အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဘုရားသခင်၏ အခွင့်အာဏာ (၁) (အပိုင်း လေး)

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာသည် တိုင်းတာ၍မရနိုင်ပေ

ကမ္ဘာဦးကျမ်း ၂၂:၁၇-၁၈ ကို ကြည့်ကြစို့။ ယေဟောဝါ ဘုရားသခင်က အာဗြဟံကိုပြောသည့် နောက်ထပ် ကျမ်းပိုဒ်တစ်ခုဖြစ်သည်။ “ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ဖြစ်သည်။” ယေဟောဝါ ဘုရားသခင်က အာဗြဟံကို အကြိမ်ပေါင်းများစွာ သူ၏ သားသမီးများက ပွားများလာအောင် ကောင်းချီးချပေးခဲ့သည်။ မည်သည့်အတိုင်းအတာအထိ ပွားများစေခဲ့သနည်း။ ကျမ်းပိုဒ်တွင်ပြောထားသည့် အတိုင်းအတာအထိဖြစ်သည်။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” တစ်နည်းအားဖြင့် ဘုရားသခင်သည် အာဗြဟံ၏ သားသမီးများကို မိုးကောင်းကင်က ကြယ်များကဲ့သို့ပေါများပြီး ပင်လယ်ကမ်းခြေက သဲများကဲ့သို့ များပြားအောင် ချပေးသနားရန် ဆန္ဒရှိခဲ့သည်။ ဘုရားသခင်သည် နိမိတ်ပုံကို အသုံးပြုပြီး စကားပြောသည်။ ဤနိမိတ်ပုံမှတစ်ဆင့် ဘုရားသခင်သည် အာဗြဟံကို မျိုးဆက် တစ်ယောက်၊ နှစ်ယောက် သို့မဟုတ် ထောင်ပေါင်းများစွာတင်မကဘဲ လူမျိုးစုများ အများကြီးဖြစ်သည့်အထိ လုံလောက်အောင် မရေမတွက်နိုင်သည့် ပမာဏကို ချပေးသနားသည်ဆိုခြင်းကို မြင်ရန် မခက်ခဲပေ။ ဘုရားသခင်သည် အာဗြဟံက လူမျိုးစုအများအပြား၏ ဖခင်ဖြစ်လိမ့်မည်ဟု သူ့ကို ကတိပေးခဲ့သည့်အတွက်ဖြစ်သည်။ ထိုအရေအတွက်ကို လူက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သလော၊ ဘုရားသခင်က ဆုံးဖြတ်ခဲ့ခြင်းလော။ လူသားက သူ့တွင် မျိုးဆက်မည်မျှရှိမည်ဆိုသည်ကို ထိန်းချုပ်၍ရသလော။ သူ့အပေါ်တွင် မူတည်သလော။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” ဆိုသကဲ့သို့ များရန်မဆိုနှင့် နည်းနည်းပါးပါးရှိမရှိပင်လျှင် လူသားအပေါ်တွင် မူတည်ခြင်း မရှိပေ။ သူတို့၏ သားသမီးများ ကြယ်များကဲ့သို့ များပြားရန်ဆိုသည်ကို မည်သူက မလိုချင်ဘဲနေမည်နည်း။ အကြောင်းအပေါင်းမသင့်၍ အကြောင်းကိစ္စများက သင်ဖြစ်ချင်သကဲ့သို့ အမြဲတမ်း မဖြစ်ပေ။ လူသားက မည်မျှကျွမ်းကျင်ပါစေ၊ တတ်စွမ်းပါစေ၊ သူ့အပေါ်တွင် မမူတည်ပေ။ ဘုရားသခင် ချမှတ်ဆုံးဖြတ်ထားသည့်အရာ၏ အပြင်ဘက်တွင် မည်သူမျှ မရပ်တည်နိုင်ပေ။ သူက သင့်ကို မည်မျှပင် ခွင့်ပြုသည်ဖြစ်စေ ထိုပမာဏမှာ သင်ရရှိမည့်အရာသာဖြစ်သည်။ ဘုရားသခင်က သင့်ကို အနည်းငယ်ပေးလျှင် သင်သည် မည်သည့်အခါမျှ အများကြီးရမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို အများကြီးပေးလျှင် သင်မည်မျှရှိသည် ဆိုသည့်အပေါ်တွင် မကျေမနပ်ဖြစ်နေလည်း အလကားပင်ဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးက ဘုရားသခင်အပေါ်မူတည်သည်။ လူသားပေါ် မမူတည်ပေ။ လူသားကို ဘုရားသခင်က အုပ်စိုးသည်။ မည်သူမျှ မလွတ်ကင်းပေ။

