ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၄

ဘုရားသခင်နှင့် လူတို့ကို တန်းတူ ပြော၍မရပါ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အမှုသည် အလွန်နက်နဲပြီး လူတို့နားမလည်နိုင်ပါ။ ဘုရားသခင်သည် လူ့လောကတွင် သူ၏အမှုကို ကိုယ်တိုင် မဆောင်ရွက်သလို သူ၏ နှုတ်ကပတ်တော်တို့ကိုလည်း မပြောကြားပါက လူတို့သည် ဘုရားသခင်၏ အလိုကို ဘယ်သောအခါမျှ နားလည်နိုင်လိမ့်မည်မဟုတ်ပါ၊ ထို့ကြောင့်ဘုရားသခင်ကို ဘဝတစ်လျှောက်လုံး ဆက်ကပ်အပ်နှံခဲ့သည့် သူတို့သည်ပင်လျှင် ဘုရားသခင်၏ အတည်ပြုခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ လူသားတို့၏ ဆောင်ရွက်ချက်သည် မည်မျှပင် ကောင်းမွန်စေကာမူ ဘုရားသခင်၏အမှု မပါဝင်ပါက အရာမရောက်ပါ။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်များသည် လူတို့၏ စိတ်ကူးအကြံများထက် အမြဲ မြင့်မားနေမည် ဖြစ်ပြီး ဘုရားသခင်၏ ဉာဏ်ပညာကို လူတို့ နားလည်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို “ရှင်းလင်းစွာ သိသည်” ဆိုသူများမှာ အရည်အချင်းမရှိ၊ သူတို့အားလုံးသည် စိတ်ကြီးဝင်၍ ပညာမဲ့သူများ ဖြစ်သည်ဟု ငါဆိုသည်။ လူသားတို့သည် ဘုရားသခင်၏ အမှုကို ကောက်ချက်မချသင့်ပါ၊ သည့်အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို ကောက်ချက်ချနိုင်စွမ်းမရှိပါ။ ဘုရားသခင်၏အမြင်တွင် လူသားတို့သည် ပုရွက်ဆိတ်ထက်ပင် သေးငယ်ပေသေးသည်။ သို့ဖြစ်လျှင် လူသားတို့သည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ “ဘုရားသခင်က ဒီလိုမလုပ်ဘူး သို့မဟုတ် ဟိုလို မလုပ်ဘူး” သို့မဟုတ် “ဘုရားသခင်က ဒီလိုပဲ သို့မဟုတ် ဟိုလိုပဲ” ဟု စဉ်ဆက်မပြတ် ပြောဆိုနေကြသူများ ရှိသည်။ သူတို့အားလုံး စိတ်ကြီးဝင်နေခြင်း မဟုတ်ပါလော။ အသွေးအသားဖြင့် တည်ဆောက်ထားသော လူများ အားလုံးကို စာတန်ဖျက်ဆီးထားကြောင်းကို ငါတို့အားလုံး သိသင့်သည်။ ဘုရားသခင်ကို ဆန့်ကျင်ရန်မှာ သူတို့၏သဘာဝဖြစ်ပြီး သူတို့သည် ဘုရားသခင်နှင့် တန်းတူရည်တူ မဟုတ်ရုံမက ဘုရားသခင်၏ အမှုအား သူတို့က လမ်းညွှန်အကြံပြုခြင်းမှာ ပို၍ပင် မဖြစ်နိုင်ပါ။ လူသားတို့ကို ဘုရားသခင်က မည်သို့ ဦးဆောင်လမ်းပြသည် ဆိုသည်မှာ ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ဖြစ်ပါသည်။ လူသားဆိုသည်မှာ ဖုန်မှုန့်သာ ဖြစ်သည့်အတွက် လူသားတို့သည် ထိုကဲ့သို့သောအမြင်ကို ကိုင်စွဲမထားသင့်ဘဲ ကျိုးနွံနာခံသင့်ပါသည်။ ဘုရားသခင်ကို ရှာဖွေရန် ငါတို့ ကြိုးစားသောကြောင့် ဘုရားသခင်၏ ဆင်ခြင် သုံးသပ်မှုအတွက် ဘုရားသခင်၏ အမှုအပေါ် ငါတို့၏ အယူအဆများကို ထည့်သွင်းခြင်း မပြုသင့်ပါ။ အနည်းဆုံး ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ရည်ရွယ်ကြိုးစားသည့် ငါတို့၏ ဖောက်ပြန်သော စိတ်သဘောထားကို ငါတို့ အသုံးမပြုသင့်ပါ။ ယင်းက ငါတို့ကို အန္တိခရစ်များ မဖြစ်စေဘူးလား။ ထိုသို့သောသူများက ဘုရားသခင်ကို ယုံကြည်ပါသည်ဟု အဘယ်ကဲ့သို့များ ပြောနိုင်ပါလိမ့်။ ဘုရားသခင်တစ်ပါး ရှိသည်ဟု ငါတို့ ယုံကြည်ပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းလျက် ဘုရားသခင်ကို တွေ့မြင်လိုသည့်အတွက် ငါတို့သည် သမ္မာတရားလမ်းကို ရှာဖွေသင့်ပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်မည့် နည်းလမ်းတစ်ခုကို ရှာဖွေသင့်သည်။ ငါတို့သည် ဘုရားသခင်ကို ခေါင်းမာစွာဖြင့် မဆန့်ကျင်သင့်ပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မည်သည့် ကောင်းခြင်းများ ရရှိသနည်း။

