အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား (အပိုင်း တစ်)

ယခု သင်တို့ ဘုရားသခင်၏ သြဇာအာဏာနှင့်ပတ်သက်သည့် ရှေ့ပိုင်းမှ မိတ်သဟာယပြုမှုကို နားထောင်ပြီးပြီဖြစ်သောကြောင့် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး သင်တို့ဆီမှာ စကားလုံးများ အစီအတန်းလိုက် ရှိပြီးဖြစ်သည်ဆိုသည်ကို ယုံကြည်ပါသည်။ သင်တို့ မည်မျှ လက်ခံနိုင်သည်၊ သဘောပေါက်နိုင်သည်၊ နားလည်နိုင်သည်ဆိုခြင်းအားလုံးက ဤအရာအပေါ်မှာ သင်တို့ မည်မျှ အားစိုက်ထုတ်မည်ဆိုသည့် အပေါ်မှာ မူတည်ပါသည်။ ဤအကြောင်းအရာကို သင်တို့ လေးလေးနက်နက် ချဉ်းကပ်နိုင်ရေးသည် ငါ၏ မျှော်လင့်ချက်ပင်ဖြစ်သည်။ သင်တို့ ဤအရာကို စိတ်မပါ့တပါနှင့် လုံးဝမကိုင်တွယ်သင့်ပေ။ ယခု ဘုရားသခင်၏ သြဇာအာဏာကို သိခြင်းက ဘုရားသခင်၏ အလုံးစုံကို သိခြင်းနှင့် ညီမျှသလော။ ဘုရားသခင်၏ သြဇာအာဏာကို သိခြင်းက အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်ကို သိခြင်း၏ အစဖြစ်သည်ဟု ဆိုနိုင်ပြီး ဘုရားသခင်၏ သြဇာအာဏာကို သိခြင်းက အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရကို သိခြင်းတံခါးဝထဲသို့ ဝင်ရောက်ပြီး ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်ဟုလည်း ဆိုနိုင်သည်။ ဤနားလည်ခြင်းက ဘုရားသခင်ကို သိခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့ဆိုလျှင် အခြားအပိုင်းက အဘယ်နည်း။ ဤအရာက ယနေ့ မိတ်သဟာယပြုလုပ်ချင်သည့် အကြောင်းအရာဖြစ်သည်— ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား။

ယနေ့ခေါင်းစဉ်နှင့် မိတ်သဟာယပြုလုပ်ဖို့ သမ္မာကျမ်းစာက အခန်းနှစ်ခန်းကို ရွေးထားပါသည်။ ပထမတစ်ခုက ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ နှင့် ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ မှာ တွေ့နိုင်သည့် သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခြင်းနှင့် သက်ဆိုင်ပါသည်။ ဒုတိယတစ်ခုက ယောနဝတ္ထု ၁:၁-၂ နှင့် ယောနဝတ္ထု၏ တတိယနှင့် စတုတ္ထအခန်းမှာ ဖြည့်စွက်ချက်အနေနှင့် တွေ့နိုင်သည့် နိနေဝေမြို့ကို ဘုရားသခင် လွတ်မြောက်စေခြင်းနှင့် သက်ဆိုင်ပါသည်။ သင်တို့အားလုံးက ဤအခန်းနှစ်ခန်းနှင့်ပတ်သက်ပြီး ငါပြောမည့်စကားကို ကြားနာဖို့ စောင့်နေကြပြီဟု ထင်ပါသည်။ ငါပြောမည့်အရာက ဘုရားသခင်ကိုယ်တော်တိုင်ကို သိခြင်းနှင့် သူ၏အနှစ်သာရကို သိခြင်းအကြောင်းတို့ထံမှ ပင်ကိုအားဖြင့် လမ်းလွဲသွား၍မရပေ။ သို့သော် ယနေ့မိတ်သဟာယ၏ အာရုံစိုက်မည့်အရာက ဘာဖြစ်မည်နည်း။ သင်တို့ထဲက မည်သူ သိသနည်း။ “ဘုရားသခင်၏ သြဇာအာဏာ” နှင့်ပတ်သက်ပြီး ငါမိတ်သဟာယပြုခြင်း၏ ဘယ်အပိုင်းက သင်တို့ကို အာရုံစူးစိုက်စေပါသနည်း။ ဤကဲ့သို့သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည့် တစ်ဦးတည်းသောသူက ဘုရားသခင်ကိုယ်တော်တိုင်ပင်ဖြစ်သည်ဟု ဘာကြောင့်ငါပြောခဲ့သနည်း။ ဤသို့ပြောပြီး ဘာကို ငါက ရှင်းပြလိုသနည်း။ ငါသင်တို့ကို ဘာအသိပေးလိုသနည်း။ တဖန် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးက သူ၏အနှစ်သာရကို ပြသသည့်ပုံစံ တစ်ခုလော။ ဤအရာတို့က သူ၏ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို သက်သေပြသည့် သူ့အနှစ်သာရ၏ အစိတ်အပိုင်းတစ်ခုလော။ ငါဘာကိုပြောသွားမည်ဆိုသည်ကို ဤမေးခွန်းတို့က သင်တို့ကို ပြပြီးပြီလော။ ငါသင်တို့ကို ဘာကို နားလည်စေချင်သနည်း။ ၎င်းကို ဂရုတစိုက်နှင့် စဉ်းစားပါ။

ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆန့်ကျင်သည့်အတွက် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသအားဖြင့် ဖျက်ဆီးခံရသည်

ပထမဆုံး “သောဒုံမြို့ကို ဘုရားသခင်၏ ဖန်ဆင်းခြင်း”ကို ဖော်ပြထားတဲ့ ကျမ်းပိုဒ်အချို့ကို ကြည့်ကြရအောင်။

ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါ ထ၍ မြေ၌ ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက် စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံး လမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ်သွေးဆောင်သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။ ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကို ဝိုင်း၍၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့်အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။

ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။

ဤစာပိုဒ်များမှတဆင့် သောဒုံမြို့၏ မတရားမှုနှင့် အကျင့်ပျက်စီးမှုက လူသားနှင့်ဘုရားသခင် နှစ်ဦးလုံးအတွက် စက်ဆုပ်ဖွယ်ကောင်းသည့် အဆင့်တစ်ခုကို ရောက်နေပြီဖြစ်ကြောင်းနှင့် ထို့ကြောင့် ဘုရားသခင်၏ အမြင်မှာ ဤမြို့ကို ဖျက်ဆီးခံရသင့်သည်ဆိုကြောင်းကို သိမြင်ဖို့ မခက်ခဲပေ။ သို့သော်လည်း မပျက်စီးခင်မှာ မြို့ထဲ၌ ဘာတွေဖြစ်ခဲ့သနည်း။ လူတွေက ဤဖြစ်ရပ်များမှ မည်သည့်လှုံ့ဆော် အားပေးမှု ရယူနိုင်သနည်း။ ဤဖြစ်ရပ်များအပေါ်တွင် ဘုရားသခင်၏ သဘောထားက သူ၏စိတ်သဘောထားနှင့်ပတ်သက်ပြီး လူတို့အား မည်သည်တို့ကို ပြသသနည်း။ ဇာတ်လမ်းတစ်ခုလုံးကို နားလည်ဖို့အတွက် ကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အရာကို ဂရုတစိုက် ဖတ်ကြည့်ရအောင်...

သောဒုံမြို့ရဲ့ ဖောက်ပြန်ပျက်စီးမှု။ လူသားအတွက် စိတ်တိုချင်စရာကောင်းပြီး ဘုရားသခင်အတွက် ဒေါသထွက်စရာကောင်းသည်

ထိုည၌ လောတသည် ဘုရားသခင်ဆီမှ သတင်းစကားပို့ဆောင်သူနှစ်ယောက်ကို လက်ခံရရှိပြီး သူတို့အတွက် စားသောက်ပွဲတစ်ခု ပြင်ဆင်ခဲ့သည်။ ညစာစားပြီးနောက် သူတို့မလှဲခင်မှာ မြို့တစ်ခုလုံးမှ လူတွေက လောတ၏အိမ်ကို ဝိုင်းထားပြီး လောတကို အော်ခေါ်သည်။ ကျမ်းစာမှာ သူတို့ ဤသို့ပြောထားချက်များကို မှတ်တမ်းတင်ထားပါသည်။ “ယနေ့ညမှာ သင့်အိမ်သို့ ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့” ဤစကားလုံးများကို မည်သူပြောခဲ့သနည်း။ မည်သူ့ကို သူတို့ပြောခဲ့သနည်း။ ဤစကားလုံးများက လောတကို ရည်ရွယ်ပြီး လောတ၏အိမ်အပြင်ဘက်မှ အော်ခေါ်သည့် သောဒုံမြို့က လူတို့၏ စကားလုံးများ ဖြစ်သည်။ ဤစကားလုံးများကို ကြားရသည့်အခိုက် မည်သို့ခံစားရသနည်း။ ဒေါသအမျက် ခြောင်းခြောင်းထွက်သလော။ ဤစကားလုံးများက သင့်ကို ရွံ့မုန်းစေသလော။ ဒေါသစိတ်များနှင့် သင်တနုံ့နုံ့ဖြစ်နေသလော။ ဤစကားလုံးများက စာတန်၏ အငွေ့အသက်ဆိုးများ မဟုတ်ဘူးလော။ ၎င်းတို့မှတစ်ဆင့် ဤမြို့၏ ဆိုးယုတ်မှုနှင့် မှောင်မိုက်မှုကို သင်ခံစားရနိုင်သလော။ သူတို့၏ စကားလုံးများမှတစ်ဆင့် ဤလူတို့၏ အပြုအမူများ၏ ရက်စက် ရိုင်းစိုင်းမှုကို သင်ခံစားသိရှိနိုင်သလော။ သူတို့၏ အပြုအမူများမှတစ်ဆင့် သူတို့၏ ဖောက်ပြန်ပျက်စီးခြင်းအတိမ်အနက်ကို ခံစားသိရှိနိုင်သလော။ သူတို့ပြောဆိုသည့် အကြောင်းအရာများမှတစ်ဆင့် သူတို့၏ မတရားသည့် သဘောသဘာဝနှင့် ရိုင်းစိုင်းကြမ်းကြုတ်သည့် စိတ်သဘောထားများက သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်သည့် အဆင့်အထိ ရောက်ရှိနေသည်ဆိုသည်ကို မြင်ဖို့ မခက်ခဲပေ။ လောတကလွဲပြီး ဤမြို့က လူတိုင်းသည် စာတန်နှင့် မကွာခြားပေ။ တစ်ခြားလူကို မြင်ရုံနှင့်ပင် ထိုလူတို့ကို သူတို့က အန္တရာယ်ပြုပြီး ဝါးမျိုချင်ကြသည်။ ဤအရာတို့သည် မြို့၏ ထိတ်လန့်စရာ၊ ကြောက်စရာ သဘောသဘာဝ၏ ခံစားချက်များကို ပေးရုံမက မြို့တဝိုက်က သေမင်း၏ ရောင်ဝါလက္ခဏာကိုလည်း ပေးသည်။ မြို့၏ မတရားမှုနှင့် ရက်စက်ကြမ်းတမ်းမှု ခံစားချက်ကိုလည်း ပေးသည်။

