ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၂

ငါ၏စကားများ ပြီးပြည့်စုံသည့်အတွက် နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တဖြည်းဖြည်း ဖြစ်တည်လာပြီး လူသည် တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွား သောကြောင့် ငါ၏စိတ်နှလုံးထဲမှ နိုင်ငံတော်သည် ကမ္ဘာမြေကြီး ပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများ အားလုံးသည် ပုံမှန်လူ့အသက်တာအား ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ပျောက်ကွယ်သွားပြီး တစ်နှစ်ပတ်လုံး နွေဦးရာသီဖြစ်နေသည့် နွေဦးမြို့ကြီးများနှင့်ပြည့်သော လောကကြီးကို အစားထိုး လိုက်သည်။ လူတို့သည် ညို့မှိုင်းမှိုင်းနှင့် စိတ်ပျက်ဖွယ် ကောင်းသော လူ့လောကကြီးအား ရင်မဆိုင်ရတော့ဘဲ၊ လူ့လောကကြီး၏ ချမ်းစိမ့်စိမ့် အအေးဓာတ်ကိုလည်း သူတို့ မခံစားရတော့ပါ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်မဖြစ်ကြ၊ နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက်လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုနှင့်ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။ ငါသည် ကမ္ဘာမြေအနှံ့ လျှောက်သွားလျက်၊ ငါ့ပလ္လင်ထက်မှ စံစားရင်း၊ ကြယ်များအကြားတွင် ငါကျိန်းဝပ်သည်။ ထို့ပြင် ကောင်းကင်တမန်များသည် ငါ့အား အသစ်သောသီချင်းများ၊ အသစ်သောအကများကို ပူဇော်ကြသည်။ သူတို့၏ နုနယ်ခြင်းသည် သူတို့၏ မျက်နှာပေါ်တွင် မျက်ရည်များယိုစီးမှုကို မဖြစ်စေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခအကြောင်း မညည်းတွားတော့ပေ။ ယနေ့တွင် သင်တို့အားလုံးသည် ငါ့ရှေ့မှောက်တွင် နေထိုင်ကြသည်၊ မနက်ဖြန်တွင်မူ သင်တို့အားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် တည်ရှိကြလိမ့်မည်။ ဤသည်မှာ လူအား ငါအပ်နှင်းပေးသည့် အကြီးမြတ်ဆုံးသော ကောင်းချီးပင် မဟုတ်ပေလော။ ယနေ့တွင် သင်တို့ပေးသော အဖိုးအခကြောင့်၊ သင်တို့သည် အနာဂတ်၏ ကောင်းချီးများကို အမွေခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ဘုန်းအလယ်တွင် နေထိုင်ကြရလိမ့်မည်။ ငါ့ဝိညာဉ်တော်၏ အခြင်းအရာနှင့် သင်သည် ထိတွေ့ဆက်ဆံရန် ယခုတိုင် ဆန္ဒမရှိသေး သလော။ သင်တို့ကိုယ်သင်တို့ စတေးခံ ရန် ယခုတိုင် ဆန္ဒရှိသေးသလော။ လူတို့သည် သူတို့တွေ့မြင်နိုင်သော ကတိများ နောက်ကို လိုက်ရန် ဆန္ဒရှိကြသည်၊ သို့သော်ငြားလည်း ထာဝရအတွက်တည်သည့် မနက်ဖြန်နေ့၏ ကတိများ ကိုမူ လက်ခံရန် မည်သူကမျှ ဆန္ဒမရှိကြ။ လူတို့ တွေ့မြင်နိုင်သော အရာများသည် ငါရှင်းရှင်းဖျက်ဆီးမည့် အရာများပင်ဖြစ်သည်၊ လူတို့ စမ်းသပ်ထိတွေ့၍ မရသောအရာများသည် ငါပြီးမြောက် အောင်မြင်မည့် အရာများပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် လူအကြားရှိ ကွဲပြားခြားနားချက်ပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၄

လူသားဘဝတစ်ခုထဲက ဆုံမှတ်ခြောက်ခု (လက်ရွေးစင် ကျမ်းပိုဒ်များ) တတိယ ဆုံမှတ်- အမှီအခိုကင်းခြင်း လူတစ်ယောက်သည် ကလေးဘဝနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၅

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ အခြားသော သရုပ်သကန်မှာ အရာခပ်သိမ်း၌ ဘုရားသခင်၏နာမကို ထောမနာပြုခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂

ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား စသည်တို့အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၉

သမိုင်းသည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အလုပ်ကလည်း အမြဲတမ်း ရှေ့သို့ရွေ့လျားနေပါသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။