ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

အပိုင်း ရှစ်

၁၃။ ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် ပေါင်မုန့်ကိုစားပြီး ကျမ်းစာကို ရှင်းပြ၏

ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၀-၃၂ စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။

၁၄။ တပည့်တော်တို့သည် ယေရှုစားဖို့ ငါးကင်ကိုပေး၏

ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၆-၄၃ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ သင်တို့နှလုံးသားထဲ၌ အဘယ်ကြောင့် အတွေးများ ယောက်ယက်ခတ်နေသနည်း။ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။

နောက်တစ်ခုမှာ အပေါ်က ကျမ်းစာ၏ စာပိုဒ်ကို ငါတို့ ကြည့်ကြမည်။ ပထမအပိုဒ်က သခင်ယေရှု ပေါင်မုန့်စားပုံကို ပြန်ပြောပြခြင်းဖြစ်ပြီး သူ၏ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ကျမ်းစာတို့ကို ရှင်းပြနေခြင်းဖြစ်သည်။ ဒုတိယအပိုဒ်က သခင်ယေရှု ငါးကင်စားပုံကို ပြန်ပြောပြခြင်းဖြစ်သည်။ ဤစာပိုဒ်နှစ်ခုက ဘုရားသခင်၏ စိတ်သဘောထားကို သိရန်အတွက် အကူအညီရရန် မည်သို့ထောက်ပံ့ပေးသနည်း။ သခင်ယေရှု ပေါင်မုန့်စားခြင်းနှင့် ငါးကင်ကိုစားခြင်း၏ ဤအသေးစိတ်အချက်အလက်တို့မှ သင်တို့ရသော အဓိပ္ပာယ်ကို စဉ်းစားကြည့်နိုင်မည်လော။ သင်တို့ရှေ့မှာ သခင်ယေရှုက ပေါင်မုန့်စားနေလျှင် သင်တို့ မည်ကဲ့သို့ခံစားရမည်နည်းဆိုသည်ကို စဉ်းစားကြည့်နိုင်သလော။ သို့မဟုတ် သူက သင်တို့နှင့်အတူတူ စားပွဲတစ်ခုတည်းမှာ စားနေလျှင်၊ လူတို့နှင့်အတူ ငါးနှင့်ပေါင်မုန့်ကိုစားနေလျှင်၊ ထိုအချိန်မှာ သင်တို့ မည်ကဲ့သို့ခံစားမှုမျိုး ရနိုင်မည်နည်းဆိုသည်ကို သင်တို့ စဉ်းစားကြည့်နိုင်သလော။ သင်က သခင်နှင့် အလွန်နီးစပ်နေမည်၊ သူက သင်နှင့် အလွန်ရင်းနှီးမည်ဟု ခံစားရလျှင် ဤခံစားချက်က မှန်ကန်၏။ ၎င်းသည် ရှင်ပြန်ထမြောက်ပြီးနောက်တွင် စုရုံးထားသော လူတို့ရှေ့၌ ပေါင်မုန့်နှင့် ငါးကို စားခြင်းမှ သူရရှိလိုသော ရလဒ်အတိအကျပင်ဖြစ်သည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူသည် လူတို့နှင့် စကားသာပြောခဲ့လျှင် လူတို့က သူ၏ အသွေးအသားနှင့် အရိုးတို့ကို မခံစားရဘဲ သူသည် လက်လှမ်းမမီနိုင်သော ဝိညာဉ်တစ်ခုဖြစ်သည်ဟု ခံစားရလျှင် သူတို့ မည်ကဲ့သို့ခံစားရမည်နည်း။ သူတို့ စိတ်ပျက်သွားမှာ မဟုတ်သလော။ လူတို့သည်စိတ်ပျက်သွားလျှင် စွန့်ပစ်ခံရသည်ဟု သူတို့ မခံစားရသလော။ သခင်ယေရှုခရစ်တော်နှင့် ဝေးကွာသွားသည်ဟု သူတို့ မခံစားရသလော။ ဤအကွာအဝေးက ဘုရားသခင်နှင့် လူတို့၏ ဆက်ဆံရေးအပေါ် မည်ကဲ့သို့ အဖျက်သဘောဆောင်သော သက်ရောက်မှုတို့ကို ဖန်တီးပေးမည်နည်း။ သေချာသည်မှာ လူတို့သည် ကြောက်ရွံ့ကြလိမ့်မည်။ သူ့အနားကို မသွားရဲတော့ဘဲ သင့်တော်သော အကွာအဝေးမှာထားရန် စိတ်သဘောထားတို့ ရှိလာကြလိမ့်မည်။ ထိုအချိန်မှစပြီး သခင်ယေရှုနှင့် ရင်းနှီးသော သူတို့၏ ဆက်ဆံရေးကို ဖြတ်တောက်ပြီး ကျေးဇူးတော်ခေတ်မတိုင်ခင်က လူသားမျိုးနွယ်နှင့် ကောင်းကင်ဘုံပေါ်မှ ဘုရားသခင်ကြားက ဆက်ဆံရေးကို ပြန်သွားလိမ့်မည်။ လူတို့ ထိတွေ့၍၊ ခံစား၍မရသော ဝိညာဉ်ခန္ဓာသည် ဘုရားသခင်နှင့်သူတို့၏ ရင်းနှီးမှုကို ဖျက်ဆီးပစ်လိမ့်မည်။ သူနှင့်လူသားတို့ကြားမှာ အကွာဝေးမရှိခဲ့သော၊ သခင်ယေရှု လူ့ဇာတိ၌ရှိသော အချိန်ကာလအတွင်းမှာ တည်ဆောက်ခဲ့သော ဤရင်းနှီးသောဆက်ဆံရေးကို ပျောက်ကွယ်စေပါလိမ့်မည်။ ဝိညာဉ်ခန္ဓာအပေါ် လူတို့၏ ခံစားချက်တို့သည် ကြောက်ရွံ့ခြင်း၊ ရှောင်ကြဉ်ခြင်းနှင့် စကားမပြောဘဲ စူးစိုက်ကြည့်ခြင်းတို့သာ ဖြစ်ပါလိမ့်မည်။ သူတို့သည် သူ့နောက်ကိုလိုက်ရန်၊ ယုံကြည်ရန်၊ သို့မဟုတ် မျှော်လင့်ချက်ထားရန်ဝေးစွ အနားပင်မကပ်ရဲပေ၊ သို့မဟုတ် သူနှင့် စကားမပြောရဲပေ။ ဘုရားသခင်သည် သူ့အတွက် လူသားတို့ရှိသော ဤခံစားချက်မျိုးကို မြင်ရရန် သူမလိုလားပေ။ လူတို့က သူ့ကို ရှောင်ကြဉ်ခြင်းမျိုး၊ သို့မဟုတ် သူတို့ကိုယ်သူတို့ သူ့ဆီမှ ဆုတ်ခွာနေခြင်းမျိုးကို သူမမြင်လိုပေ။ သူသည် လူတို့အား သူ့ကိုနားလည်ရန်၊ သူ့အနားကိုလာရန်၊ သူ့မိသားစုဖြစ်ရန်သာ အလိုရှိ၏။ သင်၏ကိုယ်ပိုင်မိသားစု၊ သင်၏ ကလေးတို့က သင့်ကိုမြင်သော်လည်း သင့်ကို မမှတ်မိလျှင်၊ သင့်အနားကိုမလာရဲဘဲ သင့်ကို အမြဲတမ်းရှောင်နေလျှင်၊ သူတို့အတွက် သင်လုပ်ခဲ့သော အရာတိုင်းအတွက် သူတို့၏ နားလည်မှုကို သင်မရရှိလျှင်၊ သင် မည်ကဲ့သို့ခံစားရမည်နည်း။ နာကျင်ရမည် မဟုတ်သလော။ သင်အသည်းကွဲရမည် မဟုတ်သလော။ ၎င်းက လူတို့က ဘုရားသခင်ကို ရှောင်ကြဉ်သောအခါ၌ သူခံစားရသောအရာ အတိအကျပင်ဖြစ်သည်။ ထို့ကြောင့် သူရှင်ပြန်ထမြောက်အပြီးမှာ သခင်ယေရှုသည် သူ၏ အသွေးအသားပုံသဏ္ဌာန်နှင့် လူတို့ရှေ့ဝယ် ပေါ်လာဆဲဖြစ်ပြီး သူတို့နှင့်အတူ စားသောက်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကို မိသားစုအနေနှင့် ရှုမြင်ပြီး လူသားမျိုးနွယ်ကိုလည်း သူ့ကို ဤကဲ့သို့သောပုံစံရှုမြင်ရန် သူအလိုရှိ၏။ ဤနည်းနှင့်သာ ဘုရားသခင်သည် လူတို့ကို အမှန်တကယ်ရရှိနိုင်မည်ဖြစ်ပြီး လူတို့က ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ကိုးကွယ်နိုင်မည် ဖြစ်သည်။ ယေရှုက ပေါင်မုန့်ကိုစားပြီး သူရှင်ပြန်ထမြောက်အပြီး ကျမ်းစာကိုရှင်းပြပြီး တပည့်တော်တို့က သူစားရန် ငါးကင်ပေးသော ကျမ်းနှစ်ပိုဒ်ကို ကောက်နုတ်ရသော ငါ၏ရည်ရွယ်ချက်ကို သင်တို့ အခု နားလည်နိုင်သလော။

သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း၌ သူပြောဆိုလုပ်ကိုင်ခဲ့သောအရာ တသီတန်းတို့တွင် တွေးဆချင့်ချိန်ပြီး ရည်ရွယ်ချက်ကောင်းဖြင့်လုပ်ခဲ့သည်ဟု ဆိုနိုင်သည်။ ဤအရာတို့၌ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ထားခဲ့သော ကြင်နာခြင်း၊ ချစ်ခင်ခြင်းတို့နှင့် ပြည့်နေပြီး လူ့ဇာတိတွင် သူရှိနေသည့် အချိန်အတောအတွင်း၌ လူသားမျိုးနွယ်နှင့် သူတည်ဆောက်ခဲ့သည့် ရင်းနှီးသော ဆက်ဆံရေးအပေါ် သူထားရှိခဲ့သော ချစ်ခင်မြတ်နိုးမှု၊ တိကျစေ့စပ်သော ဂရုစိုက်မှုတို့နှင့်လည်း ပြည့်နေသည်။ ထို့အပြင် လူ့ဇာတိထဲ၌ သူရှိနေချိန်အတောအတွင်း