတရုသည် ဘုရားကို သိကျွမ်းခြင်းအား အမြဲလိုက်စားခဲ့၏ကျူး
၁ ယေရှုနောက်သို့လိုက်သည့်အခါမှသာ ပေတရုသည် ယေရှုအတွင်းလုပ်ဆောင်ခဲ့သည့် ဝိညာဉ်တော်၏ အမှုများစွာအကြောင်းကို တဖြည်းဖြည်း သိကျွမ်းလာခဲ့သည်။ ကနဦးတွင် ပေတရုက ယေရှုကို တမန်တော်တစ်ပါးကဲ့သို့ ဘုရားသခင်၏ စေလွှတ်ခြင်းခံရသောသူဟု ယုံကြည်ခဲ့ပြီး၊ ယေရှုကို ခရစ်တော်အဖြစ် သူမမြင်ခဲ့ပေ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခဲ့ရပြီး၊ သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းခဲ့ကာ၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခကို ခံစားခဲ့ဖူးသည်။ သို့သော်လည်း သူသည် ဘုရားသခင်၏အမှုကိုမသိရှိခဲ့ပေ။ တွေ့ကြုံမှုကာလတစ်ခု ကြာမြင့်ပြီးနောက်တွင် ပေတရုသည် ယေရှုထဲ၌ ဘုရားသခင်၏လုပ်ဆောင်ချက်များစွာကို မြင်တွေ့ခဲ့သည်၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို သူမြင်တွေ့ခဲ့ပြီး၊ ယေရှုအထဲ၌ ဘုရားသခင်၏ဖြစ်ခြင်းကို များစွာ သူမြင်တွေ့ခဲ့သည်။ ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို လူသားအနေဖြင့် ပြောကြားနိုင်မည်မဟုတ်ကြောင်းနှင့် ယေရှုပြုခဲ့သော၏ အမှုကို လူသားအနေဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းကိုလည်း ပေတရုတွေ့မြင်ခဲ့သည်။ ယေရှု၏နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအတွင်းတွင် ပေတရုသည် ဘုရားသခင်၏ ဉာဏ်ပညာများစွာနှင့် ဘုရားသဘောသဘာဝ၏ အမှုများစွာတို့ကို တွေ့မြင်ခဲ့သည်။
၂ သူ၏အတွေ့အကြုံများထဲတွင် ပေတရုသည် မိမိကိုယ်ကို ပြန်လည်သိရှိလာခဲ့ရုံသာမက ယေရှု၏လုပ်ဆောင်ချက်တိုင်းကို အလေးအနက် အာရုံစိုက်ခဲ့ပြီး ထိုမှတစ်ဆင့် အသစ်သောအရာများစွာကို သူရှာဖွေတွေ့ရှိခဲ့သည်။ အတိအကျပြောရသော် ယေရှုအားဖြင့် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုထဲတွင် လက်တွေ့ကျသော ဘုရားသခင်၏ ထုတ်ဖော်မှုများ များစွာရှိခဲ့ပုံ၊ ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များ၊ သူပြုခဲ့သော လုပ်ဆောင်ချက်များအပြင် အသင်းတော်များကို သူအုပ်ထိန်းခဲ့သည့် နည်းလမ်းနှင့် သူလုပ်ဆောင်ခဲ့သော အမှုတို့တွင် ယေရှုသည် သာမန်လူသားနှင့် ကွာခြားပုံ အစရှိသည်တို့ဖြစ်သည်။ ထို့ကြောင့် ယေရှုထံမှ ပေတရုသည် သူသင်ယူသင့်သော သင်ခန်းစာများစွာကိုသင်ယူခဲ့ရပြီး၊ ယေရှုကားတိုင်ပေါ်တွင် သံမှိုဖြင့်ရိုက်ခြင်းခံရခါနီးအချိန်၌ သူသည် ယေရှုနှင့်ပတ်သက်သော အသိဉာဏ်ပမာဏ အချို့ကို ရရှိခဲ့ပြီးဖြစ်သည်။ ထိုအသိဉာဏ်သည် သူ၏ယေရှုအပေါ် ရာသက်ပန်သစ္စာစောင့်သိမှုနှင့် သခင့်အတွက် ကားတိုင်ပေါ်တွင် ဇောက်ထိုးကားစင်တင် အသေခံရန်တို့အတွက် အခြေခံဖြစ်လာခဲ့သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။