“သင်၏ အမျိုးအနွယ်ကို ငါတိုးပွားများပြားစေမည်” ဟု ဘုရားသခင်ပြောသည့်အခါတွင် ဤသည်မှာ သက်တံ ပဋိညာဉ်ကဲ့သို့ ဘုရားသခင်က အာဗြဟံနှင့် ထူထောင်ခဲ့သည့် ပဋိညာဉ်တစ်ခုဖြစ်သည်။ ဤပဋိညာဉ်သည် ထာဝရပြည့်စုံနေမည်ဖြစ်ပြီး အာဗြဟံအပေါ် ဘုရားသခင်ပြုခဲ့သည့် ကတိလည်းဖြစ်သည်။ ဤကတိကို မှန်ကန်လာစေရန် ဘုရားသခင်သာလျှင် ပြုခွင့်ရှိပြီး တတ်စွမ်းနိုင်သည်။ လူသားက ယင်းကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ လူသားက ထိုအရာကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ လူသားက မည်သို့ မြင်သည်ဖြစ်စေ၊ မည်သို့ စဉ်းစားသည်ဖြစ်စေ၊ ဤအရာအားလုံးသည် ဘုရားသခင်ပြောကြားသည့် နှုတ်ကပတ်တော်တို့နှင့်အညီ အသေးစိတ်အထိ ပြီးပြည့်စုံမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် လူ၏အလိုဆန္ဒ သို့မဟုတ် အယူအဆများ ပြောင်းလဲမှုကြောင့် ပြောင်းလဲသွားမည်မဟုတ်ပေ။ မည်သည့်ပုဂ္ဂိုလ်၊ အရာဝတ္ထု သို့မဟုတ် ပစ္စည်းပြောင်းလဲမှုကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ပြောင်းလဲမည်မဟုတ်ပေ။ အရာအားလုံးက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်သည်၊ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က ထာဝရ ကျန်ရှိနေမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် အရာအားလုံး ပျောက်ကွယ်သွားသည့်နေ့က ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ အားလုံး ပြီးပြည့်စုံသည့်နေ့ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် ဖန်ဆင်းရှင်၏ တန်ခိုးကို ပိုင်ဆိုင်ကာ သူသည် အရာအားလုံးနှင့် သက်ရှိအားလုံးကို ထိန်းချုပ်သည့်အတွက်ကြောင့် ဖြစ်သည်။ သူသည် ဘာမျှမရှိသည့်အရာမှ တစ်ခုခုရှိလာအောင် သို့မဟုတ် တစ်ခုခုမှ ဘာမျှမရှိခြင်းဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။ ရှင်သန်ခြင်းမှ သေဆုံးခြင်းအထိ အရာအားလုံး၏ ပြောင်းလဲခြင်းကို သူထိန်းချုပ်သည်။ ထို့ကြောင့် ဘုရားသခင်အတွက် လူတစ်ယောက်၏မျိုးနွယ်ကို ပွားများစေခြင်းလောက် ရိုးရှင်းသည့်အရာမရှိပေ။ ဤသည်မှာ လူသားအတွက်မူ ဆန်းပြားသည့် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကဲ့သို့ပင်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်အတွက်မူ သူလုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့်အရာ၊ ကတိပေးထားသည့်အရာသည် စိတ်ကူးယဉ်မဟုတ်သကဲ့သို့ ဒဏ္ဍာရီပုံပြင်လည်း မဟုတ်ပေ။ အမှန်တကယ်တွင် ဤသည်မှာ ဘုရားသခင် မြင်ပြီးသား အရာတစ်ခုဖြစ်ပြီး သေချာပေါက် ပြီးပြည့်စုံမည့် အရာတစ်ခု ဖြစ်သည်။ သင်တို့ ဤအရာကို သဘောပေါက်သလော။ အာဗြဟံ၏ မျိုးဆက်များက များပြားခဲ့သည်ဆိုသည်ကို ဤအချက်များက သက်သေပြသလော။ မည်မျှအထိ များပြားသနည်း။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” ဟူ၍ ဘုရားသခင်ပြောခဲ့သလောက် များပြားသလော။ သူတို့သည် နိုင်ငံအားလုံး၊ ဒေသအားလုံးကိုဖြတ်ပြီး ကမ္ဘာပေါ်က နေရာတိုင်းကို