ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၆၄

ကျယ်ပြန့်လှသောစကြဝဠာထဲတွင် ဘဝနိယာမကို ထပ်တလဲလဲလိုက်နာလျက် ပုံသေစည်းကမ်း တစ်ရပ်ကို လိုက်နာကာ သက်ရှိသတ္တဝါမည်မျှသည် အသက်ရှင်လျက် မျိုးပွားနေကြသနည်း။ သေသူများသည် ရှင်သူများ၏ဇာတ်လမ်းများကို ၎င်းတို့နှင့်အတူ ယူသွားကြပြီး ရှင်နေသူများသည် သေပြီးသောသူများ၏ ဝမ်းနည်းဖွယ်ရာ သမိုင်းတစ်ရပ်ကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားသည် မိမိကိုယ်ကို ကျွန်ုပ်တို့မည်သည့်အတွက် အသက်ရှင်သနည်း၊ အဘယ်ကြောင့် သေရသနည်း၊ ဤကမ္ဘာကို အုပ်ချုပ်သူမှာ မည်သူနည်း။ ဤလူသားမျိုးနွယ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ သဘာဝမိခင်က လူသားမျိုးနွယ်ကို အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အကယ်ပင် ထိန်းချုပ်နိုင်သလောဟု မမေးဘဲ မနေနိုင်တော့ပါ။...နှစ်ပေါင်းထောင်ပေါင်းများစွာ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို ထပ်တလဲလဲ မေးခဲ့သည်။ လူသားသည် ဤမေးခွန်းများကို စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ငတ်မွတ်လာလေလေ ဖြစ်သည်မှာ ဆိုးလှသည်။ သိပ္ပံပညာသည် ခဏတာဆန္ဒပြည့်စေပြီး အသွေးအသားကို ယာယီပျော်ရွှင်မှု ပေးသော်လည်း လူသားကို တစ်ဦးတည်းဖြစ်နေခြင်း၊ အထီးကျန်နေခြင်းနှင့် မိမိစိတ်ဝိညာဉ်၏ နက်ရှိုင်းရာအတွင်းရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်ကင်းစေသည်အထိ လုံလောက်ရန် ဝေးပါသေးသည်။ ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး ဦးနှောက်ဖြင့်နားလည်နိုင်သည့် သိပ္ပံပညာကို မိမိ၏နှလုံးသား ခံစားမှု ကင်းမဲ့စေရုံမျှသာ လူသားတို့က အသုံးပြုခြင်းဖြစ်သည်။ သို့ရာတွင် နက်နဲရာများကို စူးစမ်း လေ့လာမှုမပြုရန် ၎င်းသိပ္ပံပညာသည် လူသားတို့ကို တားမြစ်နိုင်ခြင်း မရှိပါ။ လူသားတို့သည် လူသားတို့၏အစနှင့် အနာဂတ်တို့ကို သိရန်မဆိုထားနှင့် စကြဝဠာရှိ အလုံးစုံသော အရာတို့၏ အချုပ်အခြာအာဏာရှင် မည်သူ ဖြစ်သည်ကိုပင် မသိပါ။ လူသားသည် ဤနိယာမအကြားတွင် မတတ်သာ၍ အသက်ရှင်နေရုံမျှသာ ဖြစ်သည်။ မည်သူမျှ ဤသည်မှ လွတ်မြောက်နိုင်ခြင်း မရှိ။ ပြောင်းလဲနိုင်ခြင်း မရှိ။ အကြောင်းမှာ အလုံးစုံသောအရာများအကြားနှင့် ကောင်းကင်ဘုံ၌ ခပ်သိမ်းသောအရာတို့အပေါ် ကမ္ဘာအဆက်ဆက် အချုပ်အခြာအာဏာရှိသူ တစ်ဦးသာ ရှိသည်။ ထိုသူမှာ လူသားတို့ တစ်ခါမျှ မမြင်ဖူးသောသူ၊ လူသားတို့ တစ်ခါမျှ မသိဖူးသူ၊ ၎င်းရှိကြောင်း လူသားတို့တစ်ခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်။ သို့ရာတွင် သူသည် လူသားတို့၏ဘိုးဘွားများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားတို့ကို အသက်ပေးခဲ့သူဖြစ်သည်။ လူသားများ ရှိနေရေးအတွက် ထောက်ပံ့အားဖြည့်ပေးနေပြီး ယနေ့တိုင် လူသားတို့ကို လမ်းပြသူဖြစ်သည်။ ထို့အပြင် သူသာလျှင် လူသားတို့ ရှင်သန်နေရေးအတွက် အားထားရာ ဖြစ်သည်။ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး စကြဝဠာအောက် သက်ရှိအားလုံးကို အုပ်ချုပ်သူ ဖြစ်သည်။ ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်တော်မူ၍ လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်တော်မူသော သူဖြစ်သည်။ လူသားတို့ကို နေရောင်ပေး၍ ညကိုခေါ်ဆောင်လာသူဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ၊ လူသားတို့ကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ပေးသောသူမှာ သူဖြစ်သည်။ သူ၏အမှုသည် နေရာတိုင်းတွင်ရှိ၏။ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏။ သူ၏ဉာဏ်အမြော်အမြင်သည် နေရာတိုင်းတွင်ရှိ၏။ သူ၏အာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းတစ်ခုစီသည် သူ၏ အမှုကို ရုပ်လုံးပေါ်စေကာ ၎င်းတို့တစ်ခုစီတိုင်းသည် သူ၏ ဉာဏ်အမြော်အမြင်နှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ သူ၏ အချုပ်အခြာအာဏာမှ မိမိကိုယ်ကို လွတ်ငြိမ်းခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ ထို့အပြင် သူ၏ အစီအမံများမှ မိမိကိုယ်ကို ထွက်ခွာခွင့်ရအောင် မည်သူပြုလုပ်နိုင်မည်နည်း။ အလုံးစုံသောအရာတို့သည် သူ၏ စူးစိုက်ကြည့်မှုအောက်တွင် ရှိသည့်အပြင် အလုံးစုံသော အရာတို့သည် သူ၏ အချုပ်အခြာအောက်တွင် ရှိပါသည်။ သူသည် အမှန်တကယ် တည်ရှိ၍ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသော အချက်ကို သူ၏အမှုနှင့် အာဏာတို့ကြောင့် လူသားတို့သည် အခြားရွေးချယ်စရာမရှိဘဲ ဝန်ခံကြရပေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားများကို စဉ်ဆက်မပြတ် စောင့်ရှောက်နိုင်ရန်မဆိုထားနှင့် စကြဝဠာကိုပင် အုပ်ချုပ်နိုင်စွမ်း မရှိပါ။ သင်သည် ဘုရားသခင်၏အမှုကို သိနိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ရှိကြောင်း ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဘုရားသခင်၏ ခန့်ထားတော်မူခြင်းအတွင်း သင်၏ကံကြမ္မာသည် ရှိသည်ကို သံသယဖြစ်စရာ မရှိပါ။ ၎င်းအပြင် ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ အစဉ် ရှိသည်ကို သံသယဖြစ်စရာ မရှိပါ။ သူရှိကြောင်းနှင့် သူ၏အာဏာတို့မှာ လူသားတို့၏ အသိအမှတ် ပြုခံရနိုင်ခြင်း ရှိမရှိ၊ နားလည်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်နေသည် မဟုတ်ပါ။ လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သူသာလျှင်သိပြီး သူသာလျှင် လူသားတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားသည် မိမိ၏မျက်စိဖြင့် မြင်မည့်အချိန်မှာ မကြာမြင့်တော့ပါ။ ထို့အပြင် ဘုရားသခင်သည် ဤအချက်ကို မကြာမီ အောင်မြင်စွာ လုပ်ဆောင်မည်ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားတို့ အသက်ရှင်၍ သေဆုံးကြသည်။ လူသားတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်သည်ဖြစ်ပြီး နောက်ဆုံးအကြိမ် မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ဖြစ်သည်။ လူသားသည် ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ထပ်ခါတလဲလဲ လုပ်သည်။ ဤသည်တို့အားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအမံတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲ ရှေ့သို့တက်လှမ်းနေပြီး မည်သည့်အခါမျှ ရပ်စဲမသွားပါ။ လူသားများ သူရှိကြောင်းသိရှိရန်၊ သူ၏ အချုပ်အခြာအာဏာအပေါ် ယုံကြည်စိတ်ချရန်၊ သူ၏အမှုကိုမြင်ရန်နှင့် သူ၏နိုင်ငံတော်သို့ ပြန်လာရန် သူပြုလုပ်မည် ဖြစ်သည်။ ဤသည်မှာ သူ၏ အစီအစဉ်ဖြစ်ပြီး နှစ်ပေါင်းထောင်ပေါင်းများစွာ သူလုပ်ကိုင်နေခဲ့သည် ဤအမှုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၆

ကျေးဇူးတော်ခေတ်တွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို မလုပ်နိုင်ခဲ့ဘဲ လူသား၏ တာဝန်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၂

သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၃

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၂

ယိုယွင်းပျက်စီးသော လူ့စိတ်သဘောထားကို ဖွင့်ပြသော အကြောင်းရင်းသည် အခြားမဟုတ်၊ သူ၏ ထုံထိုင်းသောသိစိတ်၊ မနာလိုမုန်းတီးသော သဘာဝနှင့် ဆုတ်ယုတ်သော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။