သူသည် လူမဆန်သည့် လူရမ်းကားအဖွဲ့နှင့် ဝိညာဉ်များကို ဝါးမျိုမည့်ရည်ရွယ်ချက်များနှင့် ပြည့်နေသည့် လူတို့နှင့် မျက်နှာချင်းဆိုင်ရသည့်အခါမှာ လောတက မည်သို့တုံ့ပြန်ခဲ့သနည်း။ ကျမ်းစာအရ “ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏။” သူ့စကားလုံးများနှင့် ၎င်းတို့ကို ဆိုလိုက်သည်။ သတင်းစကားပို့ဆောင်သူများကို ကာကွယ်ဖို့ သူသည် သူ့သမီးနှစ်ဦးကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေခဲ့သည်။ စဉ်းစားမနေဘဲနှင့် ဤလူများသည် လောတ၏ သတ်မှတ်ချက်ကို သဘောတူပြီး သတင်းစကားပို့ဆောင်သူနှစ်ဦးကို ထားခဲ့လိုက်သင့်သည်။ အမှန်တကယ်တွင်မူ သတင်းစကားပို့ဆောင်သူတွေက သူတို့အတွက် သူတို့နှင့် ဘာမှမသက်ဆိုင်သည့် လူတွေဖြစ်သည့် စင်စစ်လူစိမ်းများပင်ဖြစ်သည်။ ဤသတင်းစကားပို့ဆောင်သူ နှစ်ဦးက သူတို့အကျိုးစီးပွားကို တစ်ခါမှ မထိခိုက်ဖူးပေ။ သို့သော်လည်း သူတို့၏ မတရားသည့် သဘောသဘာဝ၏ တွန်းအားပေးမှုကြောင့် ဤကိစ္စကို ဤနေရာမှာ ချန်မထားပေ။ ထိုအစား သူတို့၏ အားထုတ်မှုများကို ပို၍ပင် အရှိန်မြှင့်လိုက်ကြသည်။ ဤနေရာမှာ သူတို့၏ ခွန်းကြီးခွန်းငယ်စကားနောက်တစ်ခုက ဤလူများ၏ အမှန်တကယ်ကြမ်းတမ်းသည့် သဘောသဘာဝကို ပိုပြီးသိမြင်စေနိုင်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်က ဤမြို့ကို ဘာကြောင့်ဖျက်ဆီးချင်သည်ဆိုသည့် အကြောင်းရင်းကိုလည်း သိပြီး နားလည်သဘောပေါက်စေသည်။

သည်တော့ သူတို့ ဘာထပ်ပြောခဲ့ကြသနည်း။ သမ္မာကျမ်းစာက ဖော်ပြချက်အရ “သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။” သူတို့ ဘာကြောင့်တံခါးကို ချိုးဖျက်ချင်သနည်း။ အကြောင်းရင်းက သူတို့သည် ဤသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို အန္တရာယ်ဖြစ်စေဖို့ အလွန်စိတ်လောနေ၍ပင် ဖြစ်သည်။ ဤသတင်းစကားပို့ဆောင်သူနှစ်ယောက်က သောဒုံမြို့မှာ ဘာလုပ်နေကြသနည်း။ ဤနေရာကို လာခြင်း၏ သူတို့ရည်ရွယ်ချက်က လောတနှင့် သူ့မိသားစုကို ကယ်တင်ဖို့အတွက်ဖြစ်သည်။ သို့သော်လည်း သူတို့သည် အာဏာဆိုင်ရာ ရာထူးများကို ယူဖို့လာသည်ဟု ဤမြို့မှလူများက မှားယွင်းစွာ ထင်မြင်ခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်ကို မမေးဘဲ ဤမြို့မှလူများက ဤသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို ကြမ်းတမ်းစွာ အန္တရာယ်ပြုချင်အောင် လုပ်စေခြင်းက ထင်မြင်ချက်တစ်ခုသာ ဖြစ်သည်။ သူတို့နှင့် ဘာမှ မသက်ဆိုင်သည့် ဤလူနှစ်ယောက်ကို သူတို့က အန္တရာယ်ပေးချင်ခဲ့ကြသည်။ ဤမြို့မှလူများသည် သူတို့၏ ကြင်နာမှုနှင့် ကျိုးကြောင်းဆင်ခြင်မှုကို လုံးဝ ဆုံးရှုံးသွားပြီဆိုသည်မှာ ရှင်းပါသည်။ သူတို့၏ ရူးသွပ်မှုနှင့် ကြမ်းတမ်းမှု အဆင့်က စာတန်၏ အန္တရာယ်ပြုတတ်သည့် ကြမ်းတမ်းသည့် သဘာဝနှင့် လူသားကို ဝါးမျိုခြင်းနှင့် ဘာမှမကွာခြားတော့ပေ။

ဤလူတို့ကို လောတဆီမှ သူတို့ တောင်းဆိုသည့်အခါ လောတက ဘာလုပ်ခဲ့သနည်း။ စာသားများအရ လောတက သူတို့ကို လွှဲမပေးခဲ့ကြောင်းကို ငါတို့သိရသည်။ လောတက ဘုရားသခင်၏ ဤသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို သိသလော။ မည်သို့သိမည်နည်း။ သို့သော်လည်း သူက ဘာကြောင့် ဤလူတို့ကို ကယ်တင်နိုင်ခဲ့သနည်း။ သူတို့ ဘာလာလုပ်သည်ဆိုသည်ကို သူသိခဲ့သလော။ သူတို့လာရခြင်း အကြောင်းကို သူမသိခဲ့သော်ငြားလည်း သူတို့က ဘုရားသခင်၏ အစေခံများဖြစ်သည်ဆိုသည်ကိုတော့ သူသိခဲ့သည်။ ထို့ကြောင့် သူတို့ကို လက်ခံခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဤအစေခံများကို သူက အရှင်တို့ဟု ခေါ်နိုင်ခြင်းက လောတသည် သောဒုံမြို့အတွင်းမှာရှိသည့် အခြားလူများကဲ့သို့ မဟုတ်ဘဲ ဘုရားသခင်၏ ပုံမှန် နောက်လိုက်တစ်ယောက် ဖြစ်သည်ဆိုသည်ကို ပြသည်။ ထို့ကြောင့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူတွေက သူ့ဆီကို လာသည့်အခါမှာ ဤအစေခံနှစ်ယောက်ကို လက်ခံဖို့ သူ့အသက်ကို သူစွန့်စားသည်။ ထို့အပြင် ဤအစေခံနှစ်ယောက်ကို ကာကွယ်ဖို့အတွက် သူ့သမီးနှစ်ယောက်ကိုလည်း အလဲအလှယ်အဖြစ် ပေးလိုက်သည်။ ၎င်းသည် လောတ၏ ဖြောင့်မတ်သည့် လုပ်ရပ်ပင်ဖြစ်သည်။ လောတ၏ သဘောသဘာဝနှင့် အနှစ်သာရတို့၏ ရှင်းလင်းမြင်သာသည့် ဖော်ပြချက်တစ်ခုလည်း ဖြစ်သည်။ ဤအချက်ကလည်း ဘုရားသခင်က လောတကို ကယ်တင်ဖို့ သူ၏ အစေခံတို့ကို လွှတ်ခဲ့ရခြင်းအကြောင်းဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါမှာ လောတက ဘာကိုမှ ငဲ့ကွက်မနေဘဲ ဤအစေခံနှစ်ယောက်ကို ကာကွယ်ခဲ့သည်။ အစေခံများ ဘေးကင်းရေးအတွက် သူ့သမီးနှစ်ယောက်နှင့်ပင် လဲလှယ်ဖို့ ကြိုးစားခဲ့သည်။ လောတကလွဲပြီး ဤအရာမျိုးကို လုပ်ဆောင်နိုင်သည့်သူ မြို့ထဲမှာ မည်သူရှိမည်နည်း။ အချက်အလက်များက သက်သေပြထားသည့်အတိုင်းပင်၊ မရှိပေ။ ထို့ကြောင့် လောတကလွဲပြီး သောဒုံမြို့မှာရှိသည့် လူတိုင်းက ဖျက်ဆီးဖို့အတွက် သတ်မှတ်ချက်ဖြစ်ပြီး ဖျက်ဆီးခံရသင့်သည့် သတ်မှတ်ချက်တစ်ခုလည်း ဖြစ်သည်ဆိုသည်မှာ ပြောနေစရာမလိုတော့ပေ။

