ဘုရား၏အမှုကို နာခံခြင်းအားဖြင့်သာ သင့်စိတ်သဘောထား ပြောင်းလဲနိုင်၏ကျူး
၁ သန့်ရှင်းသောဝိညာဉ်တော် မျက်မှောက်ပြောကြားသည့် အရာများကို သင်၏လက်တွေ့လုပ်ဆောင်နေသည့် အတွေ့ အကြုံများ၌ လိုက်လျှောက်နိုင်လျှင် သင်၏စိတ်သဘောထားကို ပြောင်းလဲရန်အမှုကို စွမ်းဆောင်နိုင်မည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့်အရာဟူသမျှကို ရှာဖွေကာ လိုက်လျှောက်နိုင်လျှင်၊ သင်သည် သူ့ကို နာခံသောသူဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် သင်၏သဘောထားများကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ လူသား၏စိတ်သဘောထားသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်နှုတ်ကပတ်တော်များဖြင့် ပြောင်းလဲသည်။ အကယ်၍ သင်သည် အတိတ်မှအတွေ့အကြုံအဟောင်းများနှင့် စည်းမျဉ်းများကို အစဉ် ထိန်းသိမ်းထားပါက သင်၏စိတ် သဘောထားသည် ပြောင်းလဲလိမ့်မည်မဟုတ်။ သို့သော် ဤအရာသည် ပြောင်းလဲခြင်း၏ ကဏ္ဍတစ်ခုမျှသာ ဖြစ်ကာ ယခု အရေးအကြီးဆုံးအပိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်ပြောသည့် အရာတိုင်းကို လိုက်လျှောက်ရမည်။ သင်သည် သူပြောသည့်အရာတိုင်းကို နာခံရမည်။ လူတို့သည် မိမိတို့၏ စိတ်သဘောထားများကို မိမိတို့ဘာသာမိမိတို့ မပြောင်းလဲနိုင်ကြပေ။ ဘုရားသခင် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်နှုတ်ကပတ်တော်၏ ကိုင်တွယ်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကိုလည်း ခံရမည်ဖြစ်သည်။ ထို့နောက်မှသာ ထိုသူတို့သည် ဘုရားသခင်ကို လှည့်ဖြားရန် မကြိုးစား၊ ပေါ့ပေါ့ဆဆ ဝတ်ကျေတမ်းကျေ သဘောထားမည် မဟုတ်ဘဲ နာခံမှုရှိကာ ကိုးကွယ်ဆည်းကပ်မည် ဖြစ်သည်။
၂ လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ စစ်ဆေးမှုအားဖြင့်သာ စိတ်သဘောထားပြောင်းလဲမှုများ ဖြစ်ပေါ်သည်။ နှုတ်ကပတ်တော်၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ကိုင်တွယ်ခြင်းများကို ကြုံဖူးသည့်သူများသာ မဆင်မခြင်လုပ်ဆောင်ခြင်း မရှိတော့ဘဲ တည်ငြိမ်ကာ ဣန္ဒြေရလာကြမည်။ အရေးကြီးဆုံးအချက်မှာ ထိုသူတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို ကျိုးနွံနာခံလာနိုင်ကြပြီး နာခံကြခြင်းဖြစ်ကာ ထိုအရာသည် လူသားများ၏ သဘောထားများနှင့် ကွဲလွဲနေသော်မှ ၎င်းတို့သည် ဤသဘောထားများကို ဘေးဖယ်ထားနိုင်စွမ်းနှင့် မိမိဆန္ဒအလျောက် ကျိုးနွံနာခံနိုင်စွမ်းရှိကြသည်။ ယခင်အချိန်များတွင် စိတ်သဘောထား၏ ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင်၊ မိမိကိုယ် မိမိစွန့်ပယ်ခြင်း၊ ဇာတိပကတိကို ဒုက္ခခံစေခြင်း၊ မိမိတို့ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်း၊ ဇာတိပကတိ၏လိုလားမှုများကို ပထုတ်ခြင်းများကို အဓိကထားသည်ကို တွေ့ရသည်။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်းကို အမှန်တကယ်ဖေါ်ပြသည့်အရာမှာ ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များကို နာခံခြင်းနှင့် သူ၏အလုပ်အသစ်များကို အမှန်တကယ် နားလည်သဘောပေါက်နိုင်ခြင်းဖြစ်ကြောင်း လူတို့ ယခုသိကြပြီဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် သူတို့၏ကိုယ်ပိုင်အယူအဆများက လွှမ်းမိုးထားခဲ့သည့် သူတို့၏ ယခင်ကဘုရားသခင်အားနားလည်ခြင်းကို ပစ်ပယ်လိုက်နိုင်မည်ဖြစ်ပြီး သူ့အပေါ် စစ်မှန်သောနားလည်ခြင်းနှင့် နာခံခြင်းကို ရယူနိုင်မည် ဖြစ်သည်။ ဤအရာသည်သာ စိတ်သဘောထားပြောင်းလဲခြင်းကို အမှန်တကယ်ဖော်ပြသောအရာဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စိတ်သဘောထားပြောင်းလဲသွားသောသူများသည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခဲ့ပြီးသောသူများဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။