ပျံ့နှံ့သလော။ ဤအချက်ကို မည်သည့်အရာက ပြည့်စုံစေခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာအားဖြင့် ပြီးမြောက်ခဲ့ခြင်းလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ ပြောကြားပြီးနောက် နှစ်ရာပေါင်း၊ ထောင်ပေါင်းအချို့အကြာထိ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က ဆက်လက်ပြည့်စုံလျက်ရှိပြီး အမှန်တရားများအဖြစ် အမြဲတစေ ဖြစ်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အစွမ်း၊ ဘုရားသခင်၏ သြဇာအာဏာ၏ သက်သေဖြစ်သည်။ အစအဦးတွင် ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ ဘုရားသခင်က “အလင်းဖြစ်စေ”ဟု ပြောသည့်အခါ အလင်းဖြစ်လာခဲ့သည်။ ယင်းမှာ အလွန်လျင်မြန်စွာ ဖြစ်ခဲ့ပြီး အချိန်တိုအတွင်းတွင် ပြီးမြောက်ခဲ့သည်။ အထမြောက်မှုနှင့် ပြီးမြောက်မှုတို့အတွက် ကြန့်ကြာခြင်း အလျဉ်းမရှိခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့၏ သက်ရောက်မှုသည် ချက်ချင်းပင်ဖြစ်ပေါ်ခဲ့သည်။ နှစ်ခုလုံးက ဘုရားသခင်၏ သြဇာအာဏာ၏ ပြသချက်များဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က အာဗြဟံကို ကောင်းချီးပေးခဲ့သည့်အခါ သူ့သြဇာအာဏာ၏ အနှစ်သာရ၏ အခြားတစ်ဘက်ကို လူသားကို မြင်စေခဲ့သည်။ ဖန်ဆင်းရှင်၏ တိုင်းတာ၍မရသည့် သြဇာအာဏာကို လူသားကို မြင်စေလိမ့်မည်။ ထို့အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ပိုပြီးစစ်မှန်သည့်၊ ပိုပြီး မြင်သာသည့်ဘက်ကို လူသားကို မြင်စေလိမ့်မည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ပြောကြားလိုက်သည်နှင့် ဘုရားသခင်၏ သြဇာအာဏာသည် ဤအလုပ်ကို အုပ်ချုပ်ပြီး ဘုရားသခင်၏ နှုတ်မှ ကတိပေးခဲ့သည့်အချက်သည် တဖြည်းဖြည်းနှင့် လက်တွေ့အရှိတရား ဖြစ်လာသည်။ အရာအားလုံးကြားတွင် နွေဦးရောက်လာချိန်တွင် မြက်ပင်များ စိမ်းလန်းလာသကဲ့သို့၊ ပန်းများ ဖူးပွင့်လာသကဲ့သို့၊ သစ်ပင်မှ အဖူးလေးများ ထွက်လာသကဲ့သို့၊ ငှက်များ သီချင်းစတင် သီဆိုသကဲ့သို့၊ ငန်းများ ပြန်လာသကဲ့သို့၊ ကွင်းပြင်တွင် လူများနှင့် ပြည့်လာသကဲ့သို့ အရာရာတိုင်းတွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။ ရောက်ရှိလာသည့် နွေဦးနှင့်အတူ အရာအားလုံးသည် နုပျိုဆန်းသစ်လာသည်၊ ဤသည်မှာ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားသခင်က သူ၏ကတိများကို ပြီးမြောက်စေသည့်အခါတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်က အရာအားလုံးသည် ဘုရားသခင်၏ အတွေးနှင့်အညီ ပြောင်းလဲပြီး အသစ်ဖြစ်ကြသည်။ မည်သည့်အရာမျှ မကင်းလွတ်ပေ။ ဘုရားသခင်၏နှုတ်မှ သံန္နိဌာန် သို့မဟုတ် ကတိတစ်ခု မိန့်မြွက်လိုက်သည့်အခါတွင် အရာအားလုံးက ပြီးပြည့်စုံလာပြီး သူတို့၏ ပြီးပြည့်စုံမှုအတွက် ကိုင်တွယ်ပြုပြင်ခြင်း ခံကြရသည်။ ဖန်ဆင်းခံအားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် စီမံညွှန်ကြားခံရပြီး