သောဒုံမြို့သည် ဘုရားသခင်၏ အမျက်တော်ကို ထိခိုက်သည့်အတွက် ဖျက်ဆီးခံရဖို့ ဖြစ်လာသည်

သောဒုံမြို့က လူများသည် ဤအစေခံနှစ်ယောက်ကို မြင်သည့်အခါမှာ သူတို့ လာရခြင်းအကြောင်းကို မမေးခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အလိုတော်ကို ဖြန့်ဝေဖို့ သူတို့လာခဲ့ကြခြင်းလားဆိုသည်ကိုလည်း မမေးခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ဆူပူသောင်းကျန်းသည့်လူအုပ်ကြီးဖြစ်လာပြီး ရှင်းပြချက်ကို မစောင့်ဘဲ ဤအစေခံနှစ်ယောက်ကို ခွေးရိုင်းများ သို့မဟုတ် ကြမ်းတမ်းရက်စက်သည့် ဝံပုလွေများကဲ့သို့ အမိဖမ်းဖို့ ရောက်လာခဲ့ကြသည်။ ဘုရားသခင်က ၎င်းတို့ ဖြစ်ပျက်နေချိန်မှာ စောင့်ကြည့်နေခဲ့သလော။ ဤကဲ့သို့လူသားအပြုအမူ၊ ဤအရာမျိုးနှင့်ပတ်သက်ပြီး ဘုရားသခင်က သူ့နှလုံးသားမှာ မည်သည်ကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်က ဤမြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့သည်။ သူက တွန့်ဆုတ်ခြင်း၊ သို့မဟုတ် စောင့်နေခြင်းမျိုး လုပ်မှာမဟုတ်သကဲ့သို့ ဆက်ပြီး စိတ်ရှည်သည်းခံနေမှာလည်း မဟုတ်ပေ။ သူ၏နေ့ရက်က ရောက်လာပြီ။ ထို့ကြောင့် သူလုပ်လိုသည့် အလုပ်ကို ပြင်ဆင်သည်။ ထို့ကြောင့် ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ မှာ ပြောထားသည်။ “ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။” ဤကျမ်းပိုဒ်နှစ်ပိုဒ်က ဤမြို့ကို ဘုရားသခင်ဖျက်ဆီးသည့် နည်းလမ်းကို လူတို့အား ပြောပြသည်။ ဘုရားသခင်က ဘာကို ဖျက်ဆီးသည်ဆိုသည်ကိုလည်း လူတို့အား ပြောပြသည်။ ပထမဆုံး ဘုရားသခင်က ဤမြို့ကို မီးနှင့် လောင်ကျွမ်းစေပုံ၊ မီး၏ ပမာဏက လူတို့အားလုံးနှင့် မြေပြင်မှာပေါက်သည့်အရာတွေအားလုံးကို ဖျက်ဆီးဖို့ လုံလောက်ပုံကို သမ္မာကျမ်းစာမှာ ပြန်လည်ဖော်ပြထားသည်။ ဆိုလိုသည်မှာ မိုးကောင်းကင်မှ ကျလာသည့် မီးသည် မြို့ကို ဖျက်ဆီးရုံတင်မကဘဲ မြို့ထဲက လူအားလုံးနှင့် အသက်ရှင်သည့်အရာအားလုံးကိုလည်း ဖျက်ဆီးခဲ့သည်။ အားလုံး ဘာတစ်ခုမျှ မကျန်ရစ်ပေ။ မြို့ကို ဖျက်ဆီးပြီးနောက်မှာ မြေပြင်မှာ အသက်ရှင်သည့်အရာ ဘာမျှ မရှိတော့ပေ။ သက်ရှိမရှိသကဲ့သို့ ရှိသည့်အရိပ်အယောင်လည်း မရှိပေ။ မြို့သည် စွန့်ပစ်နယ်မြေဖြစ်လာပြီး တိတ်ဆိတ်မှုနှင့် ပြည့်နေသည့် ဘာမှမရှိသည့် နေရာဖြစ်လာခဲ့သည်။ ဤနေရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် မကောင်းသည့်လုပ်ရပ်များ ရှိမှာမဟုတ်တော့ပေ။ သတ်ဖြတ်ခြင်းများ သို့မဟုတ် သွေးစွန်းခြင်းများ ရှိမှာမဟုတ်တော့ပေ။

