ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၃

09.04.2021

အာဒံကို ဘုရားသခင်ပေးသည့် ပညတ်တရား

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါ ဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံးနိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

ဤကျမ်းပိုဒ်များမှ သင်တို့ မည်သည့်အရာကို ရလိုက်ကြသနည်း။ ကျမ်းစာ၏ ဤအပိုင်းက သင်တို့ကို မည်သို့ ခံစားရစေသနည်း။ “အာဒံကို ဘုရားသခင်ပေးသည့် ပညတ်တရား” ကို မည်သည့်အတွက်ကြောင့် ကျမ်းစာထဲမှ ကောက်နုတ်ထားသနည်း။ ယခုတွင် သင်တို့ တစ်ယောက်ချင်းစီသည် မိမိတို့၏စိတ်ထဲ၌ ဘုရားသခင်နှင့် အာဒံ၏ပုံစံကို မြင်သလော။ သင်တို့ ကြိုးစားစိတ်ကူး ကြည့်နိုင်သည်။ သင်တို့သည် ထိုအဖြစ်အပျက်တွင် ပါဝင်နေပါက သင်တို့နှလုံးသားထဲမှ ဘုရားသခင်သည် မည်သည့်အရာနှင့် တူမည်နည်း။ ဤပုံသဏ္ဌာန်က သင်တို့ကို မည်သည့် စိတ်ခံစားမှုများကို ခံစားရစေမည်နည်း။ ဤသည်မှာ တို့ထိပြီး ကြည်နူးအားရဖွယ်ကောင်းသည့် ပုံတစ်ပုံဖြစ်သည်။ ထိုပုံတွင် ဘုရားသခင်နှင့် လူတို့သာ ပါရှိသော်လည်း၊ သူတို့အကြားမှ ရင်းနှီးကျွမ်းဝင်မှုသည် အလွန်မနာလိုစရာကောင်းသည်။ ဘုရားသခင်၏ များပြားလှသည့် ချစ်ခြင်းမေတ္တာကို လူသားကို အခမဲ့ပေးအပ်ပြီး ထိုလူသားကို ဝန်းရံစေသည်။ လူသားသည် နုံအပြီး အပြစ်ကင်းသည်။ တာဝန်ကင်းကာ ပူပင် ကြောင့်ကြမဲ့သည်။ ဘုရားသခင်၏မျက်မှောက်တော်အောက်တွင် အလွန်ပျော်ရွှင်စွာ နေထိုင်သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးနှင့် အကာအကွယ်အောက်တွင် နေထိုင်နေစဉ် ဘုရားသခင်သည် လူသားအတွက် ပူပန်ပေးသည်။ လူသား ပြုလုပ်ပြောဆိုသည့် အရာတစ်ခုစီတိုင်းသည် ဘုရားသခင်နှင့် နီးကပ်စွာ ဆက်စပ်နေပြီး ဘုရားသခင်နှင့် ခွဲခြား၍မရပေ။

