စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်
၁ စိတ်သဘောထား ပြောင်းလဲခြင်းသည် အပြင်ပန်း ကျင့်ဆောင်မှုတွင် ပြောင်းလဲခြင်းမဟုတ်သကဲ့သို့၊ ဟန်ဆောင်ထားသည့် အပြင်ပန်း ပြောင်းလဲမှုတစ်ခု သို့မဟုတ် စိတ်အားထက်သန်မှုမှ တဒင်္ဂပြောင်းလဲမှုတစ်ခုလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် အပြုအမူ၌ ပြောင်းလဲမှုများ ဖြစ်ပေါ်စေသည့် စစ်မှန်သော စိတ်သဘောထား ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ ထိုသို့သော အပြုအမူ၌ ပြောင်းလဲမှုများမှာ အပြင်ပန်း ကျင့်ဆောင်မှုများတွင် ပြောင်းလဲမှုများနှင့် မတူချေ။ စိတ်သဘောထား ပြောင်းလဲမှုဆိုသည်မှာ သမ္မာတရားကို သင်နားလည်ကာ တွေ့ကြုံပြီးဖြစ်သည်ကို ဆိုလိုသကဲ့သို့၊ သမ္မတရားက သင်၏ အသက်တာ ဖြစ်လာပြီးဖြစ်သည်ကို ဆိုလိုသည်။ အတိတ်တွင်၊ ဤကိစ္စရပ်နှင့်ဆိုင်သော သမ္မာတရားကို သင်နားလည်ခဲ့သော်လည်း၊ ယင်းနှင့်ပတ်သက်၍ အရေးတယူ မလုပ်ဆောင်နိုင်ခဲ့။ သမ္မာတရားမှာ သင့်အဖို့ မစွဲမြဲသည့် အယူဝါဒသာသာ ဖြစ်ခဲ့သည်။ ယခုတွင် သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည့်အတွက် သမ္မာတရားကို သင် နားလည်သည်သာမက၊ ယင်းနှင့်အညီလည်း သင် အရေးယူလုပ်ဆောင်လေသည်။
၂ အတိတ်က သင်နှစ်သက်ခဲ့သည့် အရာများ၊ သင် လုပ်ဆောင်ဖို့ လိုလားနေခဲ့လေ့ရှိသည့်အရာများ၊ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် သင်၏ အယူအဆများကို ယခု သင် လက်လွတ်နိုင်သည်။ အတိတ်က သင် လက်မလွတ်နိုင်ခဲ့သည့် အရာများကို ယခု သင် လက်လွှတ်နိုင်ပေသည်။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခု ဖြစ်ပြီး၊ သင်၏ စိတ်သဘောထား ပြောင်းလဲမှု ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ ရိုးရှင်းသည်ဟု ထင်ကောင်းထင်ရသော်လည်း၊ အမှန်တွင်၊ ဤဖြစ်စဉ်အလယ်တွင် ရှိသူတစ်ဦးအနေဖြင့် ဆင်းရဲဒုက္ခများစွာ ခံရမည်၊ မိမိ၏ ကိုယ်ခန္ဓာကို အောင်နိုင်ရမည်ဖြစ်ပြီး၊ မိမိသဘာဝဗီဇ၏ အစိတ်အပိုင်းဖြစ်သော ဇာတိပကတိ၏ သွင်ပြင်လက္ခဏာများကို စွန့်လွတ်ရမည်ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် စမ်းသပ်ခြင်းတို့ကိုလည်း ကြုံကိုကြုံရမည်။ ဤအရာအားလုံးကို တွေ့ကြုံပြီးသည့်နောက်မှသာ၊ လူတစ်ဦးသည် မိမိ၏ ကိုယ်ပိုင် သဘာဝဗီဇကို အတော်အတန် နားလည်နိုင်သည်။ သို့သော်လည်း ယင်းကို နားလည်မှုအချို့ရှိခြင်းမှာ လူတစ်ဦးအနေဖြင့် ချက်ချင်း ပြောင်းလဲနိုင်သည်ဟု မဆိုလိုပေ။ ဖြစ်စဉ်ထဲတွင် ဆင်းရဲဒုက္ခများကို ကြုံကိုကြုံရမည်ဖြစ်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စိတ်နေသဘောထား သဏ္ဌာန်ပြောင်းလဲခြင်းအကြောင်း သင်သိသင့်သည့်အရာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။