ဘုရားသခင်က ဘာကြောင့် ဤမြို့ကို သေသေချာချာ မီးရှို့ပစ်ချင်ခဲ့သနည်း။ ဤနေရာမှာ သင်တို့ ဘာကိုတွေ့နိုင်သနည်း။ ဘုရားသခင်က သူကိုယ်တိုင် ဖန်ဆင်းထားသည့်အရာများဖြစ်သည့် လူသားမျိုးနွယ်နှင့် သဘာဝကို ဤကဲ့သို့ဖျက်ဆီးခံရခြင်းကို ကြည့်နိုင်ပါ့မည်လော။ မိုးကောင်းကင်မှ ကျရောက်လာသည့် မီးမှတဆင့် ယေဟောဝါဘုရားသခင်၏ ဒေါသကို သင်သိမြင်နိုင်လျှင် သူ၏ဖျက်ဆီးမှု ဦးတည်ချက်မှတဆင့်၊ ဤမြို့ ဖျက်ဆီးခံရသည့် အဆင့်မှတဆင့် သူ၏ဒေါသအဆင့်ကို သိမြင်ဖို့ မခက်ခဲပေ။ ဘုရားသခင်က မြို့တစ်မြို့ကို စက်ဆုပ်ရွံရှာသည့်အခါ သူ၏ အပြစ်ဒဏ်ခတ်မှုကို ဤမြို့ပေါ်မှာ သူကျရောက်စေမှာပင်ဖြစ်သည်။ ဘုရားသခင်က မြို့တစ်မြို့ကို ရွံရှာစိတ်ပျက်သည့်အခါ သူသည် လူတို့အား သူ၏ဒေါသကို အသိပေးရင်း၊ သတိပေးချက်များကို ထပ်ခါထပ်ခါ ထုတ်ပြလိမ့်မည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို အဆုံးသတ်ဖို့၊ ဖျက်ဆီးဖို့ ဆုံးဖြတ်သည့်အခါ၌၊ ဆိုလိုသည်မှာ သူ၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ထိခိုက်ခံရလျှင် သူသည် နောက်ထပ်ပြစ်ဒဏ်ခတ်ခြင်းများ သို့မဟုတ် သတိပေးခြင်းများကို ပြုလုပ်မှာမဟုတ်ပေ။ ထိုအစား ထိုမြို့ကို တိုက်ရိုက် ဖျက်ဆီးမှာဖြစ်ပါသည်။ လုံးဝ ပျောက်ကွယ်သွားအောင် သူလုပ်လိမ့်မည်။ ဤသည်မှာဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားပင်ဖြစ်သည်။

ဘုရားသခင်အပေါ် သောဒုံမြို့၏ ထပ်ခါထပ်ခါ ဆန့်ကျင်ခြင်းနှင့် ရန်လိုခြင်းများပြီးနောက်မှာ သူသည် မြို့ကို လုံးဝ အမြစ်ဖြတ် ဖျက်ဆီးသည်

ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် အကြမ်းဖျင်းနားလည်မှုရှိပြီးသည်နှင့် အပြစ်တရား၏မြို့အနေနှင့် ဘုရားသခင်မြင်ခဲ့သည့် သောဒုံမြို့ကို ငါတို့ ပြန်ပြီး အာရုံစိုက်၍ရပါသည်။ ဤမြို့၏ အနှစ်သာရကို နားလည်ခြင်းအားဖြင့် ဘုရားသခင်က ဘာကြောင့် ဤမြို့ကို ဖျက်ဆီးချင်သည်ဆိုသည်နှင့် ဘာကြောင့် သူ လုံးဝအကုန်ဖျက်ဆီးပစ်ခဲ့ခြင်းကို သိနိုင်သည်။ ဤအချက်မှတဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိလာနိုင်သည်။

လူသား၏ ရှုထောင့်အမြင်မှတဆင့်ကြည့်လျှင် သောဒုံမြို့သည် လူသား၏ ဆန္ဒနှင့် လူသား၏ မကောင်းမှုကို အပြည့်အဝ ဖြည့်ဆည်းနိုင်သည့် မြို့ဖြစ်သည်။ တေးဂီတတို့နှင့် တစ်ညပြီးတစ်ည ကခုန်ရင်း၊ ဆွဲဆောင်ရင်း၊ ဖမ်းစားရင်းနှင့်၊ ဤမြို့၏ ကြွယ်ဝခြင်းက လူသားကို စွဲမက်ခြင်းနှင့် ရူးသွပ်မှုများ ဖြစ်စေခဲ့သည်။ သူ၏ မကောင်းမှုက လူတို့၏နှလုံးသားကို တိုက်စားခဲ့ပြီး ဆုတ်ယုတ်ခြင်းဖြစ်အောင် သူတို့ကို ဖမ်းစားခဲ့သည်။ ယင်းသည် မသန့်ရှင်းသည့် ဝိညာဉ်များနှင့် ဆိုးယုတ်သည့် ဝိညာဉ်များ သွားလာရမ်းကားနေသည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။ အပြစ်တရားများ၊ သတ်ဖြတ်ခြင်းများနှင့် ပြည့်လျှံနေခဲ့ပြီး သွေးနံ့များ၊ အပုပ်နံ့များနှင့် ပြည့်နေခဲ့သည်။ ယင်းသည် လူတို့ကို အလွန်ပင်ကြောက်ရွံ့စေသည့်၊ ပြန်ထွက်ပြေးစေသည့် မြို့တစ်မြို့ဖြစ်သည်။ ဤမြို့၌ အမျိုးသမီး၊ အမျိုးသား၊ ငယ်ရွယ်သူ၊ အသက်ကြီးရင့်သူများ မည်သူကမျှ မှန်ကန်သည့်လမ်းခရီးကို မရှာဖွေခဲ့ကြပေ။ မည်သူမျှ အလင်းကို မတောင့်တခဲ့ကြပေ။ သို့မဟုတ် အပြစ်မှ ဝေးရာသို့ လျှောက်သွားဖို့ ဆန္ဒမရှိခဲ့ကြပေ။ သူတို့သည် စာတန်၏ ထိန်းချုပ်မှု၊ ဖောက်ပြန်ပျက်စီးမှုနှင့် လှည့်စားမှုတို့အောက်မှာ အသက်ရှင်နေထိုင်ခဲ့ကြသည်။ သူတို့၏ လူ့သဘာဝတို့ ပျောက်ဆုံးသွားခဲ့သည်။ သူတို့၏ အသိစိတ်တို့ ပျောက်ဆုံးသွားခဲ့သည်။ ထို့အပြင် လူသား၏ မူလ ဖြစ်တည်မှုပန်းတိုင် ပျောက်ဆုံးသွားခဲ့သည်။ ဘုရားသခင်ကို ခုခံဆန့်ကျင်သည့် မရေမတွက်နိုင်သည့် ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်များကို သူတို့ကျူးလွန်ခဲ့ကြသည်။ သူ၏လမ်းညွှန်မှုကို ငြင်းဆန်ပြီး သူ့အလိုတော်ကို ဆန့်ကျင်ခဲ့ကြသည်။ ဤလူများ၊ ဤမြို့နှင့် မြို့ထဲ၌ရှိသည့် သက်ရှိတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် ပျက်စီးခြင်းလမ်းသို့ သယ်ဆောင်ခဲ့သည်မှာ သူတို့၏ ကောက်ကျစ်စဉ်းလဲသည့် လုပ်ရပ်များပင်ဖြစ်သည်။

