ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၂

လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန် လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ လူသားအား ၎င်း၏နာခံမှုမရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိခဲ့ဘဲ သူ၏အမှုကို သူကိုယ်တိုင် ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို အောင့်ခံ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့သက်ဆိုင်နိုင်သနည်း။ သူ၏ အသက်တာကို ငရဲ၌ အဘယ်သို့ကုန်ဆုံးနိုင်သနည်း။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ သက်သာခြင်းသို့ရောက်ရန် သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့လာရန် အရှက်ကွဲခြင်းကို အောင့်ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင် လူသားကိုကယ်တင်ရန် သူကိုယ်တိုင် “ငရဲ” နှင့် “မရဏနိုင်ငံ” အတွင်း၊ ကျားအောင်းဂူအတွင်း ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အားဆန့်ကျင်ရန် အဘယ်သို့ အရည်အချင်း မီသနည်း။ ဘုရားသခင်အကြောင်း နောက်ထပ် တစ်ကြိမ် ညည်းညူရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။ ဘုရားသခင်ကို နောက်ထပ်ကြည့်ရန် သူသည် အဘယ်သို့ အတင့်ရဲနိုင်မည်နည်း။ ကောင်းကင်ဘုံ၏ဘုရားသခင်သည် အညစ်ပေဆုံးသော ဤဒုစရိုက်ပြည်သို့လာရောက်ခဲ့ပြီး သူ၏ မကျေနပ်မှုများကို မည်သည့်အခါမျှ ထွက်ပေါက်ရှာခဲ့ဖူးခြင်း သို့မဟုတ် လူသားအကြောင်း ညည်းညူခဲ့ခြင်း မရှိဘဲ ယင်းအစား လူသား၏ ဒဏ်ရာဒဏ်ချက်များ နှင့် ဖိနှိပ်မှုတို့ကို တိတ်ဆိတ်စွာ လက်ခံ၏။ လူသား၏ မလျော်ကန်သောတောင်းဆိုမှုများကို မည်သည့်အခါမျှ တုံ့ပြန်ထိုးနှက်တိုက်ခိုက်ခြင်း မရှိ၊ မည်သည့်အခါမျှ လူသားအပေါ် တောင်းဆိုမှုများ လွန်ကဲစွာ မပြုခဲ့ဖူးဘဲ လူသားအပေါ် မလျော်ကန်သော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးပေ၊ သူသည် သင်ကြားခြင်း၊ အသိဉာဏ် ပွင့်လင်းစေခြင်း၊ အပြစ်တင်ခြင်း၊ နှုတ်ကပတ်တော်များအား စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အလေးအနက်တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းစသည့် လူသား လိုအပ်သည့်အလုပ်ကို ညည်းညူမှုမရှိဘဲ လုပ်ဆောင်ရုံသာရှိ၏။ သူ၏အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ ဘဝအတွက် မဟုတ်သနည်း။ သူသည် လူသား၏ မျှော်လင့်ချက်များ နှင့် ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသား၏ရှင်သန်နိုင်ရေးအတွက် မဟုတ် သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် ညတမျှ မည်းနက်သော အမှောင်စွမ်းအား၏ ဒုက္ခဝေဒနာနှင့် ဖိနှိပ်ခြင်းတို့မှ လူသားအား လွတ်မြောက်စေရန် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသားအတွက် မဟုတ်သနည်း။ ချစ်ခင်ကြင်နာသောမိခင်ကဲ့သို့ဖြစ်သည့် ဘုရားသခင်၏နှလုံးသားကို မည်သူနားလည်နိုင်သနည်း။ စိတ်အားထက်သန်သော ဘုရားသခင်၏နှလုံးသားကို မည်သူနားလည်နိုင်သနည်း။ ဘုရားသခင်၏ပြင်းပြသောနှလုံးသားနှင့် အလွန်တက်ကြွသော မျှော်လင့်ချက်များသည် အေးစက်သောနှလုံးသားများ၊ အကြင်နာတရားမဲ့သော ဂရုမစိုက်သည့် မျက်လုံးများ၊ လူသား၏ ကြိမ်ဖန်တလဲ အပြစ်ဖော်ဆုံးမခြင်းများနှင့် စော်ကားမှုများ၊ နာကျည်းစေသောဝေဖန်ချက်များ၊ ထေ့လုံးငေါ့လုံးနှင့် သိမ်ငယ်စေမှု တို့ဖြင့် ကျေးဇူးဆပ်ခံခဲ့ရ၏၊ လူသား၏လှောင်ပြောင်မှု၊ သူ၏ စော်ကားမှုနှင့် ငြင်းပယ်မှု၊ သူ၏နားလည်သဘောပေါက်မှုလွဲခြင်းနှင့် ညည်းတွားခြင်းနှင့် ကွဲကွာခြင်းနှင့် ရှောင်ရှားခြင်းတို့ဖြင့် ကျေးဇူးဆပ်ခံခဲ့ရကာ လှည့်ဖြားမှု၊ တိုက်ခိုက်မှုများနှင့် ခါးသီးမှုတို့ မှလွဲ၍ မည်သည့်အရာမျှမပါရှိပေ။ နွေးထွေးသောစကားများသည် ရက်စက်ကြမ်းကြုတ်သော မျက်ခုံးများနှင့် လှုပ်ယမ်းနေသော လက်ချောင်းတစ်ထောင်တို့၏ လှိုက်လှဲပျူငှာမှုကင်းသော အာခံမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်သည် ခေါင်းငုံ့လျက် လူတို့အား လိုလားမှုရှိသည့် နွားထီးကဲ့သို့ အစေခံကာ သည်းခံရုံသာတတ်နိုင်၏။ သူသည် သူ၏ဖခင်ထံမှ ထွက်ခွာခြင်း၏ နာကျင်မှုထက် အဆတစ်ထောင် မချိမဆန့်ဝေဒနာကို အောင့်ခံရင်း၊ လူသား၏တိုက်ခိုက်မှုများနှင့် ချိုးဖဲ့မှုများကို အောင့်ခံရင်း၊ လူသား၏ ကိုင်တွယ်မှုနှင့် ပြုပြင်ခြင်းတို့ကိုအောင့်ခံရင်း၊ မြောက်မြားစွာသော နေများလများ၊ ကြယ်များနှင့် ရင်ဆိုင်ခဲ့သည့် အကြိမ်ပေါင်း များစွာ၊ အရုဏ်တက်၌ ထွက်ခွာသွားကာ နေဝင်ဆည်းဆာမှ ပြန်လာခဲ့သည့် အကြိမ်ပေါင်းများစွာ၊ ဘုရားသခင်၏နှိမ့်ချမှုနှင့် မမြင်ရမှုသည် လူသား၏ အခြေအမြစ်မရှိသော အစွဲအလမ်း၊ လူသား၏ မတရားသောအမြင်များ၊ ဆက်ဆံမှုများနှင့် ကျေးဇူးဆပ်ခံရကာ သူ၏ မထင်မရှား သိုသိပ်နေခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့သည် လူသား၏လောဘကြီးသော အကြည့်ဖြင့် ကျေးဇူးဆပ်ခံခဲ့ရသည်၊ လူသားသည် စိတ်မသန့်ခြင်း မဖြစ်ဘဲ ဘုရားသခင်သေသည်အထိ ခြေနှင့်ဆောင့်နင်းရန် ကြိုးစားကာ ဘုရားသခင်အား မြေကြီးအတွင်းသို့ နင်းခြေရန် ကြိုးစား၏။ ဘုရားသခင်အပေါ် ဆက်ဆံခြင်း၌ လူသား၏ စိတ်သဘောထားသည် “ရှားပါးသောကျွမ်းကျင်မှု” တစ်ရပ်ဖြစ်ပြီး လူသား၏အနိုင်ကျင့်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ကို ခံရသော ဘုရားသခင်သည် သောင်းပေါင်းများစွာသောလူတို့၏ ခြေများ အောက်တွင် ပြားနေအောင် အဖိခံရချိန်၌ လူသားသည် ရဲတိုက်၏ ဘုရင်ဖြစ်မည့်အလား၊ အကြွင်းမဲ့အာဏာကို ရယူ လိုသည့် အလား၊ ခန်းဆီးနောက်ကွယ်မှ လူအများ၏ အလေးဂရုပြုမှုကို ရရှိရန်၊ တန်ပြန်တိုက်ခိုက်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်း ပြုခွင့်မရှိသော တာဝန်သိ၍ စည်းကမ်းလိုက်နာသည့် ညွှန်ကြားရေးမှူးအဖြစ် ဘုရားသခင်ကိုပြုလုပ်ရန် မြင့်မားစွာ ရပ်လျက်ရှိ၏။ ဘုရားသခင်သည် နောက်ဆုံးသောဧကရာဇ်မင်း၏ အခန်းမှ ပါဝင်ရမည်၊ သူသည် လွတ်လပ်မှု လုံးဝကင်းမဲ့သည့် ရုပ်သေး ရုပ်တစ်ရုပ် ဖြစ်ရမည်ဖြစ်သည်။ လူသား၏ လုပ်ဆောင်ချက်များသည် ပြောပြ၍မရသဖြင့် သူသည် ဘုရားသခင်အား ဤအရာ၊ ထိုအရာ တောင်းဆိုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ၎င်းသည် ဘုရားသခင်အား အကြံပြုချက်များ အဆိုပြုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ဘုရားသခင်သည် သူ၏အားနည်းချက်များကို ထောက်ထားရေးအတွက် တောင်းဆိုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ သူသည် ဘုရားသခင်၏ ကြင်နာမှုကို လက်ခံရရှိရန် မည်သို့သင့်တော်သနည်း။ ဘုရားသခင်၏ သဘောထားကြီးမှုကို ထပ်ခါတလဲရရှိရန် မည်သို့ သင့်တော်သနည်း။ သူသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ထပ်ခါတလဲ လက်ခံရရှိရန် မည်သို့သင့်တော်သနည်း။ သူ၏ သြတပ္ပစိတ်သည် အဘယ်မှာနည်း။ ၎င်းသည် ရှေးမဆွက ဘုရားသခင်၏အသည်းခွဲခဲ့သည်၊ ထိုကြာမြင့်သည့် အချိန် ကတည်းက ဘုရားသခင်၏နှလုံးကို အပိုင်းပိုင်းအစစ ထားခဲ့သည်။ နွေးထွေးမှုနည်းပါးသော်လည်း လူသားသူ့အပေါ် စိတ်စေတနာရှိရန် မျှော်လင့်လျက် ဘုရားသခင်သည် လူသားအကြားသို့ နိုးကြား တက်ကြွစွာ လာရောက်ခဲ့၏။ သို့ရာတွင် ဘုရားသခင်၏ နှလုံးသားသည် လူသားအားဖြင့် နှစ်သိမ့်ခံရရန် နှေးကွေး၏၊ သူလက်ခံရရှိသမျှမှာ တမဟုတ်ချင်း ကြီးထွားပြင်းထန်လာသည့် တိုက်ခိုက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုသာဖြစ်၏၊ လူသား၏ နှလုံးသားသည် လောဘရမ္မက်ကြီးလွန်း၏၊ သူ၏အလိုဆန္ဒသည် ကြီးမားလွန်း၍ သူသည် မည်သည့်အခါမျှ အာသာပြေနိုင်မည် မဟုတ်ပေ၊ သူသည် အစဉ်ထိခိုက်နစ်နာစေ၍ မိုက်ရူးရဲ၏၊ သူသည် ဘုရားသခင်အား မည်သည့်အခါမျှ လွတ်လပ်ခွင့် သို့မဟုတ် ပြောဆိုခွင့် မပေး၊ ဘုရားသခင်အား အရှက်ခွဲခြင်းခံရသည်မှတစ်ပါး အခြားရွေးချယ်စရာမပေးဘဲ လူသားကို ၎င်းဆန္ဒရှိသည့်အတိုင်း သူ့အားခြယ်လှယ်ခွင့်ပေး၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၇

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၂

ဘဝတွင် ယောဘ၏ လိုက်စားမှုများနှင့် ရရှိခြင်းများက သူ့ကို သေခြင်းအား တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခွင့်ပေးသည် ကျမ်းစာထဲတွင် ယောဘအကြောင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၄

ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၂

လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် စစ်မှန်သည့်အသက်တာကို ရရှိသည့်အခါ၊ စာတန်၏အင်အားစု တစ်ရပ်လုံးကို ချည်နှောင်ထားမည်ဖြစ်၍ လူသားသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။