စိတ်သဘောထားဆိုင်ရာ အပြောင်းအလဲများ ရရှိရန် သမ္မာတရားကို ရှာဖွေလော့
၁ သမ္မာတရားကို လိုက်စားခြင်းဖြင့်သာ သင်၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများကို ရရှိနိုင်သည်- ဤသည်မှာ သင် နားလည်ရမည့် အရာတစ်ခုဖြစ်ပြီး စေ့စေ့စပ်စပ် နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သမ္မာတရားကို လုံလောက်သည့် နားလည်မှု သင်၌ မရှိလျှင်၊ သင် အလွယ်တကူ ချွတ်ချော်ပြီး ပျောက်ဆုံးလိမ့်မည်။ သင်သည် သင့်အထဲ၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး ကိုယ်တိုင်မရည်ရွယ်သော်လည်း ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ သင်၌ မောက်မာခြင်းနှင့် ထောင်လွှားခြင်းတို့ရှိခဲ့ပါက ဘုရားသခင်ကို ဖီဆန်ခြင်းမှကာကွယ်ရန် မဖြစ်နိုင်ကြောင်း ကြုံရမည်၊ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ဤသို့ပြုမည်မဟုတ်ဘဲ သင်သည် သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် ထောင်လွှားခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်တို့သည် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို ကိုးကွယ်ရန်အလို့ငှာ သမ္မာတရားများအဖြစ် ပြုကြလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။
၂ မိမိတို့၏ ဒုစရိုက်ပြုမှုကို ဖြေရှင်းရန်အလို့ငှာ မိမိတို့သဘာဝ၏ ပြဿနာကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား၌ ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာကို အခြေခံအားဖြင့် ဖြေရှင်းရန် မဖြစ်နိုင်ချေ။ သင်၌ ဘုရားသခင်အား နားလည်ခြင်းတစ်စုံတစ်ရာ ရှိသောအခါ၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းကို တွေ့မြင်ပြီး ထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့၏ စက်ဆုပ်ဖွယ်ဖြစ်ခြင်းနှင့် အကျည်းတန်ခြင်းကို သတိပြုနိုင်သောအခါတွင် သင်သည် ရွံရှာခြင်း၊ အော်ဂလီဆန်ခြင်းနှင့် စိတ်သောကရောက်ခြင်းကို ခံစားရလိမ့်မည်။ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် အမှုအရာတစ်ချို့ကို အသိစိတ်ဖြင့် ပြုလုပ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ဤသို့ပြုလုပ်ရာတွင် သက်သောင့်သက်သာ ခံစားရလိမ့်မည်။ သင်သည် ဘုရားသခင်ကို အသိစိတ်ဖြင့် သက်သေခံနိုင်လိမ့်မည်ဖြစ်ပြီး၊ ဤသို့ပြုလုပ်ရာတွင် ပျော်ရွှင်မှုကို ခံစားရလိမ့်မည်။ သင်ကိုယ်တိုင်၏ အကျည်းတန်ခြင်းကို ဖော်ထုတ်လျက် သင့်ကိုယ်သင် အသိစိတ်ဖြင့် ဇာတိရုပ်ကိုဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ဤသို့ပြုလုပ်ခြင်းအားဖြင့် သင်သည် အတွင်းစိတ်၌ အားရကျေနပ်ပြီး သင့်ကိုယ်သင် တိုးတက်သော စိတ်အခြေအနေ၌ ခံစားရလိမ့်မည်။ ထို့ကြောင့် သင့်စိတ်သဘောထား အပြောင်းအလဲကို ရှာဖွေခြင်း၏ ပထမအဆင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ဖို့နှင့် သမ္မာတရားထဲသို့ ဝင်ရောက်ဖို့ ကြိုးပမ်းရန်ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာလျှင် ထိုးထွင်းသိမြင်မှုကို သင်ရရှိနိုင်မည်၊ ထိုးထွင်းသိမြင်မှုအားဖြင့်သာလျှင် အမှုအရာများကို သင် လုံးလုံးလျားလျား နားလည်နိုင်မည်၊ အမှုအရာများကို လုံးလုံးလျားလျား နားလည်ခြင်းအားဖြင့်သာလျှင် ဇာတိပကတိကို သင် စွန့်လွှတ်နိုင်ပြီး၊ ဘုရားသခင်အား သင်၏ယုံကြည်မှုနှင့် ပတ်သက်၍ လမ်းကြောင်းမှန်အပေါ် တစ်ဆင့်ချင်း ရောက်ရှိနိုင်မည်ဖြစ်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။