သောဒုံမြို့မှလူတို့၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာကို ဖော်ပြသည့် အသေးစိတ် အချက်အလက်တို့ကို ဤစာနှစ်ပိုဒ်မှာ မှတ်တမ်းမတင်ထားသော်လည်း မြို့ထဲကို ဤလူနှစ်ယောက်ရောက်ပြီးနောက် ဘုရားသခင်၏ အစေခံနှစ်ယောက်အပေါ် သူတို့၏ အပြုအမူများကို မှတ်တမ်းတင်ထားရင်း၊ ရိုးရှင်းသည့် အမှန်တရားက သောဒုံ၏ လူတို့သည် ဖောက်ပြန်ပျက်စီးသည်၊ ဆိုးယုတ်သည်၊ ဘုရားသခင်ကို ဆန့်ကျင်သည်ဆိုသည့် အတိုင်းအတာများကို ဖွင့်ပြနိုင်သည်။ ဤအချက်နှင့် ဤမြို့မှ လူတို့၏ စရိုက်အမှန်နှင့် အနှစ်သာရကိုလည်း ဖော်ထုတ်ခဲ့သည်။ ဘုရားသခင်၏ သတိပေးချက်ကို သူတို့ လက်မခံခဲ့ရုံတင်မကဘဲ သူ၏ပြစ်ဒဏ်ခတ်မှုကိုလည်း မကြောက်ရွံ့ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ ဒေါသကို အရေးမလုပ်ခဲ့ပေ။ သူတို့သည် ဘုရားသခင်ကို မျက်ကန်းတောတိုး ဆန့်ကျင်ခဲ့သည်။ သူမည်သည်ကိုလုပ်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သို့လုပ်ခဲ့သည်ဖြစ်စေ သူတို့၏ ကြမ်းတမ်းရက်စက်သည့် သဘောသဘာဝက ပိုပြင်းထန်လာပြီး ဘုရားသခင်ကို အကြိမ်ကြိမ်အခါခါ ဆန့်ကျင်ခဲ့ကြသည်။ သောဒုံမြို့၏လူတို့သည် ဘုရားသခင်၏တည်ရှိမှု၊ သူ၏ လာရောက်မှု၊ သူ၏ ပြစ်ဒဏ်ခတ်မှုနှင့် ၎င်းထက်ပို၍ သူ၏သတိပေးချက်ကိုပင် ရန်လိုခဲ့ကြသည်။ ၎င်းတို့နှင့်ပတ်သက်ပြီး အကျိုးဖြစ်ထွန်းမှု ဘာတစ်ခုမှ သူတို့မမြင်ခဲ့ကြပေ။ အန္တရာယ်ပြုပြီး ဝါးမျိုဖျက်ဆီး၍ရသည့် လူအားလုံးကို သူတို့ အန္တရာယ်ပြုပြီး ဝါးမျိုဖျက်ဆီးခဲ့ကြသည်။ ထို့နောက် ဘုရားသခင်၏ အစေခံတို့ကိုလည်း သူတို့ ဤကဲ့သို့ပင် ဆက်ဆံခဲ့ကြသည်။ သောဒုံမြို့၏လူတို့ ကျူးလွန်ခဲ့သည့် ဆိုးယုတ်သည့် လုပ်ဆောင်မှု တစ်ခုလုံးနှင့်ပတ်သက်လျှင် ဘုရားသခင်၏ အစေခံတို့ကို အန္တရာယ်ပြုခြင်းက သေးသေးလေးပင် ရှိပါသေးသည်။ ထို့နောက် ဤနေရာမှာ သူတို့ဖွင့်ပြသည့် သူတို့၏ ဆိုးယုတ်သည့် သဘောက ပင်လယ်ပြင်ကြီးထဲက ရေတစ်စက်ထက် အနည်းငယ်ပိုရုံပင်ရှိပါသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို မီးနှင့် ဖျက်ဆီးဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က မြို့ကိုဖျက်ဆီးဖို့အတွက် ရေလွှမ်းမိုးခြင်းကို အသုံးမပြုသကဲ့သို့ ဟာရီကိန်းမုန်တိုင်း၊ ငလျင်၊ ဆူနာမီ သို့မဟုတ် အခြားနည်းလမ်းတို့ကိုလည်း အသုံးမပြုခဲ့ပေ။ ဤမြို့ကို ဖျက်ဆီးဖို့ ဘုရားသခင်က မီးကိုအသုံးပြုခဲ့ခြင်းသည် ဘာကိုညွှန်ပြသနည်း။ ၎င်းသည် မြို့၏ လုံးဝ ပျက်စီးခြင်းကို ဆိုလိုပါသည်။ မြို့သည် ကမ္ဘာပေါ်မှ၊ တည်ရှိနေရာမှ လုံးဝ ပျောက်ကွယ်သွားသည်ဟု ဆိုလိုပါသည်။ ဤနေရာမှာ “ဖျက်ဆီးခြင်း”က ဤမြို့၏ ပုံစံ၊ အဆောက်အဦး သို့မဟုတ် အပြင်ပိုင်း အသွင်အပြင်ကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ မြို့ထဲမှာရှိသည့် လူတို့၏ ဝိညာဉ်များသည် လုံးဝ ဖယ်ရှားခံရပြီး ဆက်လက်မတည်ရှိတော့ဘူးဟု ရည်ညွှန်းသည်။ ရိုးရိုးပြောရလျှင် မြို့နှင့်ဆက်စပ်နေသည့် လူအားလုံး၊ အဖြစ်အပျက်နှင့် အကြောင်းအရာအားလုံးက ဖျက်ဆီးခံခဲ့ရသည်။ သူတို့အတွက် နောက်ဘဝ သို့မဟုတ် ပြန်လည်မွေးဖွားလာခြင်း ရှိမှာမဟုတ်ပေ။ ဘုရားသခင်သည် သူ၏ဖန်ဆင်းထားချက်များဖြစ်သည့် သူတို့ကို လူသားမျိုးနွယ်မှ ဖယ်ရှင်းခဲ့သည်။ “မီးကိုအသုံးပြုခြင်း”က အပြစ်တရားကို ရပ်တန့်ခြင်းကို ရည်ညွှန်းပါသည်။ ဆိုလိုသည်မှာ အပြစ်တရား၏ အဆုံးသတ်ဖြစ်ပါသည်။ ဤအပြစ်တရားက ဖြစ်တည်မှု၊ ပျံ့နှံ့မှုတို့ ဆက်လက် တည်ရှိတော့မှာ မဟုတ်ပေ။ စာတန်၏ ဆိုးယုတ်မှုက သူ့ကိုပျိုးထောင်ပေးနေသည့် မြေကြီးနှင့် သူနေဖို့၊ အသက်ရှင်ဖို့ ပေးအပ်ခဲ့သည့် သင်္ချိုင်းလည်း ပျောက်ဆုံးသွားပြီဟု ဆိုလိုပါသည်။ ဘုရားသခင်နှင့် စာတန်ကြားက စစ်ပွဲ၌ ဘုရားသခင်၏ မီးကို အသုံးပြုခြင်းက စာတန်ကို အမှတ်အသားလုပ်ခဲ့သည့် သူ၏အနိုင်ယူမှု အမှတ်တံဆိပ်ပင် ဖြစ်ပါသည်။ သောဒုံမြို့၏ ပျက်စီးခြင်းသည် လူသားကို ဖျက်ဆီးခြင်းနှင့် ဝါးမျိုခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ဖို့ဖြစ်သည့် စာတန်၏ ရည်ရွယ်ချက်မှာ ကြီးကျယ်သည့် အမှားအယွင်းတစ်ခုဖြစ်ပါသည်။ လူသားသည် ဘုရားသခင်၏ လမ်းညွှန်မှုကို ငြင်းဆန်ခဲ့ပြီး သူ့ကိုယ်သူ မကောင်းမှုဒုစရိုက်ဆီသို့ စွန့်လွှတ်လိုက်သည့်အခါ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အချိန်တစ်ခု၏ ရှက်စရာကောင်းသည့် သင်္ကေတတစ်ခုလို ဖြစ်ခဲ့သည်။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ စစ်မှန်သောဖွင့်ပြချက် မှတ်တမ်းတစ်ခုဖြစ်ပါသည်။

