ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၆

25.02.2021

အချိန်ကာလတစ်ခု၌ ဘုရားသခင်လုပ်သော အလုပ်သည် အခြား အချိန်ကာလတစ်ခု၌ လုပ်သော အလုပ်နှင့် မတူပေ။ အကယ်၍ သင်သည် အချိန်ကာလတစ်ခု၌ အလွန်နာခံသော်လည်း နောက်အချိန်ကာလ တစ်ခု၌မူ နာခံမှု အလွန်နည်းလျှင် သို့မဟုတ် နာခံခြင်း လုံးဝ မရှိလျှင် ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည် ဖြစ်သည်။ ဘုရားသခင် အဆင့် တစ်ဆင့်သို့ တက်သောအခါ၌ သင်မီအောင် လိုက်လျှင် နောက်အဆင့် တစ်ဆင့်သို့ တက်သောအခါတွင်လည်း သင်ဆက်ပြီး မီအောင်လိုက်ရမည်။ သို့မှသာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို နာခံသောသူ ဖြစ်မည်။ သင်သည် ဘုရားသခင်ကို ယုံသောကြောင့်၊ သင်သည် တစ်သမတ်တည်း နာခံရမည်။ စိတ်ပါလျှင် နာခံလိုက်၊ စိတ်မပါလျှင် မနာခံဘဲနေလိုက် မလုပ်ရ။ ထိုသို့သော နာခံမှုသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရမည်မဟုတ်။ သင်သည် ငါပြုသော မိတ်ဿဟာရ အမှုသစ်ကို မီအောင် မလိုက်နိုင်ဘဲ အရင်က ဆိုရိုးစကားများကို ဆက်လက်စွဲကိုင်နေလျှင် သင့်အသက်တာ၌ တိုးတက်မှု မည်သို့ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ အလုပ်မှာ သူ၏ နှုတ်ကပတ်တော်များဖြင့် သင့်ကို ကူညီထောက်ပံ့ဖို့ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သင်လက်ခံသောအချိန်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် ဧကန်အမှန် အလုပ်လုပ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်နည်းအတိုင်း တသွေမတိမ်း အလုပ်လုပ်သည်။ ငါပြောခဲ့သည့်အတိုင်း လုပ်ဆောင်ပါ။ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်း အလုပ်လုပ်လိမ့်မည်။ သင်တို့ မြင်နိုင်ဖို့အတွက် အလင်းသစ်ကို ငါပေးပြီး ပစ္စုပ္ပန်အချိန်၌ရှိသော အလင်းထဲသို့ သင်တို့ကို ငါခေါ်ဆောင်နေသည်။ ထိုအလင်းထဲသို့ သင်ဝင်လာသောအချိန်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်း အလုပ်လုပ် လိမ့်မည်။ “ငါကတော့ သင်ပြောတဲ့အတိုင်း လုပ်မှာ မဟုတ်ဘူး” ဟု ပြောပြီး၊ ဆိုဆုံးမရ ခက်ကောင်း ခက်နိုင်သည့် သူအချို့ရှိသည်။ ထိုသို့ဖြစ်လျှင် ငါက သင့်ကို သင် ယခု လမ်းဆုံးသို့ ရောက်နေပြီ၊ သင်သည် သွေ့ခြောက်နေသည်၊ သင့်မှာ အသက်မရှိတော့ ဟု ပြောလိုသည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲလာသည်ကို ကြုံတွေ့ခံစားရသောအခါ၌ ပစ္စုပ္ပန်ကာလ၌ ရှိသောအလင်းကို မီအောင်လိုက်ဖို့သည် အရေးအကြီးဆုံးဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည် မဟုတ်၊ အသင်းတော်၌ သာ၍ပင် အလုပ်လုပ်သည်။ သူသည် မည်သူ့ အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်နိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို သင်ခံစားရပြီးသောအခါ၌ သူသည် အခြားလူ တစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်း လုပ်နိုင်သည်။ မြန်မြန်လိုက်ပါ၊ ပစ္စုပ္ပန်ကာလ၌ ရှိသော အလင်းနောက်သို့ သာ၍ နီးနီးကပ်ကပ် သင်လိုက်လေလေ၊ သင်၏ အသက်တာ ပိုပြီး ရင့်ကျက် ကြီးထွားနိုင်လေလေ ဖြစ်သည်။ သူ့မှာ မည်သည့် ဟန်အမူအရာ၊ အကျင့်အကြံမျိုး ရှိသည်ဖြစ်စေ၊ သူ့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသမျှ ကာလပတ်လုံး သူ့နောက်သို့ လိုက်လျှောက်ကြောင်း သေချာပါစေ။ သင့်အတွေ့အကြုံအပေါ်၌ အခြေခံပြီး သူ့အတွေ့အကြုံကို သုံးသပ်ပါ။ ထိုအခါ သင်သည် သာ၍ အဆင့်မြင့်သော အရာများကိုပင် ရရှိလိမ့်မည်။ ထိုသို့ လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျှင်မြန်စွာ တိုးတက်လာ လိမ့်မည်။ ဤသည်မှာ စုံလင်သောသူ ဖြစ်ရန်အတွက် လူက လျှောက်လှမ်းရမည့်လမ်းဖြစ်ပြီး ထိုလမ်းမှတစ်ဆင့် အသက်တာ ကြီးထွားမည်ဖြစ်သည်။ စုံလင်သောသူ ဖြစ်စေသည်ကို ခံရဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို သင်နာခံဖို့ လိုသည်။ သင့်ကို စုံလင်သောသူ ဖြစ်စေရန်အတွက် ဘုရားသခင်သည် ဘယ်လိုလူအားဖြင့် အလုပ်လုပ်မည်ကို သင်မသိနိုင်၊ ဘယ်လိုလူ၊ ဘယ်လို အဖြစ်အပျက် (သို့မဟုတ်) ဘယ်လိုအရာအားဖြင့် သူက သင့်ကို ပိုင်ဆိုင်ခွင့်ပေးမည်၊ ထိုးထွင်းနားလည်မှုပေးမည်ကို သင် မသိနိုင်။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင် ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံရဖို့ မျှော်လင့်ချက် သင့်မှာ ကောင်းကောင်းရှိသည်။ သို့သော် သင်သည် လမ်းမှန်ပေါ်၌ မလျှောက်လှမ်းနိုင်လျှင် သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင် မရှိသော အနာဂတ်ဖြစ်သည်။ လမ်းမှန်ပေါ်သို့ ရောက်လျှင် သင်သည် အရာရာ၌ ဖွင့်ပြမှုကို လက်ခံရရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသူများကို မည်သည့်အရာကို ဖွင့်ပြသည်ဖြစ်စေ၊ သင်သည် သူတို့၏ အသိအပေါ်၌ အခြေခံပြီး ကိုယ်တိုင် ကြုံတွေ့ခံစားရအောင် လုပ်ဆောင်လျှင် သင်၏ အတွေ့အကြုံသည် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ ထိုအတွေ့အကြုံကြောင့် သင်သည် အခြားသူများကို ကူညီထောက်ပံ့နိုင်လိမ့်မည်။ စကားလုံးများ အလွတ်ရွတ်ကာ အခြားသူများကို ကူညီထောက်ပံ့သော လူများသည် မည်သည့် အတွေ့အကြုံမျှ မရှိသူများဖြစ်သည်။ သင်၏ကိုယ်ပိုင် အတွေ့အကြုံနှင့် ဗဟုသုတ အကြောင်းကို စမပြောနိုင်သေးခင်တွင် အခြားသူတို့၏ အလင်းဖွင့်ပြခြင်းနှင့် ဉာဏ်အလင်းပေးမှုအားဖြင့် လက်တွေ့ လုပ်ဆောင်နည်းကို သင်တွေ့ရှိဖို့ သင်ယူရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သင့်အသက်တာအတွက် သာ၍ကြီးမားသော အကျိုးကျေးဇူးများ ဖြစ်စေလိမ့်မည်။ ဘုရားသခင်ဆီမှ လာသော အရာမှန်သမျှကို နာခံပြီး သင်သည် ထိုသို့ ကြုံတွေ့ ခံစားသင့်သည်။ သင်၏ အသက်တာ ရင့်ကျက်ပြီး ကြီးထွားနိုင်စေဖို့အတွက် သင်သည် အရာရာ၌ ဘုရားသခင်၏ အလိုကို ရှာဖွေပြီး အရာရာ၌ သင်ခန်းစာများကို လေ့လာသင့်သည်။ ထိုသို့သော အလေ့အထမျိုးသည် အလျှင်မြန်ဆုံးသော တိုးတက်မှုကို ဖြစ်စေသည့် အလေ့အထမျိုး ဖြစ်သည်။

သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ လက်တွေ့ အတွေ့အကြုံများအားဖြင့် သင့်ကို ဉာဏ်အလင်းပေးပြီး သင်၏ ယုံကြည်ခြင်းအားဖြင့် သင့်ကို စုံလင်စေသည်။ သင်သည် စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံဖို့ အမှန်တကယ် လိုလိုလားလား ရှိပါသလား။ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံဖို့ သင် အမှန်တကယ် လိုလိုလားလားရှိလျှင် သင်၏ ဇာတိပကတိကို စွန့်ပယ်ဖို့သတ္တိ သင့်မှာရှိလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်၊ မလှုပ်မယှက် ဖြစ်နေမည် မဟုတ်၊ အားနည်းနေမည် မဟုတ်။ သင်သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို နာခံနိုင်လိမ့်မည်၊ လူရှေ့ သူရှေ့၌သော် လည်းကောင်း၊ သင်တစ်ဦးတည်းရှိသည့် အချိန်၌သော်လည်းကောင်း၊ သင်ပြုသော အပြုအမူများ အားလုံးသည်လည်း ဘုရားသခင် နှစ်သက်ဖွယ် ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသောလူ တစ်ယောက်ဖြစ်ပြီး၊ အရာရာ၌ သမ္မာတရားကို ကျင့်ကြံလျှင် စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရလိမ့်မည်။ လူများရှေ့၌ တစ်မျိုး၊ လူများနောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သော လိမ်လည် လှည့်ဖြား သူများသည် စုံလင်အောင် ပြုလုပ်ပေးသည်ကို မခံလိုသောသူများ ဖြစ်သည်။ သူတို့သည် ထာဝရ ပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏ သားများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် ဆိုင်သောသူများ မဟုတ်၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင် ရွေးချယ်သည့် လူမျိုးမဟုတ်။ အကယ်၍ သင့်အပြုအမူများနှင့် အမူအကျင့်များသည် ဘုရားသခင်၏ရှေ့၌ တင်ပြနိုင်သော အရာများ မဟုတ်လျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော် ကြည့်နိုင်သောအရာများ မဟုတ်လျှင် သင်၌ တစ်ခုခု မှားနေကြောင်းကို ထိုအခြင်းအရာက သက်သေပြနေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို သင်လက်ခံပြီး သင်၏ စိတ်သဘောထား ပြောင်းလဲဖို့ အလွန်အရေးကြီးသည်ဟု သတ်မှတ်မှသာ သင်သည် စုံလင်စေခြင်း ခံရမည့်လမ်းပေါ်၌ ရှိနေနိုင်မည် ဖြစ်သည်။ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံဖို့၊ ဘုရားသခင်၏ အလိုအတိုင်း လုပ်ဆောင်ဖို့ သင်အမှန်တကယ် လိုလိုလားလားရှိလျှင် ငြီးတွားသည့်စကား တစ်ခွန်းမျှ မဟဘဲ၊ ဘုရားသခင် လုပ်သည့် အလုပ်ကို သုံးသပ်ရလောက်အောင် သို့မဟုတ် အကဲဖြတ်ရလောက်အောင် မရဲတင်းဘဲ၊ ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးကို သင်နာခံသင့်သည်။ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံဖို့အတွက် အနည်းဆုံး ထိုအချက်များကို လုပ်ဆောင်ဖို့လိုပါသည်။ ဘုရားသခင်မှ စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသောသူတို့ လုပ်ဖို့လိုသော လိုအပ်ချက်တစ်ခု ရှိသည်။ ထိုလိုအပ်ချက်မှာ “ဘုရားသခင်ကို ချစ်သော နှလုံးသားဖြင့် အရာအားလုံးကို လုပ်ဆောင်ပါ” ဟူသည့် အချက် ဖြစ်သည်။ “ဘုရားသခင်ကို ချစ်သော နှလုံးသားဖြင့် အရာအားလုံးကို လုပ်ဆောင်ပါ” ဟူသည့် စကား၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ အဘယ်နည်း။ ထိုစကား၏ ဆိုလိုရင်းမှာ “သင်၏ အပြုအမူများနှင့် အမူအကျင့်များ အားလုံးသည် ဘုရားသခင်၏ ရှေ့၌ တင်ပြနိုင်သော အရာများ ဖြစ်သည်” ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များသည် ဖြောင့်မှန်လျှင် သင်၏ အပြုအမူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်၏ အပြုအမူများကို ဘုရားသခင်၏ ရှေ့၌ (သို့မဟုတ်) သင်၏ ညီအစ်ကို မောင်နှမများရှေ့၌ ဖော်ပြဖို့ မကြောက်ရွံ့၊ သင်သည် ဘုရားသခင်၏ ရှေ့၌ သစ္စာဆိုရဲသည်။ သင်၏ ရည်ရွယ်ချက်တိုင်း၊ အတွေးတိုင်း၊ အယူအဆ အခုစီတိုင်းသည် ဘုရားသခင်၏ ရှေ့၌ စစ်ဆေးဖို့ လျော်ကန်သော အရာများ ဖြစ်လျှင်၊ သင်သည် ထိုသို့ လက်တွေ့ လုပ်ဆောင်ပြီး ထိုလမ်းကြောင်း ပေါ်၌ နေနိုင်လျှင် သင်၏ အသက်တာ တိုးတက်မှုသည် မြန်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။