သင့်တာဝန်၌ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် သော့ချက်ဖြစ်၏ကျူး
လူသည် သူ၏တာဝန်ကို ထမ်းဆောင်နေစဉ်မှာပင် တဖြည်းဖြည်းချင်း ပြောင်းလဲသွားခြင်းမှာ အမြဲဆိုသလို ဖြစ်ပြီး ဤသို့ ထမ်းဆောင်ခြင်းအားဖြင့် သူ၏သစ္စာစောင့်သိခြင်းကို ထင်ရှားစွာ ပြသခြင်းဖြစ်သည်။ ထိုသို့အားဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ထမ်းဆောင်နိုင်လေ အမှန်တရားများကို သင်ပို၍ရလေဖြစ်ပြီး သင်၏ထုတ်ဖော်ပြသမှုမှာလည်း ပို၍လက်တွေ့ကျလာမည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ စိတ်အားထက်သန်မှုမရှိဘဲ ဝတ်ကျေတမ်းကျေမျှသာ လုပ်သောသူများနှင့် သမ္မာတရားကို မရှာဖွေသောသူများသည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရမည်၊ အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူများသည် သမ္မာတရားအတိုင်း ၎င်းတို့၏တာဝန်ကို လက်တွေ့ထမ်းဆောင်ခြင်းမရှိဘဲ ၎င်းတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာတွင် သမ္မာတရားကို ကျင့်သုံးခြင်းမရှိ။ ထိုသို့သောလူများသည် မပြောင်းမလဲဘဲ ကျန်ရစ်နေမည့်သူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရမည့်သူများဖြစ်သည်။ ၎င်းတို့၏ ထုတ်ဖော်ပြသမှုများမှာ မစင်ကြယ်သည့်အပြင် ၎င်းတို့ ထုတ်ဖော်ပြသသည့် အရာမှာလည်း ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်တို့အကြား ကွဲပြားခြားနားမှု” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။