မိုးကောင်းကင်မှ ဘုရားသခင် စေလွှတ်လိုက်သည့် မီးသည် သောဒုံမြို့ကို ပြာများအဖြစ် ပြောင်းပစ်လိုက်သည့်အခါမှာ “သောဒုံ” ဟုခေါ်သည့်မြို့သည် မြို့ထဲမှာ ရှိသည့်အရာရာတိုင်း ပျောက်ကွယ်သွားသကဲ့သို့ ပျောက်ကွယ်သွားဖို့ ရည်ရွယ်ပါသည်။ ထိုမြို့သည် ဘုရားသခင်၏ ဒေါသအားဖြင့် ဖျက်ဆီးခံရပါသည်။ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်အောက်မှာ ပျောက်ဆုံးသွားခဲ့ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကြောင့် သောဒုံမြို့သည် သူ၏ထိုက်တန်သည့် အပြစ်ဒဏ်ခတ်မှုကို ရရှိခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကြောင့် ဤမြို့၏ ထိုက်တန်သည့်အဆုံးသတ်ကို ဤမြို့က ရရှိခဲ့ပါသည်။ သောဒုံမြို့၏ တည်ရှိမှု အဆုံးသတ်ရခြင်းက သူ၏ မကောင်းမှုကြောင့်ဖြစ်ပြီး ဤမြို့နှင့် ဤမြို့မှာနေထိုင်ခဲ့သည့် လူတိုင်း သို့မဟုတ် မြို့ထဲမှာ ကြီးပြင်းခဲ့သည့် သက်ရှိမှန်သမျှကို ဘယ်တော့မှ မကြည့်ရှုတော့ဖို့ဖြစ်သည့် ဘုရားသခင်၏ ဆန္ဒကြောင့်လည်းဖြစ်ပါသည်။ “ဤမြို့ကို ဘယ်တော့မှ မကြည့်ရှုတော့ဖို့ ဘုရားသခင်၏ ဆန္ဒ” သည် သူ၏ အမျက်ဒေါသဖြစ်ပြီး သူ၏ ဘုန်းအာနုဘော်လည်းဖြစ်ပါသည်။ ဤမြို့၏ မတရားမှုနှင့် အပြစ်တရားတို့သည် သူ့ကို ဒေါသထွက်စေသည်၊ ဤမြို့အပေါ်မှာ ရွံရှာ မုန်းတီးစေပြီး ဤမြို့ကို သို့မဟုတ် ဤမြို့ထဲက လူမှန်သမျှနှင့် သက်ရှိတို့ကို လုံးဝ မမြင်ချင်တော့ခြင်းတို့ကြောင့် ဘုရားသခင်သည် ဤမြို့ကို မီးလောင်ကျွမ်းစေခဲ့ခြင်း ဖြစ်ပါသည်။ မြို့သည် မီးလောင်ပြီးသည်နှင့် ပြာတွေသာ ကျန်ရစ်ပြီး ဘုရားသခင်၏အမြင်မှာ အမှန်တကယ် ပျောက်ကွယ်သွားခဲ့သည်။ ဤမြို့နှင့်ပတ်သက်သည့် မှတ်ဉာဏ်များကိုပင်လျှင် ဖျက်ပစ်ပြီး ပျောက်ကွယ်သွားပါပြီ။ ဤသည်မှာ မိုးကောင်းကင်မှ စေလွှတ်လိုက်သည့် မီးသည် သောဒုံတစ်မြို့လုံးနှင့် မြို့ထဲမှာရှိသည့် မတရားမှုတို့နှင့် ပြည့်နေသည့် လူများ၊ မြို့ထဲမှာရှိသည့် အပြစ်တရားနှင့်စွန်းထင်းနေသည့် အရာအားလုံးတို့ကို ဖျက်ဆီးရုံတင်မကဘဲ ထို့ထက်ပိုပြီး ဤမီးသည် ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ ဆိုးယုတ်မှုနှင့် ခုခံဆန့်ကျင်မှု၏ မှတ်ဉာဏ်များကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဆိုလိုပါသည်။ ဤသည်မှာ ဤမြို့ကို လောင်ကျွမ်းစေရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်ပါသည်။

