ခေါင်းဆောင်များနှင့် အမှုထမ်းများ နားလည်ထားရမည့် အခြေခံသဘောတရားနှစ်ရပ်ကျူး
၁ အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ အရာနှစ်ခုကို အာရုံစိုက်ရမည်- တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ဤအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ၊ သူတို့ စိတ်ကူးနိုင်လောက်သည့်အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင်ကြံရွယ်ချက်များအပေါ် သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် ဘုရားသခင်၏မိသားစုအလုပ်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး၊ ယင်း၏အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ အဓိကကျသော အခြားအရာလည်းရှိပြီး၊ ယင်းမှာ သူတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည်ဖြစ်ကာ၊ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် တိကျစွာ ထိန်းသိမ်းကြပ်မတ်ခြင်းအားဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။
၂ အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက၊ သို့မဟုတ် သင်သည် သင့်ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို သင့်ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက၊ သင်၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးခြင်းနှင့် လမ်းပြခြင်းကို မကြာခဏ သင်လျစ်လျူရှုနေခြင်းက လမ်းဆုံးတစ်ခုသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးလျှင် သင်အလုပ်လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်၊ ထို့အပြင် အလုပ်လုပ်ရန် သင်ကြံဆောင်နိုင်ပါကလည်း အဘယ်အရာကိုမျှ သင်ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ ဤသည်တို့မှာ အလုပ်လုပ်နေစဉ် လိုက်နာရမည့် အဓိက အခြေခံသဘောတရားနှစ်ခု ဖြစ်သည်- တစ်ခုမှာ အထက်မှ စီမံခန့်ခွဲမှုများအတိုင်း အတိအကျပင် အလုပ်ကို ထမ်းဆောင်ရန် ဖြစ်သည့်အပြင်၊ အထက်မှ ချမှတ်ထားသည့် အခြေခံ သဘောတရားများနှင့်အညီ ပြုမူရန်လည်း ဖြစ်သည်။ အခြားအချက်မှာ အတွင်းထဲမှ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ရန်ဖြစ်သည်။ ဤနှစ်ချက်ကို နားလည်သဘောပေါက်သည့်အခါ သင် လွယ်လွယ်နှင့် အမှားလုပ်လိမ့်မည် မဟုတ်ပေ။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုထမ်းများ အလုပ်လုပ်ပုံ၏ အဓိက အခြေခံသဘောတရားများ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။