ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၃

11.03.2021

ယေရှုသည် ဤကမ္ဘာပေါ်တွင် ၃၃ နှစ်ခွဲ နေထိုင်သွားခဲ့သည်။ သူသည် ကားစင်တင်သတ်ခံရခြင်းအမှုကိုပြုရန် လာရောက်ခဲ့ပြီး၊ ၎င်းကားစင်တင်သတ်ခံရခြင်းမှတဆင့် ဘုရားသခင်သည် ဘုန်းတော်အစိတ်အပိုင်းတစ်ခုကို ရရှိခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသောအခါတွင် သူသည် နှိမ့်ချပြီး ကွယ်ဝှက်နေနိုင်ခဲ့ကာ ကြီးမားသော ဆင်းရဲဒုက္ခကိုလည်း သည်းခံနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သော်လည်း၊ သူသည် အလုံးစုံသော အရှက်ခွဲမှုတိုင်းနှင့် ပုတ်ခတ်ဝေဖန်မှုတိုင်းကို သည်းခံခဲ့ဆဲဖြစ်ပြီး၊ ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေရန်အတွက် လက်ဝါးကပ်တိုင်တွင် သံမှိုဆွဲနှက်ခံရခြင်း ဟူသည့် ပြင်းစွာသော နာကျင်မှုကိုလည်း သူသည်းခံခဲ့သည်။ ဤအဆင့်ရှိ အမှု အဆုံးသတ်သွားသောအခါ၊ ဘုရားသခင်က ကြီးစွားသော ဘုန်းတော်ကို ရရှိခဲ့သည်ဟု လူသားများက မြင်ခဲ့ကြသော်လည်း၊ ဤမှာ သူ့ဘုန်းတော်အလုံးစုံ မဟုတ်သေးပေ။ ၎င်းသည် ယေရှုထံမှ သူရရှိခဲ့သော သူ့ဘုန်းတော်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ ယေရှုသည် ဆင်းရဲဒုက္ခတိုင်းကို သည်းခံနိုင်ခဲ့ပြီး၊ နှိမ့်ချ၍ ကွယ်ဝှက်ကာ၊ ဘုရားသခင်အတွက် ကားစင်တင်သတ်ခံရခြင်းအမှုကို ပြုနိုင်ခဲ့သော်လည်း ဘုရားသခင်သည် သူ၏ ဘုန်းတော် အစိတ်အပိုင်းတစ်ခုကိုသာရရှိခဲ့ကာ သူ၏ ဘုန်းတော်ကို ဣသရေလထဲတွင် ရရှိခဲ့သည်။ ဘုရားသခင်တွင် ဘုန်းတော်၏ အခြားအပိုင်းတစ်ခု ရှိနေသေးသည်။ ကမ္ဘာမြေသို့လာရောက်ကာ အမှန်တကယ်အလုပ်လုပ်၍ လူအုပ်စုတစ်ခုကို စုံလင်အောင်ပြုပေးရန်ဖြစ်သည်။ ယေရှု၏ အမှုအဆင့်အတွင်းတွင်၊ သူသည် သဘာဝလွန်အရာအချို့ကို လုပ်ဆောင်ခဲ့သော်လည်း၊ ၎င်းအမှုအဆင့်သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာများကို ပြသရန်အတွက်သာ လုံးဝမဟုတ်ပေ။ ၎င်းသည် အဓိကအားဖြင့် ဘုရားသခင်အတွက် ယေရှုက ဆင်းရဲဒုက္ခခံစားပြီး ကားစင်တင်သတ်ခံရခြင်းအမှုများကို ပြုလုပ်နိုင်ခဲ့သည်ကို ပြသရန်၊ ယေရှုသည် ဘုရားသခင်ကို ချစ်သည့်အတွက်ကြောင့် ကြီးစွာသောဆင်းရဲဒုက္ခကို ခံစားနိုင်ခဲ့သည်ကို ပြသရန်နှင့် ဘုရားသခင်က သူ့ကို စွန့်ပစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်၏အလိုတော်အတွက် သူ၏အသက်ကို စတေးရန် ဆန္ဒရှိခဲ့သေးသည်ကို ပြသရန်ဖြစ်သည်။ ဣသရေလ၌ ဘုရားသခင်က သူ၏ အမှုကို ပြီးမြောက်ခဲ့ပြီး၊ ယေရှုခရစ်သည် လက်ဝါးကပ်တိုင်တွင် သံမှိုဆွဲနှက်ခံရပြီးနောက်တွင်မူ၊ ဘုရားသခင်သည် ဘုန်းထင်ရှားခဲ့ပြီး၊ ဘုရားသခင်သည် စာတန်ရှေ့တွင် သက်သေခံခဲ့ပြီးလေပြီ။ ဘုရားသခင်သည် တရုတ်နိုင်ငံတွင် မည်သို့လူ့ဇာတိခံခဲ့သည်ကို သင်သိလည်းမသိ၊ မြင်လည်းမမြင်သောကြောင့်၊ ဘုရားသခင်က ဘုန်းထင်ရှားခဲ့ခြင်းကို သင်မည်သို့လျှင် မြင်နိုင်မည်နည်း။ ဘုရားသခင်က သင့်ထဲတွင် သိမ်းပိုက်ခြင်းအမှုကို များစွာပြုပြီး၊ သင်သည်လည်း မြဲမြံစွာရပ်တည်သောအခါတွင်မူ၊ ဘုရားသခင်၏ ဤအမှုသည် ထမြောက်အောင်မြင်ပြီး၊ ၎င်းသည် ဘုရားသခင်၏ ဘုန်းတော် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤအရာကိုသာ သင်မြင်ပြီး၊ သင်သည် ဘုရားသခင်၏စုံလင်အောင်ပြုခြင်းကို မခံရသေးပေ။ သင်သည် သင်၏နှလုံးသားကို ဘုရားသခင်ထံသို့ အလုံးစုံပေးအပ်ခြင်း မပြုရသေးပေ။ သင်သည် ဤဘုန်းတော်ကို အလုံးစုံမမြင်တွေ့ရသေးပေ။ ဘုရားသခင်က သင်၏နှလုံးသားကို သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ သင်သည် သူ့ကို ဘယ်သောအခါမျှ ခွဲခွာခြင်း မပြုနိုင်ကြောင်းကိုသာ သင်မြင်ပြီး၊ ဘုရားသခင်နောက် အဆုံးထိလိုက်ပါကာ သင်၏နှလုံးသား ပြောင်းလဲလိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတော်ကို မည်သည့်အရာထဲတွင် သင်မြင်သနည်း။ လူတို့အပေါ် သူ့အမှု၏ သက်ရောက်မှုများထဲတွင် ဖြစ်သည်။ ဘုရားသခင်သည် လွန်စွာချစ်ဖွယ်ဖြစ်သည်ဟု လူများက မြင်ကြသည်၊ ၎င်းတို့၏နှလုံးသားထဲတွင် ဘုရားသခင်ရှိပြီး သူ့ကိုခွဲခွာရန် လိုလိုလားလား မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ အသင်းတော်များ၏ ညီအစ်ကို မောင်နှမများ၏ ခွန်အားထွက်ပေါ်လာသောအခါနှင့် ထိုသူတို့သည် ၎င်းတို့၏ နှလုံးသားထဲမှ ဘုရားသခင်ကို ချစ်နိုင်ပြီး၊ ဘုရားသခင်ပြုသောအမှု၏ အထွတ်အထိပ်အင်အား၊ သူ့နှုတ်ကပတ်တော်များ၏ တုနှိုင်းမရသော အင်အားကို မြင်နိုင်သောအခါ၊ သူ၏နှုတ်ကပတ်တော်များသည် သြဇာအာဏာရှိပြီး၊ သူသည် တရုတ်ပြည်မကြီးရှိ လူမနေသော မြို့ပျက်တစ်ခု၌၊ သူ၏အမှုကို စတင်လုပ်ဆောင်နိုင်ကြောင်း ၎င်းတို့တွေ့သောအခါ၊ လူတို့သည် အားနည်းကြသော်လည်း၊ ၎င်းတို့၏ နှလုံးသားများသည် ဘုရားသခင်ရှေ့မှောက်တွင် ဦးညွှတ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန်ဆန္ဒရှိကြသောအခါ၊ ၎င်းတို့သည် အားနည်းပြီး နာဖျားနေစဉ်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်ချစ်ခင်ဖွယ်ဖြစ်ကြောင်း ၎င်းတို့မှ လွန်စွာချစ်မြတ်နိုးထိုက်သည့်အကြောင်းကို မြင်လာနိုင်ကြသောအခါ၊ ထိုသို့ဖြစ်လျှင် ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ လူသားများသည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရ ပြီး ၎င်းတို့သည် သူ့ရှေ့တွင် စွန့်လွှတ်အပ်နှံနိုင်ကြကာ၊ ဘုရားသခင်ကို အလုံးစုံနာခံ၍ ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာကို ဘုရားသခင်လက်တော်အတွင်း ထားနိုင် သည့်နေ့သို့ ရောက်သောအခါ ဘုရားသခင်၏ ဘုန်းတော် ဒုတိယပိုင်းကို အလုံးစုံရရှိပြီး ဖြစ်ပေလိမ့်မည်။ ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်၏ အမှုသည် အလုံးစုံပြီးမြောက်သွားသောအခါတွင်၊ တရုတ်ပြည်မကြီးရှိ သူ၏အမှုသည် အဆုံးသတ်သွား မည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းဆိုသော်၊ ရှေ့မဆွက ခွဲခန့်မှတ်သားခံထားရပြီး၊ ဘုရားသခင်၏ ရွေးချယ်ခံထားရသူများသည် စုံလင်အောင်ပြုခံရပြီးသောအခါတွင်၊ ဘုရားသခင်သည် ဘုန်းထင်ရှားပေမည်။ သူ၏ ဘုန်းတော်ဒုတိယပိုင်းကို အရှေ့ဘက်သို့ယူဆောင်လာပြီဟု ဘုရားသခင် ပြောကြားခဲ့သော်လည်း ၎င်းကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ ဘုရားသခင်သည် သူ၏ အမှုကို အရှေ့ဘက်သို့ ယူဆောင်လာခဲ့ပြီ၊ သူသည် အရှေ့ဘက်သို့ လာရောက်ရှိနှင့်ပြီဖြစ်ပြီး ၎င်းသည် ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ ယနေ့တွင် သူ၏ အမှုသည် ပြီးမြောက်ခြင်း မရှိသေးသော်လည်း၊ ဘုရားသခင်သည် အမှုပြုရန် ဆုံးဖြတ်ပြီးသောကြောင့် မုချပြီးမြောက်အောင်မြင်ပေမည်။ ဘုရားသခင်သည် ဤအမှုကို သူသည် တရုတ်ပြည်တွင် ပြီးမြောက်အောင်မြင်ရန် ဆုံးဖြတ်ပြီးဖြစ်ကာ၊ သင်တို့ကို စုံလင်အောင်ပြုရန် ဆုံးဖြတ်ပြီးဖြစ်ပေသည်။ ထို့ကြောင့် သူသည် သင်တို့အတွက်လွတ်လမ်းမပေးထားပေ။ သူသည် သင်တို့၏ နှလုံးသားများကို သိမ်းပိုက်ပြီးဖြစ်ကာ၊ သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ကာ၊ သင်တို့သည် ဘုရားသခင်၏ ရယူခြင်းခံရသည့်အခါတွင်၊ ဘုရားသခင်သည် ဘုန်းထင်ရှားပေမည်။ သင်သည် စုံလင်အောင်ပြုခြင်း မခံရသေးသောကြောင့်၊ ယနေ့တွင် ဘုရားသခင်သည် အလုံးစုံဘုန်းထင်ရှားခြင်း မရှိသေးပေ။ ထို့အပြင် သင်တို့၏ နှလုံးသားများသည် ဘုရားသခင်ထံ လှည့်ပြန်ခဲ့ပြီး ဖြစ်သော်လည်း သင်၏ဇာတိပကတိတွင် အားနည်းချက်များစွာ ကျန်သေးသည်။ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် မစွမ်းဆောင်နိုင်သေးပေ။ သင်သည် ဘုရားသခင်၏ အလိုတော်ကို သတိမပြုနိုင်ဘဲ၊ သင့်ထံမှ ဖယ်ရှားရမည့် အပျက်သဘောဆောင်သော အရာများ များစွာကျန်သေးသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” နှင့်ပတ်သက်၍ အကျဉ်းချုပ်ဆွေးနွေးချက်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။