သူ၏နောက်လိုက်တို့နှင့် စားသောက်ခဲ့သော သူ့အသက်တာနှင့် ပတ်သက်၍ သူခံစားခဲ့ရသော တောင့်တမှု၊ အတိတ်ကို လွမ်းဆွတ်တမ်းတမှုတို့နှင့် ပြည့်နေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားနှင့် ဘုရားသခင်အကြား ဝေးကွာခြင်းကို လူတို့ခံစားရရန် အလိုမရှိသကဲ့သို့ လူသားမျိုးနွယ်ကိုလည်း သူတို့ကိုယ်သူတို့ ဘုရားနှင့် ဝေးကွာအောင်ပြုလုပ်ရန် အလိုမရှိပေ။ ထို့အပြင်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း သခင်ယေရှုသည် လူတို့နှင့် အလွန်ရင်းနှီးခဲ့သော သခင်မဟုတ်တော့ကြောင်း၊ သူသည် ဝိညာဉ်လောကကို ပြန်သွားသောကြောင့်၊ လူတို့ လုံးဝ မမြင်နိုင်၊ လက်လှမ်းမမီနိုင်သော ခမည်းတော်ဆီသို့ ပြန်သွားသောကြောင့် လူသားမျိုးနွယ်နှင့် အတူမရှိတော့ဟုဆိုခြင်းမျိုးကို လူသားမျိုးနွယ်ကို သူမခံစားစေလိုပေ။ သူနှင့် လူသားမျိုးနွယ်ကြားမှာ အနေအထားမတူညီမှုတို့ရှိသည်ဟု လူတို့ကို မခံစားစေလိုခဲ့ပေ။ သူ့နောက်ကိုလိုက်လိုသော်လည်း သူနှင့် ခပ်ခွာခွာနေသော လူတို့ကို ဘုရားသခင် မြင်သောအခါ သူတို့၏နှလုံးသားသည် သူနှင့် အလွန်ဝေးကွာနေသည်ဟု အဓိပ္ပာယ်ရခြင်းကြောင့်၊ သူတို့၏နှလုံးသားကို ရရှိရန် သူ့အတွက် အလွန်ခက်ခဲသည်ဟု အဓိပ္ပာယ်ရခြင်းကြောင့် သူ့နှလုံးသားသည် နာကျင်ရသည်။ ထို့ကြောင့် သူသည် လူတို့ မမြင်နိုင်၊ ထိတွေ့၍မရနိုင်သော ဝိညာဉ်ခန္ဓာနှင့် သူတို့ရှေ့၌ ကိုယ်ထင်ပြလျှင် ၎င်းက လူသားကို ဘုရားသခင်ဆီမှ နောက်တစ်ကြိမ်ထပ်ပြီး ဝေးကွာစေပါလိမ့်မည်။ တဖန် ၎င်းသည် ခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် လူသားမျိုးနွယ်က သူ့ကို အလွန်မြင့်မြတ်သွားသောအနေနှင့်၊ လူသားတို့နှင့် မတူညီသော ပုံစံအဖြစ်နှင့်၊ လူသားတို့သည် အပြစ်ရှိသောကြောင့်၊ ညစ်ညမ်းပြီး ဘုရားသခင်နှင့် လုံးဝမနီးစပ်နိုင်ခြင်းကြောင့် လူသားနှင့်အတူ စားပွဲတစ်ခုထဲ မထိုင်နိုင်တော့သောသူတစ်ယောက်အဖြစ်နှင့် မှားယွင်းစွာ မြင်စေပါလိမ့်မည်။ လူသားမျိုးနွယ်၏ ဤအထင်လွဲခြင်းတို့ကို ဖယ်ရှားရန်အတွက် သခင်ယေရှုသည် သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အတိုင်း သူလူ့ဇာတိမှာရှိစဉ်က လုပ်ခဲ့သော အရာတချို့ကို လုပ်ဆောင်ခဲ့သည်။ “မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်”။ သူလုပ်လေ့ရှိသကဲ့သို့ပင် သူတို့အား ကျမ်းစာကိုလည်း ရှင်းပြခဲ့သည်။ သခင်ယေရှုလုပ်ခဲ့သော ဤအရာအားလုံးသည် သခင်သည် ပြောင်းလဲမသွားကြောင်း၊ သူသည် ယခင်က သခင်ယေရှုပင်ဖြစ်သည်ဆိုကြောင်းကို သူ့ကိုမြင်သောလူတိုင်းကို ခံစားသိရှိစေခဲ့သည်။ သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခံရပြီး သေခြင်းကို ကြုံတွေ့ခဲ့ရပြီး ရှင်ပြန်ထမြောက်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်ကို ထားမသွားပေ။ သူသည် လူသားတို့ကြားထဲသို့ ပြန်လာပြီး သူ၏ အရာရာတိုင်းသည် ပြောင်းလဲမသွားပေ။ လူတို့ရှေ့မှာရပ်နေသော လူသားသည် ယခင်က သခင်ယေရှုပင်ဖြစ်သည်။ သူ၏အပြုအမူနှင့် သူ၏ လူတို့နှင့် စကားပြောခြင်းတို့က အလွန်ရင်းနှီးသကဲ့သို့ ခံစားရသည်။ သူသည် ချစ်ခင်ကြင်နာခြင်းများ၊ ကျေးဇူးတော်နှင့် သည်းခံခြင်းများနှင့် ပြည့်နေတုန်းပင်ဖြစ်သည်။ သူသည် သူ့ကိုယ်သူချစ်သကဲ့သို့ သူတပါးကိုချစ်သော၊ လူသားမျိုးနွယ်ကို ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်နိုင်သော ထိုသခင်ယေရှုပင်ဖြစ်သည်။ ခါတိုင်းလိုပင်၊ လူတို့နှင့်အတူ သူစားသည်။ သူတို့နှင့် ကျမ်းစာ ဆွေးနွေးသည်။ ပိုအရေးကြီးသည်မှာ ယခင်ကလိုပင် သူသည် အသွေးအသားနှင့်ပြုလုပ်ထားပြီး ထိတွေ့နိုင်၊ မြင်နိုင်သည်။ ဤပုံစံနှင့်လူသားသည် ဤရင်းနှီးမှုကို လူတို့အား ခံစားရစေသည်။ စိတ်သက်သာရာရစေသည်။ ပျောက်ဆုံးသွားသော အရာတစ်ခုကို ပြန်လည်ရရှိသော ဝမ်းမြောက်မှုကို ခံစားရစေသည်။ သူတို့သည်လည်း လူသားမျိုးနွယ်၏အပြစ်တို့ကို ခွင့်လွှတ်နိုင်သော ဤလူသားကို ရဲရင့်စွာ၊ ယုံကြည်မှုရှိစွာနှင့် အမှီပြု အားထားရန် လုံလောက်စွာ စိတ်သက်သာရာရခြင်းကို ခံစားကြရသည်။ သူတို့သည်လည်း နှောင့်နှေးမနေဘဲ သခင်ယေရှု၏ အမည်နာမ၌ ဆုတောင်းရန်၊ သူ၏ ကျေးဇူးတော်၊ သူ၏ကောင်းချီးကို လက်ခံရရှိစေရန်၊ သူ့ဆီမှ ငြိမ်ချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းကို လက်ခံရရှိရန်အတွက် ဆုတောင်းရန်၊ သူ့ဆီမှ ဂရုစိုက်မှုနှင့် ကာကွယ်မှုကို ရရှိရန်အတွက် ဆုတောင်းရန် စတင်ပြုလုပ်လာကြပြီး သခင်ယေရှု၏နာမတော်ဖြင့် ဆေးကုသခြင်းနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းတို့ကို အစပြုလုပ်ဆောင်လာကြသည်။

သခင်ယေရှုသည် လူ့ဇာတိ၌အလုပ်လုပ်နေသောအချိန်ကာလအတွင်းမှာ သူ၏ နောက်လိုက်အများစုက သူ၏ ဝိသေသလက္ခဏာနှင့် သူပြောခဲ့သော အရာတို့ကို အပြည့်အဝ အတည်မပြုနိုင်ခဲ့ပေ။ သူလက်ဝါးကပ်တိုင်ပေါ်ရောက်သောအခါ သူ့နောက်လိုက်တို့၏ သဘောထားသည် မျှော်လင့်ထားသောအတိုင်းပင်ဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်မှာ သံနှင့်အရိုက်ခံရပြီး ဂူထဲ သွင်းခံရသောအချိန်အထိ တစ်လျှောက်လုံးမှာ သူ့အပေါ် လူတို့၏ သဘောထားသည် စိတ်ပျက်ခြင်းပင်ဖြစ်သည်။ ဤအချိန်ကာလအတွင်းမှာ လူတို့သည် သခင်ယေရှု လူ့ဇာတိခံသော အချိန်၌ ပြောခဲ့သောအရာတို့ကို သံသယဖြစ်နေရာမှ ငြင်းပယ်ခြင်းအထိ သူတို့နှလုံးသားထဲ၌ ရွေ့သွားနေပါပြီ။ ဂူထဲမှ သူပြန်ထွက်လာပြီး လူတို့ရှေ့ တစ်ယောက်ချင်းစီရှေ့ ပေါ်ထွက်လာသောအခါ သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်သောသူအများစု၊ သို့မဟုတ် သူ၏ ရှင်ပြန်ထမြောက်ခြင်းသတင်းကို ကြားသောသူအများစုသည် ငြင်းပယ်ခြင်းမှ သံသယဝင်ခြင်းကို တဖြည်းဖြည်းကူးပြောင်းသွားသည်။ သခင်ယေရှုက သောမအား သူ့လက်ကို သူ၏ဘေးဖက်ကို ထိစေသောအချိန်မှာ၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုသည် ပေါင်မုန့်ကိုဖဲ့ပြီး လူအုပ်ရှေ့၌ စားသောအချိန်မှာ၊ နောက်ပိုင်း သူတို့ရှေ့၌ ငါးကင်ကို စားသောအခါ၊ ထိုအချိန်ကျမှသာ သခင်ယေရှုသည် လူ့ဇာတိနှင့် ခရစ်တော်ဖြစ်သည် ဆိုသောအချက်ကို အမှန်တကယ်လက်ခံခဲ့ကြသည်။ ထိုအချိန်၌ ဤလူတို့ရှေ့မှာ အသွေးအသားနှင့် ရပ်နေသော