သူတို့နှင့်သက်ဆိုင်သည့် တာဝန်များကို လုပ်ဆောင်ကြသည်။ သူတို့နှင့် သက်ဆိုင်သည့် လှုပ်ရှားလည်ပတ်မှုများ ပြုလုပ်ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သြဇာအာဏာ ထင်ရှားပြသခြင်းဖြစ်သည်။ ဤအရာတွင် သင်အဘယ်အရာကို မြင်သနည်း။ ဘုရားသခင်၏ သြဇာအာဏာကို သင်မည်သို့ သိသနည်း။ ဘုရားသခင်၏ သြဇာအာဏာတွင် အတိုင်းအတာတစ်ခု ရှိသလော။ အချိန်အကန့်အသတ် ရှိသလော။ အမြင့်တစ်ခုခု သို့မဟုတ် အလျားတစ်ခုခုအဖြစ် ပြောဆိုနိုင်သလော။ အရွယ်အစား သို့မဟုတ် အားအင်တစ်ခုခုအဖြစ် ပြောဆိုနိုင်သလော။ လူသား၏ အတိုင်းအတာနှင့် တိုင်းတာ၍ရသလော။ ဘုရားသခင်၏ သြဇာအာဏာက ပွင့်လိုက်၊ ပိတ်လိုက်မဖြစ်ပေ။ ပေါ်လာလိုက်၊ ပျောက်သွားလိုက် မဖြစ်ပေ။ သူ၏ သြဇာအာဏာက မည်မျှကြီးမြတ်သည်ကို တိုင်းတာနိုင်သူ မည်သူမျှမရှိပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကောင်းချီးပေးသည့်အခါတွင် အချိန်မည်မျှ ကုန်သွားသည်ဖြစ်စေ ကောင်းချီးသည် ဆက်လက်ဖြစ်ပေါ်နေပြီး သူ၏ ဆက်လက်ဖြစ်ပေါ်နေမှုသည် ဘုရားသခင်၏ တိုင်းတာ၍မရသည့် သြဇာအာဏာကို သက်သေခံပြီး ဖန်ဆင်းရှင်၏ ဖယ်ရှင်းပစ်၍မရသည့် အသက်စွမ်းအားများ တစ်ခါပြီးတစ်ခါ ပြန်လည်ပေါ်ပေါက်လာခြင်းကို လူသားတို့ကို မြင်စေမည်။ သူ့သြဇာအာဏာ၏ ပြသမှုတစ်ခုစီတိုင်းသည် သူ့နှုတ်မှ နှုတ်ကပတ်တော်များကို ပြည့်စုံစွာ ဖော်ထုတ်ပြသခြင်းဖြစ်ပြီး အရာအားလုံးနှင့် လူသားအပေါ်ကို ဖော်ထုတ်ပြသသည်။ ထို့အပြင် သူ၏သြဇာအာဏာနှင့်ပြီးမြောက်သည့် အရာတိုင်းသည် နှိုင်းယှဉ်၍မရအောင် သာလွန်ပြီး အကြွင်းမဲ့ အပြစ်အနာအဆာ ကင်းမဲ့သည်။ သူ၏အတွေးများ၊ နှုတ်ကပတ်တော်များ၊ သြဇာအာဏာများနှင့် သူပြီးမြောက်စေခဲ့သည့် လုပ်ဆောင်မှုအားလုံးသည် နှိုင်းယှဉ်၍ မရလောက်အောင် လှပသည့် ပုံသဏ္ဌာန်ဖြစ်ပြီး ဖန်ဆင်းခံများအတွက်၊ လူသားမျိုးနွယ်၏ ဘာသာစကားသည် ဤထူးခြားမှုနှင့် တန်ဖိုးကို ရှင်းလင်းဖော်ပြရန် မတတ်နိုင်ပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကတိတစ်ခု ပေးလိုက်သည့်အခါ သူတို့ မည်သည့်နေရာတွင်နေသည်ဖြစ်စေ၊ သို့မဟုတ် သူတို့အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ယခင်က သူတို့၏နောက်ကြောင်း သို့မဟုတ် သူတို့ကတိလက်ခံရရှိပြီးနောက်တွင် မည်သို့ပင်ဖြစ်ပါစေ၊ သို့မဟုတ် သူတို့နေထိုင်သည့် ပတ်ဝန်းကျင်တွင် မည်မျှပင် ဆိုးသွမ်းသူများဖြစ်ခဲ့ပါစေ၊ ဤအရာအားလုံးကို ဘုရားသခင်သည် သူ၏လက်ဖမိုးကဲ့သို့ပင် ရင်းနှီးသိရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ပြောပြီးနောက် အချိန်မည်မျှပင် ကြာသွားသည်ဖြစ်စေ၊ သူ့အတွက်မူ အခုလေးတင် မိန့်မြွက်ခဲ့သကဲ့သို့ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်က လူသားများအပေါ် သူပြုလုပ်ခဲ့သည့် ကတိတိုင်းကို သတိပြုနိုင်ပြီး ထိန်းချုပ်နိုင်ကာ သိမြင်နိုင်သည့် တန်ခိုးနှင့် ထိုကဲ့သို့သော သြဇာအာဏာရှိပြီး