သမ္မာတရားကို လိုက်စားခြင်းကသာ အသက်ကို ဆောင်ကျဉ်းနိုင်
ပြန်ဆိုအပိုဒ်
သမ္မာတရားနှင့် အသက်ကို ရရှိဖို့နှင့် စိတ်သဘောထားများ ပြောင်းလဲဖို့၊
တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ်တို့ လက်ခံရမည်။
ရိုးသားဖို့ရန်၊ ကျွန်ုပ်တို့၏ တာဝန်ကို ဖြစ်သလိုမလုပ်ဖို့၊
ပြုပြင်ခံရခြင်းကို ကျွန်ုပ်တို့ ဝမ်းမြောက်စွာ လက်ခံရမည်။
သမ္မာတရား၏ စစ်မှန်မှုထဲ ဝင်ရောက်ဖို့၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိဖို့၊
အရာခပ်သိမ်းတွင် သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ရမည်။
စုံလင်ခံရဖို့၊ ခရစ်တော်နှင့် သဟဇာတဖြစ်ဖို့ရန်၊
စမ်းသပ်မှုနှင့်ဆိုင်သော နာကျင်မှုများစွာ ကျွန်ုပ်တို့ ခံစားရမည်။
အပိုဒ် ၁
အတိတ်က အမှားများမှတဆင့်၊ သင်ခန်းစာများ ကျွန်ုပ် သင်ယူမိ။
အတိတ်က အမှားများကို ပြုပြင်ရန် ကျွန်ုပ် ဆန္ဒရှိ။
အဟန့်အတားများနှင့် ကျရှုံးမှုများ ကျွန်ုပ်ရှိသော်လည်း
သမ္မာတရားကို ကျွန်ုပ် ဆက်လက် လိုက်စားနေဦးမည်။
စမ်းသပ်မှုများ၊ စစ်ဆေးမှုများမှတဆင့် ဘုရားသခင်၏ ချစ်ခြင်းကို ကျွန်ုပ် မြည်းစမ်းမိပြီး၊
ထို့ကြောင့် ဘုရားသခင်အတွက် ကျွန်ုပ်၏ ချစ်ခြင်း သာ၍ ဖြူစင်ပေ။
ဘုရားသခင်။ ကိုယ်တော်ကို နီးကပ်စွာ ကျွန်ုပ် လိုက်ချင်။
အသက်ကို ရဖို့ သမ္မာတရား လိုက်စားခြင်းကို ကျွန်ုပ် ရပ်တန့်မည်မဟုတ်။
ကိုယ်တော်၏ အသက်လမ်းနှင့် အကြံပေးချက်ကို ကျွန်ုပ် ထိန်းသိမ်းမည်။
ကိုယ်တော့်အတွက် ထူးကဲသော သက်သေကို ခံရင်းလေ။
သမ္မာတရားနှင့် အသက်ကို ရရှိဖို့နှင့် စိတ်သဘောထားများ ပြောင်းလဲဖို့၊
တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ်တို့ လက်ခံရမည်။
ရိုးသားဖို့ရန်၊ ကျွန်ုပ်တို့၏ တာဝန်ကို ကမောက်ကမမဖြစ်စေဖို့၊
ပြုပြင်ခံရခြင်းကို ကျွန်ုပ်တို့ ဝမ်းမြောက်စွာ လက်ခံရမည်။
သမ္မာတရား၏ စစ်မှန်မှုထဲ ဝင်ရောက်ဖို့၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိဖို့၊
အရာခပ်သိမ်းတွင် သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ရမည်။
စုံလင်ခံရဖို့၊ ခရစ်တော်နှင့် သဟဇတဖြစ်ဖို့ရန်၊
စမ်းသပ်မှုနှင့်ဆိုင်သော နာကျင်မှုများစွာ ကျွန်ုပ်တို့ ခံစားရမည်။
အပိုဒ် ၂
ဘုရားသခင်၏ တရားစီရင်ခြင်းဖြင့် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း ပြောင်းလဲသည်။
ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ကျွန်ုပ် လုပ်ဆောင်၊ စစ်မှန်သော လူသား ကျွန်ုပ် ဖြစ်ပေ။
ဘုရားသခင်၏ အစီအစဉ်များကို နာခံဖို့ ကျွန်ုပ် ဆန္ဒရှိပေ၊
စမ်းသပ်မှုများ၊ နာကျင်မှု မည်မျှ ကြီးမားပါစေ၊
သမ္မာတရားကို ကျွန်ုပ် ရရှိကာ သက်သေရပ်တည်မည်။
ဘုရားသခင်ကို ကျွန်ုပ်ချစ်ကာ ကိုယ်တော်အတွက် ကျွန်ုပ်သက်သေခံမည်။
ဘုရားသခင်။ ကိုယ်တော်နောက် ကျွန်ုပ် နီးကပ်စွာ လိုက်ချင်။
အသက်ရဖို့ သမ္မာတရား လိုက်စားခြင်းကိုကျွန်ုပ်ရပ်မည်မဟုတ်ပေ။
ကျွန်ုပ် သန့်ရှင်းခြင်းခံရဖို့အလို့ငှာ တရားစီရင်ခြင်းကို သာ၍ လိုချင်။
သမ္မာတရားကို ရရှိခြင်း၊ ကယ်တင်ခံရခြင်းက ကျွန်ုပ်၏ ဂုဏ်သိက္ခာဖြစ်ပေ။