ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၄

ငါ့ကို ချီးမွမ်းရာ၌ ကောင်းကင်တမန်များသည် တေးဂီတကို တီးမှုတ်လေသောအခါ ဤသီချင်းသံသည် လူသားအတွက် ငါ၏ စာနာခြင်းကို မလှုံ့ဆော်ဘဲ မနေနိုင်။ ချက်ချင်းဆိုသလိုပင် ငါ၏ နှလုံးသားသည် ဝမ်းနည်းခြင်းနှင့် ပြည့်လာပြီး ဤစိတ်မချမ်းမြေ့စရာ စိတ်ခံစားချက်မှ ငါ့ကိုယ်ငါ ဖယ်ရှားပစ်ရန် မဖြစ်နိုင်ချေ။ လူသားနှင့် ခွဲခွာခဲ့ရပြီးနောက် ပြန်လည်ပေါင်းစည်းခဲ့ရသည့် ပူဆွေးခြင်းများနှင့် ဝမ်းမြောက်ခြင်းများ၌ ငါတို့သည် ခံစားချက်များကို ဖလှယ်ရန် မတတ်နိုင်။ အထက်အရပ် ကောင်းကင်ဘုံထဲနှင့် အောက်အရပ် ကမ္ဘာမြေကြီးအပေါ် ကွဲနေခဲ့ပြီး လူသားနှင့် ငါသည် ပုံမှန်တွေ့ဆုံရန် မတတ်နိုင်ကြ။ ယခင်ခံစားချက်များကို တသလွမ်းဆွတ်ခြင်းမှ မည်သူသည် ချိုးဖောက်လွန်မြောက် နိုင်သနည်း။ အတိတ်အကြောင်းကို ပြန်လည် စားမြုံ့ပြန်ခြင်းကို မည်သူသည် ရပ်တန့်နိုင်သနည်း။ မည်သူသည် အတိတ်ခံစားချက်များ၏ ဆက်လက်၍ ဖြစ်ပေါ်တည်ရှိခြင်းကို မမျှော်လင့်လိမ့်မည်နည်း။ မည်သူသည် ငါ၏ ပြန်လာခြင်းကို မအောက်မေ့ဘဲ ရှိလိမ့်မည်နည်း။ လူသားနှင့် ငါ၏ ပြန်လည်ပေါင်းစည်းခြင်းကို မည်သူသည် မတောင့်တဘဲ ရှိလိမ့်မည်နည်း။ ငါ၏ စိတ်နှလုံးသည် အလွန်အမင်း သောကရောက်လျက်ရှိပြီး လူသား၏ ဝိညာဉ်သည် အလွန်အမင်း စိတ်ပူပန်လျက်ရှိသည်။ ဝိညာဉ်သဘောအရ ထပ်တူညီသော်လည်း ငါတို့သည် မကြာခဏပင် အတူတကွ မရှိနိုင်ကြ၊ မကြာခဏပင် အချင်းချင်း မြင်တွေ့၍ မရနိုင်ကြ။ ထို့ကြောင့် လူသားမျိုးနွယ် အားလုံး၏ အသက်တာသည် ပူဆွေးသောကနှင့် တင်းကျမ်းပြည့်နှက်နေပြီး ရှင်သန်မှုစွမ်းအားလည်း ကင်းမဲ့နေသည်၊ အကြောင်းမှာ လူသားသည် ငါ့ကို အစဉ်အမြဲ တမ်းတနေခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ လူသတ္တဝါများသည် ကောင်းကင်ဘုံမှ တိုက်ချခံလိုက်ရသော အရာဝတ္ထုများ ဖြစ်သည့်အလား၊ ငါ့ကို မြေပြင်ပေါ်မှ စူးစိုက် မော်ကြည့်လျက် ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ငါ၏ အမည်ကို ဟစ်ခေါ်ကြသည်၊ သို့သော်လည်း ၎င်းတို့သည် ငမ်းငမ်းတက် ဆာလောင်နေသော ဝံပုလွေ၏ အန္တရာယ်မှ အဘယ်သို့လျှင် ၎င်းတို့ ကိုယ်ကိုယ် လွတ်မြောက်အောင် လုပ်ဆောင်နိုင်မည်နည်း။ ၎င်းတို့သည် ထိုဝံပုလွေ၏ ခြိမ်းခြောက်ခြင်းများနှင့် ဖြားယောင်းသွေးဆောင်မှုများမှ အဘယ်သို့လျှင် မိမိတို့ကိုယ်မိမိတို့ ကင်းဝေးစေနိုင်မည်နည်း။ ငါ့အစီအစဉ်၏ စီစဉ်ခြင်းကို