ဤဝိညာဉ်ခန္ဓာသည် သူတို့တစ်ယောက်ချင်းစီတိုင်းကို အိပ်မက်မှ နိုးထစေခြင်းမျိုးပင်ဖြစ်သည်ဟု သင်ဆိုနိုင်သည်။ သူတို့ရှေ့မှာ ရပ်နေသော လူသားသည် ရှေးအတီတေကတည်းက တည်ရှိခဲ့သောသူတစ်ယောက်ဖြစ်သည်။ သူ့မှာ ပုံသဏ္ဌာန်၊ အသွေးနှင့်အသားရှိခဲ့ပြီး သူသည် လူသားမျိုးနွယ်နှင့်အတူ အချိန်အကြာကြီး အသက်ရှင်၍ စားသောက်ခဲ့ပြီးပါပြီ။ ဤအချိန်မှာ သူ၏ တည်ရှိမှုသည် အလွန်ကိုစစ်မှန်သည်၊ အလွန်အံ့သြစရာကောင်းသည်ဟု လူတို့ခံစားကြရသည်။ သူတို့သည်လည်း ဝမ်းမြောက်ပြီး ပျော်ရွှင်နေကြသည်။ တစ်ချိန်တည်းမှာပင် စိတ်ခံစားမှုတို့နှင့် ပြည့်နေသည်။ သူ၏ ပြန်လည်ပေါ်ထွက်လာခြင်းက လူတို့ကို သူ၏ နှိမ့်ချမှုကို အမှန်တကယ်မြင်စေရန်၊ သူ၏နီးစပ်ခြင်းကို ခံစားစေရန်၊ လူသားမျိုးနွယ်အတွက် သူ၏ တောင့်တမှု၊ သူ၏ တွယ်တာမှုကို ခံစားစေရန် အခွင့်ကို လူတို့ကို ပေးသည်။ ဤအကျဉ်းချုံး ပြန်လည်တွေ့ဆုံခြင်းက သခင်ယေရှုကို မြင်ခဲ့သော လူတို့ကို အချိန်တစ်သက်တာကုန်ဆုံးသွားပြီးသကဲ့သို့ ခံစားရအောင် ပြုလုပ်ခဲ့သည်။ သူတို့၏ ပျောက်ဆုံးနေသော၊ ရှုပ်ထွေးနေသော၊ ကြောက်ရွံ့နေသော၊ စိုးရိမ်ပူပန်နေသော၊ တောင့်တနေသော၊ ထုံထိုင်းနေသော နှလုံးသားတို့ကို သက်သာစေသည်။ သူတို့သည် သံသယမရှိတော့ပေ၊ သို့မဟုတ် စိတ်မပျက်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုမျှော်လင့်ချက်နှင့် အမှီပြုစရာရှိပြီဟု ခံစားရခြင်းကြောင့်ပင်ဖြစ်သည်။ သူတို့ရှေ့မှာရပ်နေသော လူသားသည် သူတို့နောက်မှာ ထာဝရရှိနေပါလိမ့်မည်။ သူသည် အချိန်ပြည့် သူတို့၏ မျှော်စင်၊ သူတို့၏ ခိုလှုံရာဖြစ်နေပါလိမ့်မည်။

သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော်လည်း သူ့နှလုံးသားနှင့် သူ၏လုပ်ဆောင်မှုသည် လူသားမျိုးနွယ်ဆီမှ ထွက်ခွာမသွားပေ။ သူသည် မည်ကဲ့သို့သောပုံစံနှင့် တည်ရှိနေပါစေ၊ သူသည် လူတို့ကို အဖော်ပြုမည်။ သူတို့နှင့်အတူ လျှောက်လှမ်းမည်။ အချိန်တိုင်း၊ နေရာတိုင်းမှာ သူတို့နှင့်အတူရှိမည်ဟု သူ့ကိုယ်ထင်ပြခြင်းနှင့်အတူ လူတို့ကို ပြောခဲ့သည်။ တဖန် အချိန်တိုင်း၊ နေရာတိုင်းမှာ သူသည် လူသားမျိုးနွယ်ကို ပံ့ပိုးပြီး သူတို့ကို ဦးဆောင်လမ်းပြမည်။ သူ့ကို ကြည့်ပြီး ထိတွေ့ရန် သူတို့ကို ခွင့်ပြုမည်။ သူတို့သည် နောက်တစ်ကြိမ် အကူအညီမဲ့သကဲ့သို့ မခံစားရအောင် သေချာစေလိမ့်မည်။ သခင်ယေရှုသည် လူတို့ကို ၎င်းကိုလည်း သိစေလိုခဲ့သည်။ ဤကမ္ဘာမှာ သူတို့အသက်တာသည် တစ်ဦးတစ်ယောက်တည်းမဟုတ်ပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စောင့်ရှောက်မှုကို ရရှိသည်။ ဘုရားသခင်သည် သူတို့နှင့်အတူရှိသည်။ လူတို့သည် ဘုရားသခင်ကို အမြဲတစေ အမှီပြုနိုင်သည်။ သူသည် သူ့နောက်လိုက်သူ တစ်ယောက်ချင်းစီတိုင်း၏ မိသားစုဖြစ်သည်။ ဘုရားသခင်ကို အမှီပြုပြီး လူသားမျိုးနွယ်သည် အထီးကျန်မည်မဟုတ်တော့ပေ၊ သို့မဟုတ် အကူအညီမဲ့မည် မဟုတ်တော့ပေ။ တဖန် သူ့ကို သူတို့၏အပြစ်ဖြေရာယဇ်အဖြစ် လက်ခံသူတို့သည် အပြစ်တရား၌ ချည်နှောင်ခြင်းမခံရတော့ပေ။ လူသား၏အမြင်မှာ သခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက် သူလုပ်ဆောင်ခဲ့သော သူ့အလုပ်၏ ဤအပိုင်းတို့သည် အလွန်သေးငယ်သောအရာတို့ ဖြစ်သည်။ သို့သော်လည်း ငါမြင်သော ပုံစံမှာမူ အကြောင်းအရာတစ်ခုချင်းစီတိုင်းက အလွန်အဓိပ္ပာယ်ရှိသည်။ အလွန်တန်ဖိုးရှိသည်။ သူတို့အားလုံးသည် အလွန်အရေးကြီးပြီး လေးနက်၏။