လူသားမျိုးနွယ်တစ်ခုသည် လွန်လွန်ကျူးကျူး ဖောက်ပြန်ပျက်စီးလာခဲ့သည်။ ဘုရားသခင်က မည်သူဆိုခြင်း သို့မဟုတ် သူတို့ ဘယ်နေရာမှလာသည်ဆိုခြင်းကို မသိကြပေ။ သင်က ဘုရားသခင်အကြောင်းကို ပြောလျှင် ဤလူတို့က တိုက်ခိုက်ကြမည်၊ အသရေဖျက်ကြမည်၊ ဘုရားကို စော်ကားပြောဆိုကြပါလိမ့်မည်။ ဘုရားသခင်၏ အစေခံများလာရောက်ပြီး ဘုရားသခင်၏ သတိပေးချက်ကို ဖြန့်သည့်အခါမှာပင် ဖောက်ပြန်ပျက်စီးသည့် ဤလူတို့သည် နောင်တရသည့် လက္ခဏာများကို မပြရုံတင်မကဘဲ သူတို့၏ ဆိုးယုတ်သည့် အပြုအမူများကို မစွန့်လွှတ်ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ဘုရားသခင်၏ အစေခံတို့ကို အရှက်အကြောက်မရှိ အန္တရာယ်ပြုခဲ့ကြသည်။ သူတို့ထုတ်ဖော် ဖွင့်ပြသည့်အရာများသည် ဘုရားသခင်အပေါ် အလွန်အကျူးရန်လိုခြင်းနှင့် ပတ်သက်သည့် သူတို့၏ သဘောသဘာဝနှင့် အနှစ်သာရများပင်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် ဤလူတို့၏ ဘုရားသခင်အပေါ် ဆန့်ကျင်မှုသည် သူတို့၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖွင့်ပြခြင်းထက် ပိုကြောင်းတွေ့ရသည်၊ သမ္မာတရားကို နားလည်မှု မရှိခြင်းမှလာသည့် အသရေဖျက်မှု သို့မဟုတ် လှောင်ပြောင်မှုဖြစ်ရပ်တစ်ခုထက် ပိုသကဲ့သို့ပင်ဖြစ်သည်။ မိုက်မဲခြင်း သို့မဟုတ် ပညာမဲ့ခြင်းတို့က သူတို့၏ ဆိုးယုတ်သည့် အပြုအမူကို ဖြစ်စေခြင်းမဟုတ်ပေ။ ဤလူများသည် လှည့်စားခံထားရခြင်းကြောင့် မဟုတ်ပေ။ အလိုက်မှားခြင်းကြောင့်လည်း သေချာပေါက် မဟုတ်ပေ။ သူတို့၏အပြုအမူသည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အရှက်မရှိ မကြောက်မရွံ့ မုန်းတီးမှု၊ ဆန့်ကျင်မှုနှင့် ဆူပူသောင်းကျန်းမှုအဆင့်ကို ရောက်နေပါပြီ။ သံသယဖြစ်နေစရာမလိုပေ။ ဤကဲ့သို့ လူသားအပြုအမူမျိုးက ဘုရားသခင်ကို ဒေါသထွက်စေမှာအမှန်ပင်ဖြစ်သည်။ ထို့နောက် ထိပါးခြင်း မပြုရမည့် စိတ်သဘောထားဖြစ်သည့် သူ၏စိတ်သဘောကို ဒေါသထွက်စေမည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်ကို ဖွင့်ချပြီး တိုက်ရိုက် ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အမှန်တကယ် ဖွင့်ပြခြင်းပင်ဖြစ်သည်။ အပြစ်တို့နှင့် ပြည့်လျှံနေသည့် မြို့ကို ရင်ဆိုင်ရပြီးနောက်မှာ ဘုရားသခင်သည် ဤမြို့ကို တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနှင့် ဖျက်ဆီးဖို့ ဆန္ဒရှိခဲ့သည်။ ဤမြို့မှလူတို့ ပျောက်ကွယ်သွားအောင် ပြုလုပ်ဖို့၊ ဤနေရာက အပြစ်များကို ထပ်ဆင့်ပွားများခြင်းမှ ရပ်တန့်ဖို့ မြို့အတွင်းမှာရှိသည့် လူတို့နှင့် သူတို့၏အပြစ်အလုံးစုံကို အပြည့်စုံဆုံးနည်းလမ်းနှင့် အမြစ်ဖြတ်ပစ်လိုခဲ့သည်။ ဤကဲ့သို့လုပ်ရန် အမြန်ဆုံးနှင့် အပြည့်စုံဆုံးနည်းလမ်းက လောင်မီးနှင့် လောင်ကျွမ်းစေခြင်းပင်ဖြစ်သည်။ သောဒုံမြို့ကလူတွေအပေါ် ဘုရားသခင်၏ သဘောထားသည် စွန့်ပစ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းတို့ မဟုတ်ဘဲ သူသည် ဤလူတို့ကို အပြစ်ဒဏ်ခတ်ဖို့၊ ရိုက်ချဖို့နှင့် လုံးဝ ဖျက်ဆီးပစ်ဖို့ သူ၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာကို အသုံးပြုခဲ့သည်။ သူတို့အပေါ် ဘုရားသခင်၏ သဘောထားသည် ရုပ်ပိုင်းဆိုင်ရာဖျက်ဆီးခြင်းသာမကဘဲ ထာဝရ ချေဖျက်ခြင်းဖြစ်သည့် ဝိညာဉ်ကို ဖျက်ဆီးခြင်းလည်း ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် “ပျောက်ကွယ်” သွားဖို့ ဘုရားသခင်၏ ဆန္ဒ၏ အမှန်တကယ် ရိုက်ခတ်မှုဖြစ်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။