နာခံခြင်းအားဖြင့် လူသတ္တဝါများသည် မိမိတို့ကိုယ်မိမိတို့ အဘယ်သို့လျှင် မစွန့်လွှတ်နိုင်ဘဲ ရှိမည်နည်း။ ထိုသူတို့သည် ကျယ်ကျယ် လောင်လောင် တောင်းပန်တိုးလျှိုးသောအခါ ငါသည် ၎င်းတို့ထံမှ ငါ၏မျက်နှာကို လွှဲလိုက်သည်၊ ဆက်လက်၍ ကြည့်ရန် ငါမခံရပ်နိုင်တော့၊ သို့သော်လည်း အဘယ်သို့လျှင် ငါသည် ၎င်းတို့၏ မျက်ရည်ပြည့်လျှမ်းသော အော်ဟစ်သံများကို မကြားနိုင်ဘဲနှင့် ရှိမည်နည်း။ လူ့လောကကြီး၏ မတရားခြင်းများကို ငါပြင်မည်။ ငါ၏ လူများကို နောက်တစ်ဖန် ဘေးပြုခြင်းမှ စာတန်ကို တားမြစ်လျက်၊ ရန်သူများကို ၎င်းတို့စိတ်ကြိုက် နောက်တစ်ဖန် လုပ်နေခြင်းမှ တားမြစ်လျက် လောကတစ်လွှားတွင် ငါ၏ အလုပ်ကို ငါကိုယ်တိုင်၏ လက်များနှင့် ဆောင်ရွက်မည်။ ငါ၏ ရန်သူများ အားလုံးကို မြေပေါ်သို့ လဲကျစေလျက် ၎င်းတို့၏ ပြစ်မှုများကို ငါ့ရှေ့မှောက် ဝန်ခံလာရန် ပြုလျက် ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှင်ဘုရင် ဖြစ်လာမည်ဖြစ်ပြီး ငါ၏ပလ္လင်ကို ထိုနေရာသို့ ရွှေ့မည်။ ငါ၏ ဝမ်းနည်းမှုထဲတွင် အမျက်ဒေါသသည် ရောထွေးစပ်ယှက်နေသည်၊ မည်သူ့ကိုမျှ ချမ်းသာမပေးဘဲ ငါ့ရန်သူများ၏ နှလုံးသားများ အတွင်းသို့ ထိတ်လန့်ကြောက်ရွံ့ခြင်းကို ထည့်သွင်းလျက် စကြဝဠာ တစ်ခုလုံးကို ပြားချပ်သွားအောင် ငါနင်းခြေမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အပျက်အစီးများအဖြစ်သို့ ယုတ်လျော့စေ၍ ငါ၏ ရန်သူများကို ထိုအပျက်အစီးများအထဲသို့ လဲကျစေမည်၊ ထိုသို့အားဖြင့် ထိုအချိန်မှစ၍ ၎င်းတို့သည် လူသားမျိုးနွယ်ကို နောက်ထပ် ယိုယွင်းဖျက်ဆီးခြင်း မပြုနိုင်ရန် ဖြစ်သည်။ ငါ၏ အစီအစဉ်သည် သတ်မှတ်ထားပြီး ဖြစ်သည်၊ မည်သို့သောသူပင် ဖြစ်နေပါစေ မည်သူကမျှ ထိုအစီအစဉ်ကို ပြောင်းလဲနိုင်မည် မဟုတ်။ စကြဝဠာအထက်တွင် ငါသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသော ခမ်းနားထည်ဝါမှုနှင့် လှည့်လည် သွားလာသည့်အခါ လူသားမျိုးနွယ် အားလုံးသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး အရာခပ်သိမ်းသည် ပြန်လည်နှိုးထလာကြလိမ့်မည်။ လူသားသည် ထပ်၍ငိုကြွေးတော့မည် မဟုတ်ဘဲ အကူအညီရရန် ငါ့ထံသို့ ထပ်၍ဟစ်ခေါ်ကြမည် မဟုတ်တော့။ ထို့နောက် ငါ၏ နှလုံးသားသည် ရွှင်လန်းလိမ့်မည် ဖြစ်ပြီး လူတို့သည် အောင်ပွဲခံရန် ငါ့ထံသို့ ပြန်လာကြ လိမ့်မည်။ ထိပ်ဆုံးမှ အောက်ခြေအထိ စကြဝဠာ တစ်ခုလုံးသည် ဝမ်းမြောက် ခြင်း၌ လှုပ်ရှားကြလိမ့်မည်...

