ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရရန် အရည်အချင်းပြည့်မီပုံ
၁
ဘုရားသခင်အသုံးပြုရေးအတွက် အမှန်ပင် သင့်တော်ရန်၊
သင်၌ ပြင်းပြသောဆန္ဒသာမက
လမ်းပြခြင်း၊ သူ၏နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့်
သူ၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အသိဉာဏ်ပွင့်လင်းစေခြင်း လိုအပ်သည်။
၎င်း၌ သင်၏ စူးစမ်းလေ့လာမှုများ၊ အတွေးများ၊
တွေးဆချက်များနှင့် သင်၏သုံးသပ်ချက်များ၊
သင်၏နစ်မွန်းခြင်းများ၊ သုတ်သင်ဖယ်ရှင်းမှုများကိုပါထည့်၍၊
ဤအရာအားလုံးကို ယင်းအုတ်မြစ်ပေါ်၌ လက်တွေ့လုပ်ဆောင်လော့။
ဤအရာများမှာ သင်၏ဝင်ရောက်ခြင်း၊
သင်၏လက်တွေ့အရှိတရားထဲ ဝင်ရောက်ခြင်းအတွက် လမ်းကြောင်းအားလုံး ဖြစ်၏။
၎င်းတို့အားလုံးမှာ မရှိမဖြစ်ပေ။
ဤအရာမှာ ဘုရားသခင် အလုပ်လုပ်သော ပုံစံပင် အမှန်တကယ် ဖြစ်၏။
ဘုရားသခင်အသုံးပြုရေးအတွက် အမှန်ပင် သင့်တော်ရန်၊
သင်၌ ပြင်းပြသောဆန္ဒသာမက
လမ်းပြခြင်း၊ သူ၏နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့်
သူ၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အသိဉာဏ်ပွင့်လင်းစေခြင်း လိုအပ်သည်။
၂
အကယ်၍ ဘုရားသခင်၏အလုပ်လုပ်ပုံ၌ သင် ပူးပေါင်းပါက၊
သင်သည် နေ့စဉ်နေ့တိုင်း စုံလင်ခြင်းသို့ ရောက်နိုင်ပေသည်။
အချိန်အခါမရွေး၊ ကောင်းသော သို့မဟုတ် ဆိုးသော အခြေအနေများ၌၊
စမ်းသပ်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအခါ၊ အလုပ်လုပ်နေသောအခါ သို့မဟုတ် မလုပ်သောအခါ၊
သင် တစ်ကိုယ်တည်း နေထိုင်သောအခါ သို့မဟုတ် အဖွဲ့ဖြင့် နေထိုင်သောအခါ၊
သင်သည် စုံလင်ခြင်းသို့ ရောက်စေမည့် အခွင့်အရေးများကို အစဉ် တွေ့ရလိမ့်မည်၊
၎င်းတို့ တစ်စုံတစ်ခုကိုမျှ လက်လွှတ်မခံနှင့်၊ ၎င်းတို့အားလုံးကို ရှာဖွေတွေ့ရှိလော့။
ဤအရာမှာ ဘုရားသခင်၏နှုတ်ကပတ်တော် လျှို့ဝှက်ချက်ဖြင့် အသက်ရှင်နေထိုင်ပုံ ဖြစ်၏။
ဘုရားသခင်အသုံးပြုရေးအတွက် အမှန်ပင် သင့်တော်ရန်၊
သင်၌ ပြင်းပြသောဆန္ဒသာမက
လမ်းပြခြင်း၊ သူ၏နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့်
သူ၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အသိဉာဏ်ပွင့်လင်းစေခြင်း လိုအပ်သည်။
သူ၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အသိဉာဏ်ပွင့်လင်းစေခြင်း လိုအပ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြည့်စုံသော သိုးထိန်းတစ်ဦး ရှိထားရမည့် အင်္ဂါရပ်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။