လူ့ဇာတိမှာ သခင်ယေရှုအလုပ်လုပ်သောအချိန်၌ အခက်အခဲများ၊ ဒုက္ခခံစားခြင်းများ အပြည့်ရှိသော်လည်း သူ၏ အသွေးအသားနှင့် ဝိညာဉ်ခန္ဓာ၏ ကိုယ်ထင်ပြခြင်းမှတစ်ဆင့် လူသားမျိုးနွယ်ကို ရွေးနုတ်ရန် ထိုအချိန်မှာ သူ၏လုပ်ဆောင်မှုကို လုံးဝပြီးပြည့်စုံစွာ ပြီးမြောက်စေခဲ့သည်။ သူသည် လူ့ဇာတိခံယူခြင်းအားဖြင့် သူ၏အမှုတော်ကို အစပြုခဲ့ပြီး သူ၏လူ့ဇာတိဆန်သော ပုံသဏ္ဌာန်နှင့် လူသားမျိုးနွယ်ဆီကို ကိုယ်ထင်ပြခြင်းအားဖြင့် သူ၏ အမှုတော်ကို နိဂုံးချုပ်ခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်ကို ကြိုတင်နိမိတ်ပြခဲ့သည်။ ခရစ်တော်အနေနှင့် သူ၏ ဝိသေသလက္ခဏာမှတစ်ဆင့် ကျေးဇူးတော်ခေတ်ကို သူစတင်ခဲ့သည်။ ခရစ်တော်အနေနှင့် သူ၏ ဝိသေသလက္ခဏာမှတစ်ဆင့် ကျေးဇူးတော်ခေတ်မှာ သူအလုပ်လုပ်ဆောင်ခဲ့ပြီး သူ၏နောက်လိုက်တို့ကို အားအင်ဖြည့်ဆည်းပေးခဲ့ပြီး ဦးဆောင်ခဲ့သည်။ သူစခဲ့သောအရာကို သူအမှန်တကယ်ပင် ပြီးဆုံးအောင်လုပ်ခဲ့သည်ဟု ဘုရားသခင်၏အလုပ်ကို ပြောနိုင်သည်။ အဆင့်တို့နှင့် အစီအစဉ်တစ်ခုရှိပြီး ဘုရားသခင်၏ အသိဉာဏ်ပညာ၊ သူ၏ အဆုံးအစမရှိဘုန်းတန်ခိုးနှင့် သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုတို့နှင့် ပြည့်ဝနေသည်။ ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားညှာတာခြင်းတို့နှင့်လည်း ပြည့်ဝနေသည်။ ဘုရားသခင်၏အလုပ်အားလုံးမှာ ပါဝင်နေသော အဓိကအချက်က လူသားမျိုးနွယ်အတွက် သူ၏ ဂရုစိုက်ခြင်းပင်ဖြစ်သည်။ သူလုံးဝဘေးဖယ်ထား၍မရသော သူ၏ အလေးထားသော ခံစားချက်တို့နှင့် စိမ့်ဝင်ပျံ့နှံ့နေသည်။ သမ္မာကျမ်းစာ၏ ဤစာပိုဒ်တို့၌၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုလုပ်ဆောင်ခဲ့သော အရာတစ်ခုချင်းစီတိုင်းမှာ ဖွင့်ပြသောအရာက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ မပြောင်းလဲသော မျှော်လင့်ချက်နှင့် အလေးထားမှုတို့ဖြစ်ပြီး ဘုရားသခင်၏ တိကျစေ့စပ်သော ဂရုစိုက်မှုနှင့် လူသားတို့ကို ချစ်ခင်မြတ်နိုးမှုတို့ဖြစ်သည်။ ယခုအချိန်အထိ ဤအရာတို့ထဲက တစ်ခုမျှ မပြောင်းလဲပေ။ ဤသည်ကို သင်တို့ မြင်နိုင်ပါ၏လော။ ဤသည်ကို သင်တို့မြင်သောအခါ သင်တို့၏ နှလုံးသားသည် ဘုရားသခင်နှင့် အလိုအလျောက် မနီးစပ်သွားပေဘူးလော။ သင်တို့သည် ထိုခေတ်မှာနေပြီး သခင်ယေရှုက သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် သင်တို့မြင်ရန်အတွက် မြင်သာသော အသွင်သဏ္ဌာန်နှင့် သင်တို့ရှေ့မှာ ကိုယ်ထင်ပြလာပြီး၊ သင်တို့ရှေ့မှာ သူထိုင်လျှင်၊ ပေါင်မုန့်နှင့်ငါးကိုစားလျက် ကျမ်းစာတို့ကို သင်တို့အား ရှင်းပြလျှင်၊ သင်တို့နှင့် စကားပြောလျှင် သင်တို့ မည်ကဲ့သို့ခံစားရမည်နည်း။ ပျော်ရွှင်ခြင်းကို ခံစားရမည်လော။ အပြစ်ရှိသကဲ့သို့ ခံစားရသလော။ ဘုရားသခင်အပေါ် ယခင်က အထင်လွဲမှုတို့နှင့် ရှောင်ကြဉ်မှုတို့၊ ဘုရားသခင်အပေါ် အမြင်ကွဲလွဲမှုတို့နှင့် သံသယတို့၊ ဤအရာတို့အားလုံးက ပျောက်ကွယ်မသွားဘူးလော။ ဘုရားသခင်နှင့် လူသားကြားမှာ ရှိသော ဆက်ဆံရေးသည် ပို၍ပင် သင့်တော်လာမည် မဟုတ်သလော။

သမ္မာကျမ်းစာ၏ ဤကန့်သတ်ထားသောအခန်းတို့၏ အနက်ဖွင့်ဆိုချက်မှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားမှာ ချို့ယွင်းချက်တစ်ခုခုကို သင်တို့ တွေ့ရှိသလော။ ဘုရားသခင်၏ချစ်ခြင်းမှာ မစစ်မှန်မှုတို့ကို သင်တွေ့ရှိသလော။ ဘုရားသခင်၏ အဆုံးအစမရှိဘုန်းတန်ခိုး၊ သို့မဟုတ် အသိဉာဏ်ပညာ၌ လှည့်စားမှု၊ သို့မဟုတ် ဆိုးယုတ်မှုတစ်ခုခုကို သင်တို့ မြင်သလော။ လုံးဝ မရှိပေ။ ယခုတွင် ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်သည်ဆိုသည်ကို သင်တို့ သေချာပေါက် ပြောနိုင်သလော။ ဘုရားသခင်၏ စိတ်ခံစားမှုတို့ အားလုံးသည် သူ၏အနှစ်သာရနှင့် စိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်သည်ဆိုသည်ကို သင်တို့ သေချာပေါက်ပြောနိုင်သလော။ ဤစကားလုံးများကို သင်တို့ ဖတ်ပြီးသည့်နောက်တွင် ထိုမှ သင်တို့နားလည်သောအရာက စိတ်သဘောထားပြောင်းလဲခြင်းနှင့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအပေါ် သင်တို့၏ အားထုတ်ကြိုးပမ်းမှုသည် အကျိုးအမြတ်တို့ကို သယ်ဆောင်လာပြီး သင်တို့ကို ကူညီပေးလိမ့်မည်ဟု ငါမျှော်လင့်သည်။ ဤစကားလုံးတို့သည် သင်တို့အတွက် တဖြည်းဖြည်းချင်းကြီးထွားလာသော အသီးအပွင့်တို့ဖြစ်စေပြီး ဤအားထုတ်ကြိုးပမ်းမှုမှာ ဘုရားသခင်ဆီသို့ သင့်ကို ပိုပိုပြီး နီးစပ်လာစေရန်၊ သင်တို့သည် သမ္မာတရားနောက်ကိုလိုက်ခြင်း၌ မငြီးငွေ့ဘဲ သမ္မာတရားနှင့် စိတ်သဘောထားပြောင်းလဲမှုအတွက် ကြိုးစားအားထုတ်ခြင်းသည် ဒုက္ခရောက်သည်၊ သို့မဟုတ် မလိုအပ်သောအရာဖြစ်သည်ဟု မခံစားရစေရန်အတွက် ဘုရားသခင်လိုအပ်သော စံသတ်မှတ်ချက်ဆီသို့ ပိုပိုပြီးနီးစပ်အောင် သယ်ဆောင်လာရန်ကိုလည်း ငါမျှော်လင့်သည်။ ၎င်းသည် အလင်းကိုတောင့်တရန်၊ တရားမျှတမှုကို တောင့်တရန်၊ သမ္မာတရားနောက်ကိုလိုက်ရန် ဆန္ဒပြင်းပြစေရန်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းကို အားထုတ်လိုက်လျှောက်ရန်၊ ဘုရားသခင်အားဖြင့် လက်ခံရရှိသော လူသားတစ်ယောက်ဖြစ်ရန်၊ စစ်မှန်သော လူတစ်ယောက်ဖြစ်ရန် သင်တို့ကို တွန်းအားပေးသော ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်သော အနှစ်သာရနှင့် ဘုရားသခင်၏ မှန်ကန်သော စိတ်သဘောထား၏ ဖော်ပြချက်ဖြစ်သည်။