ယနေ့ လောကကြီး၏ တိုင်းနိုင်ငံများအကြား အထမြောက်ရန် ငါစတင်ခဲ့သော အလုပ်ကို ငါသည် လုပ်ဆောင်နေသည်။ ငါ၏ အစီအစဉ်အတွင်း အလုပ်အားလုံးကို လုပ်ဆောင်လျက် ငါသည် လူသားမျိုးနွယ်၏ အလယ်တွင် လှုပ်ရှားသွားလာပြီး လူသားမျိုးနွယ် အားလုံးသည် ငါ၏ အလိုတော်နှင့်အညီ လောကကြီး၏ အမျိုးမျိုးအစားစားသော တိုင်းနိုင်ငံများကို ဖြိုခွဲနေကြသည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် မိမိတို့၏ အာရုံကို မိမိတို့ကိုယ်တိုင်၏ ခရီးဆုံးပန်းတိုင်ပေါ် စူးစိုက်ထားသည်၊ အကြောင်းမှာ နေ့ရက်အချိန်သည် နီးကပ်လာနေပြီး ကောင်းကင်တမန်များသည် ၎င်းတို့၏ တံပိုးများကို မှုတ်နေကြပြီ ဖြစ်သည့်အတွက် ဖြစ်သည်။ အချိန်ထပ်ဆွဲခြင်းတို့ ရှိလိမ့်မည် မဟုတ်တော့၊ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့သည် ထို့နောက် ချက်ချင်းပင် ၀မ်းမြောက်ခြင်း၌ စတင်ကခုန်ကြလိမ့်မည်။ မည်သူသည် ၎င်းတို့သဘောရှိ ငါ၏ နေ့ရက်ကို ရှည်စေနိုင်သနည်း။ ကမ္ဘာမြေသားလော။ သို့မဟုတ် မိုးကောင်းကင်မှ ကြယ်များလော။ သို့တည်းမဟုတ် ကောင်းကင်တမန်များလော။ ဣသရေလလူများ၏ ကယ်တင်ခြင်းကို စတင်ရန်အလို့ငှာ ငါသည် မိန့်မြွက်ချက်ကို ပြုသောအခါ ငါ၏ နေ့ရက်သည် လူသားမျိုးနွယ် အားလုံးအပေါ်သို့ ဖိနှိပ်လေသည်။ လူသားတိုင်းသည် ဣသရေလ ပြန်လာမည်ကို ကြောက်ရွံ့ကြ၏။ ဣသရေလ ပြန်လာသောအခါ ယင်းသည် ငါ့ဘုန်းတော်၏ နေ့ရက်ဖြစ်လိမ့်မည် ဖြစ်ပြီး ထိုအချိန်သည် အရာခပ်သိမ်းတို့ ပြောင်းလဲပြီး အသစ်ပြုပြင်ခြင်းကို ခံလာရသော နေ့ရက်လည်းဖြစ်လိမ့်မည်။ ဖြောင့်မတ်သော တရားစီရင်ခြင်းသည် စကြဝဠာတစ်ခွင်လုံးသို့ ကျရောက်အံ့ဆဲဆဲ ချဉ်းကပ်လာသည်နှင့် လူသားအားလုံးမှာ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်မှုတို့ ကြီးထွားလာသည်၊ အဘယ်ကြောင့် ဆိုသော် လူ့လောကထဲ၌ ဖြောင့်မတ်ခြင်းဟူသည်မှာ မရှိစဖူး၍ ဖြစ်သည်။ ဖြောင့်မတ်ခြင်း၏နေသည် ထွက်ပေါ်လာသောအခါ အရှေ့အရပ်သည် ထွန်းလင်းလိမ့်မည် ဖြစ်ပြီး ထို့နောက်တွင် ၎င်းမှတစ်လှည့် လူတိုင်းဆီသို့ ရောက်ရှိရင်းနှင့် စကြဝဠာ တစ်ခွင်လုံးသို့ အလင်းပေးလိမ့်မည်။ အကယ်၍ လူသားသည် ငါ၏ ဖြောင့်မတ်ခြင်းကို ဧကန်စင်စစ်ပင် ပြည့်စုံစေနိုင်ပါက အဘယ်အရာကို ကြောက်စရာရှိသနည်း။ ငါ၏ လူများ အားလုံးသည် ငါ၏နေ့ရက် ဆိုက်ရောက်ခြင်းကို စောင့်မျှော်နေကြသည်၊ ၎င်းတို့အားလုံးသည် ငါ့နေရက်၏ ရောက်လာခြင်းကို တောင့်တကြသည်။ လူသားမျိုးနွယ် အားလုံးအပေါ်သို့ အပြစ်ဒဏ်ကို ယူဆောင်လာရန်နှင့် ဖြောင့်မတ်ခြင်း၏နေဖြစ်သော ငါ၏ အခန်းကဏ္ဍအားဖြင့် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို စီစဉ်ရန် အလို့ငှာ ၎င်းတို့သည် ငါ့ကို စောင့်မျှော်နေကြသည်။ ငါ၏နိုင်ငံတော်သည် စကြဝဠာတစ်ခွင် အထက်တွင် ပုံသဏ္ဌာန်ပေါ်လာနေပြီ ဖြစ်ပြီး ငါ၏ ပလ္လင်သည် သန်းပေါင်းရာပေါင်းများစွာသော လူတို့၏ နှလုံးသားများထဲ၌ သြဇာ လွှမ်းမိုး၏။ ငါ၏ ကြီးမြတ်သော ပြီးမြောက်အောင်မြင်ခြင်းသည် ကောင်းကင်တမန်များ၏ အကူအညီနှင့် မကြာမီတွင် အသီးသီးလိမ့်မည် ဖြစ်သည်။ ငါ၏ သားများနှင့် ငါ၏ လူများအားလုံးတို့သည် ငါ၏ ပြန်လာခြင်း ကို အသက်ပင် ရဲရဲမရှုရဲဘဲ စောင့်မျှော်နေကြသည်၊ ၎င်းတို့နှင့် ပြန်လည်ပေါင်းစည်းရန်၊ မည်သည့်အခါမျှ နောက်တစ်ဖန် ထပ်၍ မခွဲခွာတော့ရန် ငါ့ကို တောင့်တနေကြသည်။ ငါသည် ၎င်းတို့နှင့် အတူရှိခြင်းကြောင့် ငါ့နိုင်ငံတော်၏ အသင်္ချေ များလှသော လူထုသည် ရွှင်လန်းဝမ်းမြောက်သော အောင်ပွဲခံခြင်းဖြင့် အချင်းချင်းဆီသို့ အဘယ်သို့လျှင် မပြေးကြဘဲ နေနိုင်လိမ့်မည်နည်း။ ဤပေါင်းစည်းခြင်းမှာ မည်သည့် အဖိုးအခမှ ပေးရန်မလိုအပ်သော ပြန်လည်ပေါင်းစည်းခြင်းမျိုး ဖြစ်နိုင်သလော။ လူသားအားလုံးတို့၏ မျက်လုံးများထဲတွင် ငါသည် ဂုဏ်သိက္ခာ ရှိသည်၊ အားလုံးတို့၏ စကားများတွင် ငါသည် ကြွေးကြော်ခြင်း ခံရသည်။ ငါပြန်လာသည့်အခါ ရန်သူ၏ အင်အားစု အားလုံးတို့ကို သာ၍များစွာပင် သိမ်းပိုက်မည်။ အချိန်ရောက်လာလေပြီ။ ငါ၏အလုပ်ကို ငါသည် စတင် လည်ပတ်စေမည်၊ လူသားတို့အလယ်တွင် ငါသည် ရှင်ဘုရင်အဖြစ် စိုးစံမည်။ ငါသည် ပြန်လာမည့်ဆဲဆဲ ရှိပြီး၊ ငါသည် ထွက်ခွာသွားလုဆဲဆဲ ရှိသည်။ ဤသည်မှာ လူတိုင်း မျှော်လင့်နေသော အရာဖြစ်ပြီး ဤသည်မှာ ၎င်းတို့ လိုလားသော အရာဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ငါ့နေ့ရက်၏ ဆိုက်ရောက်ခြင်းကို ငါမြင်စေမည်ဖြစ်ပြီး ၎င်းတို့အား ငါ၏နေ့ရက် ရောက်လာခြင်းကို ဝမ်းမြောက်ခြင်းနှင့် ကြိုဆိုစေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၇)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၁

ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း လူသားအပေါ် ကျေးဇူးတော် နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၉၈

နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၈

ဆုတောင်းခြင်းနှင့် ပတ်သက်၍ အခြေခံအကျဆုံး အသိပညာ- ၁။ စိတ်ထဲက ပေါ်လာသည့် အရာမှန်သမျှကို ကျိုးကြောင်းမမြင်ဘဲ မပြောနှင့်။ သင်၏စိတ်နှလုံးတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၆

နိုင်ငံတော်ခေတ် အစပြုသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို စပြောခဲ့သည်။ အနာဂတ်တွင် ထိုနှုတ်ကပတ်တော်များ တဖြည်းဖြည်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။