ကတိက အဘယ်အရာပင်ဖြစ်ပါစေ၊ ပြီးမြောက်ရန် မည်မျှကြာသည်ဖြစ်ပါစေ၊ ထို့အပြင် သူ၏ပြီးမြောက်မှု ဖြစ်စေသည့် နယ်ပယ်က မည်မျှပင် ကျယ်ပြန့်ပါစေ— ဥပမာ အချိန်၊ မြေမျက်နှာသွင်ပြင်၊ လူမျိုး စသဖြင့်— ဤကတိသည် ပြီးမြောက်ပြီး မှန်ကန်လာလိမ့်မည်။ ထို့အပြင် ကတိ၏ ပြီးမြောက်မှုနှင့် မှန်ကန်မှုတွင် သူ့အတွက် အားစိုက်ရန် နည်းနည်းမျှ လိုအပ်မည် မဟုတ်ပေ။ ဤသည်က အဘယ်အရာကို သက်သေပြနေသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုက စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ရန် လုံလောက်သည်ကို သက်သေပြနေသည်။ ဘုရားသခင်က အလင်းကိုပြုလုပ်ခဲ့သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်က အလင်းကိုသာ စီမံသည် သို့မဟုတ် သူက ရေကိုဖန်ဆင်းခဲ့သည့်အတွက် ရေကိုသာ စီမံခန့်ခွဲသည်၊ အခြားအရာများက ဘုရားသခင်နှင့် မသက်ဆိုင်ဟု အဓိပ္ပာယ်မရပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းပင် မဟုတ်လော။ အာဗြဟံအပေါ် ဘုရားသခင်၏ ကောင်းချီးပေးခြင်းက နှစ်ပေါင်းရာပေါင်းများစွာကြာပြီးသည့်နောက်တွင် လူသား၏ မှတ်ဉာဏ်ထဲ၌ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသော်လည်း ဘုရားသခင်အတွက်မူ ဤကတိသည် ယခင်အတိုင်းပင် ဖြစ်သည်။ ပြီးမြောက်မှု ဖြစ်စဉ်တွင်သာရှိနေပြီး မည်သည့်အခါမျှ မရပ်တန့်ပေ။ ဘုရားသခင်က သူ၏ သြဇာအာဏာကို မည်သို့အသုံးချသည်၊ အရာအားလုံးကို မည်သို့ ကိုင်တွယ် စီမံသည်ဆိုခြင်းနှင့် ဤအတောအတွင်း၌ ဘုရားသခင်၏ ဖန်ဆင်းခံအရာများအားလုံးအကြားတွင် အံ့သြဖွယ်အကြောင်းအရာများ မည်မျှဖြစ်ပျက်ခဲ့သည် ဆိုခြင်းကို လူသားသည် တစ်ခါမျှ မသိဖူး၊ မကြားဖူးပေ။ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာ၏ ပြသမှုနှင့် သူ၏လုပ်ဆောင်ချက်များကို ဖွင့်ပြမှုတို့၏ အံ့သြစရာတစ်ခုချင်းစီတိုင်းကို လက်ဆင့်ကမ်းပြောကြားပြီး၊ အရာအားလုံးကြားတွင် ချီးမြှောက်ခြင်းခံခဲ့ရသည်၊ အားလုံးသည် ထင်ရှားစွာပြသခဲ့ကြပြီး ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက်များကို ပြောဆိုခဲ့ကြသည်။ အရာအားလုံးအပေါ်တွင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အကြောင်းအရာတစ်ခုစီတိုင်းကို အရာအားလုံးမှ ထာဝရကြွေးကြော်လိမ့်မည်။ ဘုရားသခင် အရာအားလုံးကို အုပ်စိုးသည့် သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးသည် ဘုရားသခင်မှာ နေရာတိုင်း အချိန်တိုင်းတွင် တည်ရှိနေသည်ကိုပြသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ နေရာအနှံ့ရှိခြင်းကို သင်တွေ့မြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင် တည်ရှိနေသည်ကို သင်တွေ့မြင်ရမည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အချိန်၊ မြေမျက်နှာသွင်ပြင်၊ နေရာ သို့မဟုတ် မည်သည့်လူပုဂ္ဂိုလ်၊ ပစ္စည်း သို့မဟုတ် အရာဝတ္ထု၏ ကန့်သတ်ခြင်းကိုမျှ မခံရပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် လူတို့ တွေးတောကြံဆခြင်းထက် သာလွန်သည်။ ဤသည်မှာ လူတို့ ဉာဏ်မမီနိုင်သည့်အရာ၊ လူသားတို့ စဉ်းစား၍ မရသည့်အရာ၊ လူသားတို့ မည်သည့်အခါမျှ အလုံးစုံ မသိနိုင်သည့်အရာဖြစ်သည်။