ယနေ့ ဘုရားသခင်ထံတွင် အမှုသစ်ရှိပါသည်။ ဤစကားများကို သင်လက်ခံချင်မှ လက်ခံပေလိမ့်မည်၊ သင့်အတွက် ထူးဆန်းသည်ဟု ခံစားရနိုင်သည်၊ သို့သော် သင်၏ သဘာဝကို ထုတ်ဖော်ပြသခြင်း မပြုရန် ငါအကြံပြုသည်။ အကြောင်းမှာ ဘုရားသခင် ရှေ့တွင် ဖြောင့်မတ်မှုကို အမှန်တကယ် ဆာငတ်သော သူများသာလျှင် သမ္မာတရားကို ရရှိနိုင်မည်ဖြစ်သည်။ အမှန်တကယ် ရိုသေကိုင်းရှိုင်းသူများသာ ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြပို့ဆောင်ခြင်းကို ရရှိနိုင်ပါသည်။ အငြင်းအခုံများမှ တစ်ဆင့် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် မည်သည့်အရာမျှ ရရှိလာမည်မဟုတ်ပါ။ တည်ငြိမ်စွာ ရှာဖွေမှ သာလျှင် ရလဒ်များကို တွေ့ရှိပါလိမ့်မည်။ “ယနေ့ ဘုရားသခင်ထံတွင် အမှုသစ်ရှိသည်” ဟု ငါပြောသောအခါ ဘုရားသခင် လူသားအဖြစ်သို့ ပြန်လည် ကြွရောက်ခြင်းကို ငါရည်ညွှန်းသည်။ ဤစကားများကို သင်အလေးမထားခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ သို့မဟုတ် အလွန်စိတ်ဝင်စားခြင်းတို့ ဖြစ်ကောင်းဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင် ကြွရောက်ခြင်းကို အမှန်တကယ် တောင့်တသူတို့အားလုံး ဤအချက်ကို ရင်ဆိုင်နိုင်ပြီး သေသေချာချာ စဉ်းစားရန် ငါမျှော်လင့်သည်။ ချက်ချင်းအမြန် ဆုံးဖြတ်ချက်မချလိုက်ဖို့ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ဤသည်မှာ ပညာရှိသူတို့ လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ပါသည်။

ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန် လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာ သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ ကြည့်ပြီး ဘုရားသခင်၏ အနှစ်သာရကို မကြည့်ပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။ အပြင်ပန်းပုံသဏ္ဌာန်သည် အနှစ်သာရကို မတိုင်းတာနိုင်ပါ၊ ထို့ပြင် ဘုရားသခင်၏ အမှုသည် လူတို့၏ အယူအဆနှင့် ဘယ်သောအခါမျှ သဘောချင်း ကိုက်ညီမည် မဟုတ်ပါ။ ယေရှု၏ အပြင်ပန်း ပုံသဏ္ဌာန်သည် လူတို့၏ အယူအဆများနှင့် ကွဲပြားခဲ့သည် မဟုတ်ပါလား။ ယေရှု၏ သွင်ပြင်နှင့် အဝတ်အစားသည် သူသည် အမှန်တကယ် မည်သူမည်ဝါ ဖြစ်ကြောင်းကို သဲလွန်စပေးနိုင်ခြင်း မရှိခဲ့ဘူး မဟုတ်လား။ အစောပိုင်းက ဖာရိရှဲများက ယေရှုကို ဆန့်ကျင်ခြင်း အကြောင်းရင်းမှာ သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ပြီး သူပြောသော စကားများကိုမူ နှလုံးမသွင်းခဲ့ကြခြင်းကြောင့် မဟုတ်ပါလား။ ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကို ရှာဖွေကြသော ညီအစ်ကို မောင်နှမများသည် သမိုင်းထဲက အဖြစ်ဆိုးလို ထပ်မံမဖြစ်ကြစေရန် ငါမျှော်လင့်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ အဖြစ် ဘုရားသခင်ကို ကားတိုင်တွင် ရိုက်ထားသူများ ထပ်မံ မဖြစ်ပါစေနှင့်။ သင်တို့သည် ဘုရားသခင် ပြန်လည်ကြွလာခြင်းကို မည်သို့ ကြိုဆိုရန် သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံအပ်နှံထားသည့် သူတစ်ဦး မည်သို့ဖြစ်ရန် ကြည်လင်သောစိတ်ထား ရှိသင့်ပါသည်။ ဤသည်မှာ သခင်ယေရှုသည် မိုးတိမ်များနှင့်အတူ ပြန်လည်ကြွမြန်းလာမည်ကို စောင့်ကြိုနေသည့် လူတိုင်း၏ တာဝန်ဖြစ်ပါသည်။ ငါတို့၏ ဝိညာဉ် မျက်စိကို ပွတ်သပ်ကြည့်သင့်ပြီး စိတ်ကူးယဉ် စကားလုံးများ၏ သားကောင်ဘဝသို့ မကျရောက်သင့်ပါ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ လုပ်ဆောင်မှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ စစ်မှန်သည့်ဘက်ကို ကြည့်သင့်သည်။ စိတ်ကူးယဉ်မှုများတွင် သင်တို့ကိုယ်သင်တို့ ပျောက်ဆုံး ဝေးလွင့်မသွားပါစေနှင့်၊ သူ့ကို ဘယ်သော အခါကမျှ မသိခဲ့ဖူး သို့မဟုတ် မမြင်ဖူးရုံမက သူ၏ အလိုကို မည်သို့ဆောင်ရွက်ရမည်ကို မသိသော သင်တို့အား ဆောင်ယူရန် သခင်ယေရှုသည် သင်တို့အကြားသို့ မိုးတိမ်ပေါ်မှ ရုတ်တရက် ကြွရောက် ဆင်းသက်လာမည့်နေ့ကို အမြဲတမ်း စောင့်စားမနေပါနှင့်။ လက်တွေ့ကျသော ကိစ္စများအကြောင်း တွေးတော ကြည့်ရသည်မှာ ပိုကောင်းသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၃

ယောဘကို စာတန် နောက်ထပ်တဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ဆိုးသောအနာစိမ်းများ စွဲကပ်ခြင်း) က။ ဘုရားသခင် ပြောသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၄

သင်တို့က စွမ်းဆောင်ရရှိရန် ငါမျှော်လင့်သည့် အရာများစွာရှိ၏။ သို့ရာတွင် သင်တို့၏ လုပ်ဆောင် ချက်များနှင့် သင်တို့၏ အသက်တာအားလုံးတို့သည် ငါ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၄

ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေဖို့၊ ဦးစွာပထမ သူ၏ စုံလင်စေခြင်းသည် မည်သည့်အရာ ဆိုလိုသည်၊ စုံလင်စေခြင်းခံရဖို့အလို့ငှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၃

ဓမ္မသစ်ကျမ်း၏ ရှင်မဿဲခရစ်၀င်ကျမ်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်းကို မှတ်တမ်းတင်ထားသည်။ အစပိုင်းတွင် ယေရှုသည် အာဗြဟံနှင့် ဒါဝိဒ်၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။