ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၆၀

ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည် ဖြစ်ပြီး၊ လူများစွာတို့သည် သေဆုံးခြင်းနှင့် တဖန်ပြန်လည် မွေးဖွားခြင်းစက်ဝန်းကို ကြုံတွေ့ကြရသည်။ အသက်ရှင်နေသူများသည် မကြာမီတွင် သေဆုံးရမည်ဖြစ်ပြီး၊ သေဆုံးသူသည် မကြာမီ ပြန်လာရပြန်သည်။ ဤအရာအားလုံးသည် သက်ရှိတစ်ဦးစီအတွက် ဘုရားသခင် စီစဉ်ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်။ ဤဘဝလမ်းကြောင်းနှင့် စက်ဝန်းသည် အမှန်တရားတစ်ခုဖြစ်ပြီး၊ ဘုရားသခင်မှ လူတို့ကို အပ်နှင်းထားသော ဘဝသည် အဆုံးမရှိခြင်းနှင့် အသွေးအသား၊ အချိန် သို့မဟုတ် နေရာတို့မှ ဖျက်ဆီးမရနိုင်ကြောင်းကို မြင်တွေ့စေလို၍ ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်မှ လူတို့ထံ အပ်နှင်းထားသော အသက်၏ နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။ အသက်သည် ဘုရားသခင်ထံမှ လာသည်ကို လူအတော်များများက မယုံကြည်ကြသော်လည်း၊ ဘုရား၏ တည်ရှိမှုကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူသားတို့သည် ဘုရားသခင်ထံမှ လာသောအရာများကို ယူငင်ခံစား ပျော်ရွင်နေသည်မှာ မလွဲမသွေပင်ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် တစ်နေ့၌ ရုတ်တရတ် စိတ်ပြောင်းကာ ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့် သူပေးခဲ့သော အသက်များကို ပြန်လည် ယူဆောင်ရန် ဆန္ဒဖြစ်လာပါက အရာအားလုံး တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏စွမ်းအားနှင့် အာဏာတို့ဖြင့် အရာအားလုံးကို အစီအစဉ်ကျနစွာ ယူဆောင်လာခြင်းဖြင့် သက်ရှိ သက်မဲ့ အရာအားလုံးကို သူ၏အသက်တာဖြင့် ထောက်ပံ့လျက်ရှိပါသည်။ ဤသည်မှာ မည်သူမှ လွယ်ကူစွာ တွေ့မြင် နားလည်နိုင်မည် မဟုတ်သည့် သမ္မာတရားဖြစ်ပြီး၊ ဤနားမလည်နိုင်သော သမ္မာတရားများသည် ဘုရားသခင်၏ အသက်တာသရုပ်နှင့် တည်ရှိမှု၏ အထောက်အထားဖြစ်ပါသည်။ ယခုသင့်အား လျှို့ဝှက်ချက်တစ်ခု ပြောပြပါမည်။ ဘုရားသခင်၏ ကြီးမားမှုနှင့် စွမ်းအားကို မည်သည့်ဖန်ဆင်းမှုကမှ လိုက်မမီနိုင်ပါ။ ဤအချက်သည် ယခု၊ ယခင်နှင့် နောင်လာမည့် ကာလအတွက်လည်း ထိုအတိုင်းပင် ဖြစ်နေမည်ဖြစ်သည်။ ငါပေးမည့် ဒုတိယလျှို့ဝှက်ချက်မှာ မည်သို့ပင် ပုံစံ၊ တည်ဆောက်ပုံ ကွာဟနေစေကာမူ ဖန်ဆင်းမှု အားလုံးအတွက် အသက်တာ အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာပါသည်။ သင်သည် မည်သည့် သက်ရှိအမျိုးအစား ဖြစ်နေစေကာမူ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။ မည်သည့် အခြေအနေတွင်မဆို လူသားကို နားလည်စေလိုသည့် အချက်မှာ လူသားများသည် ဘုရားသခင်ထံမှ ကရုဏာ၊ အကာအကွယ်နှင့် အကူအညီမရှိပါက မည်မျှပင် အားကြီးနေ၊ ရုန်းကန်ကြိုးစားနေစေကာမူ ရသင့်ရထိုက်သလောက် ရနိုင်မည်မဟုတ် ဆိုခြင်းပင် ဖြစ်သည်။ ဘုရားသခင်မှ ဘဝ အသက်တာကို ထောက်ပံ့ပေးမှု မရှိပါက လူတို့သည် ဘဝတွင် အသက်ရှင်ခြင်း အနှစ်သာရနှင့် ဘဝ၏ ရည်ရွယ်ချက်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ဘဝအသက်တာ တန်ဖိုးကို တန်ဖိုးမထားပဲ ဖြုန်းပေးသောသူကို မည်မျှလောက်အထိ ခွင့်လွှတ်ထားနိုင်မည်နည်း။ ထို့အတူ ဘုရားသခင်သည် သင့်အသက်တာ၏ အရင်းအမြစ်ဖြစ်သည်ကို မမေ့ပါနှင့်။ အကယ်၍ လူသည် ဘုရားသခင် အပ်နှံထားသော အရာအားလုံးကို မြတ်နိုးတန်ဖိုးထားခြင်း မရှိပါက၊ ဘုရားသခင်သည် သူပေးထားသည့် အရာများကို ပြန်ယူမည်သာမက ထိုထက်ပို၍ လူသားသည် ဘုရားသခင် အသုံးပြုခဲ့ရသည့် အရာအားလုံးအတွက် လျော်ကြေးအဖြစ် နှစ်ဆ ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၂

လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ စိတ်အားသန်မှုရှိခြင်းသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၆

အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ ဘုရား သခင်၏ စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းကို ၎င်းတို့တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၂

လူအများကြား ဘုရားသခင်၏ အလုပ်တွင် လူသည် ဤအလုပ်၏ ပြုလုပ်ခံရသူဖြစ်ပြီး၊ ဘုရားသခင်ကို သက်သေခံနိုင်သည့် ဘုရားသခင် ဖန်ဆင်းထားသည့် တစ်ခုတည်းသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၂

ပေတရုနှင့် ပေါလုတို့၏ အနှစ်သာရများထဲက ကွဲပြားခြားနားမှုမာ အသက်အား မလိုက်စားသောသူများ အားလုံးသည် အချည်းနှီး အားထုတ်ကြသည်ကို သင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။