၁၂၆ ဘုရားသခင်ကို ချစ်သောသူတို့သည် အလင်းထဲ၌ နေကြ၏
၁
ဘုရား၏စီရင်ခြင်း လူသားကို သန့်ရှင်းစေသည်
ကျွန်ုပ်တို့ကို ပျက်စီးခြင်းမှ ကယ်တင်သည်
ကျွန်ုပ်တို့ အလင်း၌ နေရသည် နှုတ်ကပတ်တော်၌ မွေ့လျော်သည်
သူ့အား ချီးမွမ်းသောအခါ ကျွန်ုပ်တို့ ဝမ်းမြောက်သည်
ခြေထောက်များနဲ့ ကခုန်ကြ
အသံကျယ်လောင်စွာ သီဆိုကြ
ဘုရား၏နောက်ကို လိုက်၍ ရှေ့ဆက်လျှောက်
နောက်ပြန်မကြည့်နဲ့
ငါတို့စစ်မှန်သောနှလုံးသားရှိရမည်၊ ဆက်ကပ်အပ်နှံရမည်
အလိုတော်ကို အရေးပေးကာ ဘုရားကို စစ်မှန်စွာ ချစ်ရမည်
ဘုရားသခင်၏နိုင်ငံတော်သည် ဘုရားသခင်ကို
ချစ်သောသူတို့နဲ့ သက်ဆိုင်သည်
ဘုရားသခင်ကို ချစ်သောသူတို့ အလင်း၌ နေကြ၏
ဘုရားကို ချစ်သောသူတို့ အလင်း၌ နေကြ၏
၂
ဘုရားကို ချစ်လျှင် ငါတို့ ဝမ်းမြောက်သည်
ဘုရားကို ချစ်လျှင် ငါတို့ ပျော်ရွှင်သည်
ဘုရား၏စိတ်နှလုံးသားကို အလေးထားပြီး
အလိုတော်ကို ဖြည့်ဆည်းသည့်အခါ ကောင်းချီးခံစားရသည်
သမ္မာတရားအတိုင်း အသက်ရှင်သည့်အခါ
ကျွန်ုပ်တို့ ဝိညာဉ် လွတ်မြောက်ခြင်းရသည်
ကျွန်ုပ်တို့ စိတ်နှလုံးသား ဘုရားကိုအတိုင်းထက်လွန်ချစ်သည်
ငါတို့စစ်မှန်သောနှလုံးသားရှိရမည်၊ ဆက်ကပ်အပ်နှံရမည်
အလိုတော်ကို အရေးပေးကာ ဘုရားကို စစ်မှန်စွာ ချစ်ရမည်
ဘုရားသခင်၏နိုင်ငံတော်သည် ဘုရားသခင်ကို
ချစ်သောသူတို့နဲ့ သက်ဆိုင်သည်
ဘုရားသခင်ကို ချစ်သောသူတို့ အလင်း၌ နေကြ၏
ဘုရားကို ချစ်သောသူတို့ အလင်း၌ နေကြ၏
၃
ဘုရားကို ချစ်လျှင် ငါတို့ ဝမ်းမြောက်သည်
ဘုရားကို ချစ်လျှင် ငါတို့ ပျော်ရွှင်သည်
ဘဝခရီးလမ်း ကွေ့ကောက်လိမ်ပိန်သော်လည်း
ငါတို့ နောက်မဆုတ်ဘူး
ကြမ်းတမ်းသည့်လမ်းကို လျှောက်မည်
အဆုံးထိ သစ္စာရှိစွာ ဆောင်ရွက်မည်
ငါတို့ ဘုရားကို ချစ်သည်၊ သူ ငါတို့ ကို ကောင်းချီးပေးသည်
ငါတို့ အလင်း၌ အစဉ် နေမည်
ငါတို့စစ်မှန်သောနှလုံးသားရှိရမည်၊ ဆက်ကပ်အပ်နှံရမည်
အလိုတော်ကို အရေးပေးကာ ဘုရားကို စစ်မှန်စွာ ချစ်ရမည်
ဘုရားသခင်၏နိုင်ငံတော်သည် ဘုရားသခင်ကို
ချစ်သောသူတို့နဲ့ သက်ဆိုင်သည်
ဘုရားသခင်ကို ချစ်သောသူတို့ အလင်း၌ နေကြ၏
ဘုရားကို ချစ်သောသူတို့ အလင်း၌ နေကြ၏
ဘုရားသခင်ကို ချစ်သောသူတို့ အလင်း၌ နေကြသည်၊
အလင်း၌ နေကြသည်