အချို့လူများက ကောက်ချက်ချပြီး တွေးတောကြည့်ချင်ကြသည်။ သို့ရာတွင် လူ၏တွေးတောကြံဆမှုက မည်မျှအထိ ရောက်နိုင်မည်နည်း။ ဤကမ္ဘာမှ ကျော်ပြီး သွားနိုင်သလော။ လူသားသည် ဘုရားသခင်၏ သြဇာအာဏာ၏ စစ်မှန်မှုနှင့် တိကျမှုကို ကောက်ချက်ချခြင်း၊ တွေးတောကြံဆခြင်းတို့ လုပ်ရန် တတ်စွမ်းနိုင်သလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် တွေးတောကြံဆခြင်းတို့က ဘုရားသခင်၏ သြဇာအာဏာကို ရရှိစေနိုင်သလော။ ဤအရာများက ဘုရားသခင်၏ သြဇာအာဏာကို လူများ အမှန်တကယ် တန်ဖိုးထားပြီး လိုက်လျှောက်စေရန် ပြုလုပ်နိုင်သလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် တွေးတောကြံဆခြင်းတို့သည် လူသား၏ အသိဉာဏ်၏ ထုတ်ကုန်တစ်ခုသာဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာကို လူတို့သိမြင်ရန်အတွက် ကူညီထောက်ပံ့မှု သို့မဟုတ် အကျိုးပြုမှုတို့ကို စိုးစဉ်းမျှ မပံ့ပိုးနိုင်ဟု အချက်အလက်များက သက်သေပြသည်။ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများကို ဖတ်ပြီးနောက်တွင် အချို့သည် လနှင့် ကြယ်များက မည်သို့ပုံရှိသည်ဆိုခြင်းကို တွေးတောမှန်းဆနိုင်ကြသည်။ သို့ရာတွင် ဤသည်မှာ လူများက ဘုရားသခင်၏ သြဇာအာဏာကို နားလည်သည်ဟု မဆိုလိုပေ။ လူသား၏ တွေးတောကြံဆခြင်းဆိုသည်မှာ တွေးတောကြံဆခြင်းသာ ဖြစ်သည်။ ဤအရာများ၏ အချက်အလက်နှင့်ပတ်သက်ပြီး တစ်နည်းအားဖြင့် ဘုရားသခင်၏ သြဇာအာဏာနှင့် သူတို့၏ ဆက်သွယ်မှုတွင် လူသားသည် လုံးဝ နားလည်မှု မရှိပေ။ ဤသို့ဆိုလျှင် သင်သည် လကို ရောက်ဖူးသည်ဆိုလျှင်ရော။ ဤအချက်က သင်သည် ဘုရားသခင်၏ သြဇာအာဏာကို ပုံစံအမျိုးမျိုးနှင့် နားလည်မှုရှိသည်ဟု ဆိုလိုသလော။ ဤအချက်က သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုကို တွေးတောကြံဆနိုင်သည်ဟု ဆိုလိုသလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် တွေးတောကြံဆခြင်းတို့သည် ဘုရားသခင်၏ သြဇာအာဏာကို သိခွင့်ရရန် မတတ်စွမ်းနိုင်သည့်အတွက် လူသားသည် အဘယ်အရာကို လုပ်သင့်သနည်း။ အကောင်းဆုံး ရွေးချယ်စရာမှာ ကောက်ချက်မချရန် သို့မဟုတ် မတွေးတောရန်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ သြဇာအာဏာကို သိမြင်ရန်နှင့် ပတ်သက်လာလျှင် လူသားသည် တွေးတောကြံဆခြင်းကို မှီခိုခြင်း၊ ကောက်ချက်ချခြင်းကို အားထားခြင်းတို့ မည်သည့်အခါမျှ မလုပ်ရပေ။ ဤနေရာတွင် ငါသည် သင်တို့ကို ပြောချင်သည်မှာ အဘယ်အရာဖြစ် သနည်း။ ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုးအစွမ်း၊ ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရတို့ကို သင်၏ တွေးတောကြံဆခြင်းကို