ယနေ့ ပထမဆုံးအကြိမ် လူ့ဇာတိခံယူခဲ့သောအခါ၌ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်လုပ်ဆောင်ခဲ့သော တချို့အကြောင်းအရာတို့အကြောင်းကို ငါတို့ပြောခဲ့ကြသည်။ ဤအကြောင်းအရာတို့မှတစ်ဆင့် လူ့ဇာတိမှာ သူဖော်ပြ၊ ဖွင့်ပြခဲ့သော စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ သွင်ပြင်လက္ခဏာတိုင်းကို ငါတို့မြင်ပြီးပါပြီ။ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ သွင်ပြင်လက္ခဏာအားလုံးသည် အတော်ပင် လူသားဆန်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သူဖွင့်ပြ၊ ဖော်ပြခဲ့သော အရာအားလုံး၏ အနှစ်သာရသည် သူကိုယ်တိုင်၏ စိတ်သဘောထားမှ ခွဲခြား၍မရပေ။ လူ့သဘာဝမှာ သူ၏ စိတ်သဘောထားကို ဖော်ပြနေသော လူ့ဇာတိခံယူသော ဘုရားသခင်၏ နည်းလမ်းတိုင်းနှင့် သွင်ပြင်လက္ခဏာတိုင်းသည် သူ၏ကိုယ်ပိုင်အနှစ်သာရနှင့် မခွဲနိုင်အောင် ဆက်သွယ်နေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ဆီသို့ လူ့ဇာတိခံယူခြင်းနည်းလမ်းဖြင့် လာခြင်းက အလွန်အရေးကြီးပြီး လူ့ဇာတိမှာ သူလုပ်ဆောင်ခဲ့သော အလုပ်သည်လည်း အလွန်အရေးကြီးသည်။ တဖန် သူဖွင့်ပြသော စိတ်သဘောထားနှင့် သူဖော်ပြခဲ့သော အလိုတော်သည် လူ့ဇာတိမှာ အသက်ရှင်နေသောလူတိုင်းအတွက်၊ ဖောက်ပြန်ပျက်စီးခြင်း၌ နေထိုင်နေသော လူတိုင်းအတွက် ပို၍ပင် အရေးကြီးသည်။ ၎င်းက သင်တို့ နားလည်နိုင်သောအရာ ဟုတ်သလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ပြီးနောက်မှာ သင်တို့ ဘုရားသခင်ကို မည်ကဲ့သို့ဆက်ဆံသင့်သည်ဆိုသည့်အပေါ်မှာ ကောက်ချက်တစ်ခုခု ချပြီးပြီလော။ ဤမေးခွန်းကို ပြန်လည်ဖြေကြားရန်အတွက်၊ နိဂုံးချုပ်အနေနှင့် သင်တို့ကို သတိပေးချက်သုံးခု ပေးလိုသည်။ ပထမအနေဖြင့် ဘုရားသခင်ကို အစုံအစမ်းမပြုပါနှင့်။ ဘုရားသခင်အကြောင်းကို သင်မည်မျှပင် နားလည်ပါစေ၊ သူ့စိတ်သဘောထားကို သင်မည်မျှအထိ သိပါစေ၊ သူ့ကို လုံးဝ အစုံအစမ်းမပြုပါနှင့်။ ဒုတိယအနေဖြင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် မယှဉ်ပြိုင်ပါနှင့်။ ဘုရားသခင်က သင့်ကို မည်ကဲ့သို့သောအဆင့်အတန်းကို ပေးသည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို မည်ကဲ့သို့အလုပ်မျိုးကိုပင် သူတာဝန်ပေး စေခိုင်းပါစေ၊ မည်ကဲ့သို့တာဝန်မျိုးကို ဆောင်ရွက်ရန် သူသည် သင့်ကို ပျိုးထောင်ပါစေ၊ ဘုရားသခင်အတွက် သင်မည်မျှပင် အသုံးချပြီး စွန့်လွှတ်ခဲ့ပါစေ၊ အဆင့်အတန်းအတွက် သူနှင့် လုံးဝ မယှဉ်ပြိုင်ပါနှင့်။ တတိယအနေဖြင့် ဘုရားသခင်နှင့် မယှဉ်ပြိုင်ပါနှင့်။ သင်နားလည်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်က သင့်ကို လုပ်ဆောင်သောအရာ၊ သင့်အတွက် သူစီစဉ်သောအရာ၊ သင့်ဆီသို့ သူသယ်ဆောင်လာသောအရာတို့ကို သင်နာခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် လုံးဝမယှဉ်ပြိုင်ပါနှင့်။ ဤသတိပေးချက်သုံးခုကို သင်လုပ်ဆောင်နိုင်လျှင် သင်သည် သူတပါးနှင့်ယှဉ်လျှင် ဘေးကင်းပါလိမ့်မည်။ ဘုရားသခင်ကို သင်လွယ်လွယ်နှင့် ဒေါသထွက်စေမည်မဟုတ်ပေ။ ယနေ့အတွက် မျှဝေရန်က ဤမျှလောက်ပင်ဖြစ်သည်။

၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော် - စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည် (အပိုင်း တစ်)

သခင်ပြန်ကြွလာပြီ။ ဘုရားသခင်၏ ခြေလှမ်းများကို သင် ရှာဖွေပြီးပြီလား။ ကျွန်ုပ်တို့ကို ဆက်သွယ်ဖို့ အားမနာပါနှင့်။ဘုရားသခငျကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။