အမှီပြုခြင်းအားဖြင့် မည်သည့်အခါမျှ နားမလည်နိုင်ပေ။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို သိရန်အတွက် တွေးတောကြံဆခြင်းကို အမှီမပြုနိုင်သည့် အတွက် ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်နည်းလမ်းဖြင့် အမှန်တကယ် သင်သိကျွမ်းနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စားခြင်းနှင့် သောက်ခြင်းမှတစ်ဆင့်၊ မိတ်သဟာယ ပြုလုပ်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကြုံတွေ့ခြင်းမှတစ်ဆင့် သင်သည် ဘုရားသခင်၏ သြဇာအာဏာကို တဖြည်းဖြည်းကြုံတွေ့ပြီး အတည်ပြုနိုင်လိမ့်မည်။ ထို့ကြောင့် သင်သည် တဖြည်းဖြည်း နားလည်လာပြီး ပိုမို သိကျွမ်းလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို သိကျွမ်းရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဖြတ်လမ်း မရှိပေ။ သင်တို့ကို တွေးတောခြင်း မပြုလုပ်ရန် တောင်းဆိုခြင်းက ပျက်စီးခြင်းကို သင်တို့ဤအတိုင်း ထိုင်စောင့်ရန် သို့မဟုတ် ဘာမျှမလုပ်ရန်ပြောခြင်းနှင့် မတူညီပေ။ စဉ်းစားရန်၊ ကြံစည်တွေးတောရန် သင်၏ ဦးနှောက်ကို အသုံးမပြုခြင်းသည် ကောက်ချက်ချရန် ယုတ္တိရှိမှုကို အသုံးပြုခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် အသိပညာကို အသုံးပြုခြင်း၊ အခြေခံ စည်းမျဉ်းအနေနှင့် သိပ္ပံကို အသုံးပြုခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ သင်ယုံကြည်သည့် ဘုရားသခင်က သြဇာအာဏာရှိသည်ဆိုသည်ကို နားလည်ခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ တစ်ဆင့်၊ သမ္မာတရားမှတစ်ဆင့်၊ ဘဝတွင် သင်ကြုံတွေ့ရသည့် အရာရာတိုင်းမှတစ်ဆင့် သူ၏ သြဇာအာဏာသည် သူကိုယ်တိုင် စစ်မှန်သည့် ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သက်သေပြပြီး သင့်ကံကြမ္မာအပေါ်တွင် ဘုရားသခင်သည် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည်ဆိုသည်ကို အတည်ပြုခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် နားလည်မှုကို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က သူတို့သည် ဤဦးတည်ချက်ကို ရောက်ရှိရန် ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို ရှာဖွေချင်ကြသည်ဟု ပြောလိမ့်မည်။ သို့ရာတွင် ဤသို့သောနည်းလမ်းကို သင်တို့ စဉ်းစားနိုင်သလော။ သင့်ကို ငါပြောမည်။ စဉ်းစားရန်မလိုပေ။ အခြားနည်းလမ်းမရှိ။ တစ်ခုတည်းသောနည်းလမ်းက သူဖော်ပြသည့် နှုတ်ကပတ်တော်တိုင်း၊ သူလုပ်ဆောင်သည့် အရာရာတိုင်းမှတစ်ဆင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို အသိဉာဏ်ရှိရှိဖြင့် တည်ကြည်စွာနှင့် သိပြီး ဟုတ်မှန်ကြောင်းထင်ရှားစေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အရာရာတိုင်းသည် အနှစ်မရှိ ဗလာဖြစ်ခြင်းမရှိဘဲ စစ်မှန်သောကြောင့် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။