ဤသည်မှာ အာဒံကိုဖန်ဆင်းပြီးကတည်းက သူ့ကို ဘုရားသခင်ပထမဆုံးချမှတ်ခဲ့သည့် ပညတ်တရားဟု သင်တို့ ဆိုနိုင်သည်။ ဤပညတ်တရားတွင် မည်သည့်အချက်များ ပါဝင်သနည်း။ ထိုအထဲတွင် ဘုရားသခင်၏ အလိုတော် ပါဝင်သည်။ သို့ရာတွင် လူသားမျိုးနွယ်အပေါ်ထားရှိသည့် ဘုရားသခင်၏ စိုးရိမ်ပူပန်မှုများလည်း ပါဝင်နေသည်။ ဤသည်မှာ ဘုရားသခင်၏ ပထမဆုံးပညတ်တရားဖြစ်ပြီး လူသားအတွက် ဘုရားသခင်၏ ပထမဆုံး စိုးရိမ်ပူပန်ခြင်းလည်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားကို ဖန်ဆင်းလိုက်သည့် အချိန်မှစပြီး သူ့ထံတွင် လူသားနှင့် ပတ်သက်သည့် တာဝန်တစ်ခုရှိလာခဲ့သည်။ သူ၏ထိုတာဝန်က အဘယ်အရာနည်း။ လူသားကို သူကာကွယ်ရမည်၊ လူသားကို သူကြည့်ရှုစောင့်ရှောက်ရမည်။ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များကို ယုံကြည်ပြီး နာခံဖို့ ဘုရားသခင် မျှော်လင့်သည်။ ဤသည်မှာ လူသားအပေါ်တွင် ဘုရား၏ ပထမဆုံးသော မျှော်လင့်ချက်လည်းဖြစ်သည်။ ဤမျှော်လင့်ချက်နှင့် ဤနှုတ်ကပတ်တော်များကို ဘုရားသခင် ဆိုခဲ့ခြင်းဖြစ်သည်။ “ကောင်းမကောင်းကို သိကျွမ်းရာ အပင်မှတပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” ဤရိုးရှင်းသော နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အလိုတော်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏နှလုံးသားသည် လူသားအတွက် စတင်စိုးရိမ်ပူပန်လာခဲ့ပြီဖြစ်သည်ကိုလည်း ဖော်ပြသည်။ အားလုံးသောအရာများထဲတွင် အာဒံတစ်ဦးတည်း ကိုသာ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းဖြစ်သည်။ အာဒံသည် ဘုရားသခင်၏ ဇီဝအသက်ကိုရထားသည့် တစ်ဦးတည်းသော သက်ရှိဖြစ်သည်။ သူသည် ဘုရားသခင်နှင့်အတူ လမ်းလျှောက်နိုင်သည်။ စကားစမြည်ပြောဆိုနိုင်သည်။ ထို့ကြောင့် ထိုသို့သော ပညတ်တော်ကို အာဒံအတွက် ဘုရားသခင်က ချမှတ်တော်မူခဲ့ခြင်းဖြစ်သည်။ ဤပညတ်တွင် လူသားလုပ်ဆောင်နိုင်သည့်အရာအပါအဝင် မလုပ်ဆောင်နိုင်သည့် အရာကိုလည်း ဘုရားသခင်က ရှင်းလင်းစွာ ဖော်ပြထားသည်။

ဤရိုးရှင်းသည့် နှုတ်ကပတ်တော်အနည်းငယ်ထဲတွင် ဘုရားသခင်၏နှလုံးသားကို ငါတို့ မြင်တွေ့ရသည်။ သို့ရာတွင် မည်သို့သောနှလုံးသားမျိုးကို ငါတို့မြင်တွေ့ရသနည်း။ ဘုရားသခင်၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာ ရှိသလော။ ထိုအထဲတွင် စိုးရိမ်ပူပန်မှု ရှိသလော။ ဤကျမ်းပိုဒ်များထဲတွင် ရှိသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်ပူပန်မှုတို့ကို လူသားများက နားလည်နိုင်ရုံတင်မကဘဲ အမှန်တကယ် ကောင်းစွာ ခံစားရနိုင်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ ဤအရာများကို ငါပြောပြီးနောက် ၎င်းတို့မှာ ရိုးရှင်းသည့် နှုတ်ကပတ်တော်အချို့သာ ဖြစ်သည်ဟု သင်တို့ ထင်သေးသလော။ ထိုမျှလောက် မရိုးရှင်းပေ၊ မှန်သလော။ ယခင်က ထိုအချက်ကို သင်တို့မြင်နိုင်ခဲ့သလော။ ဘုရားသခင် ကိုယ်တိုင်က သင့်ကို ဤနှုတ်ကပတ်တော်များကို ပြောဆို လာခဲ့လျှင် သင့်စိတ်ထဲတွင် မည်သို့ခံစားရမည်နည်း။ သင်သည် အကြင်နာတရားရှိသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါက၊ သင့်နှလုံးသားသည် အေးစက်မာကျောနေပါက သင်သည် မည်သည့်အရာကိုမျှ ခံစားရမည် မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်အသိအမှတ်ပြုမည်မဟုတ်ပေ။ ထို့ပြင် ဘုရားသခင်၏နှလုံးသားကို နားလည်ဖို့ ကြိုးစားမည်မဟုတ်ပေ။ သို့ရာတွင် သင်သည် အသိစိတ်ရှိသည့် စာနာတတ်သည့် လူတစ်ယောက်ဆိုလျှင် သင့်အနေဖြင့် ကွဲပြားစွာ ခံစားရလိမ့်မည်။ သင်သည် နွေးထွေးမှုကိုခံစားရမည်။ သင်သည် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို ခံစားရမည်။ ထို့ပြင် သင်သည် ပျော်ရွှင်မှုကို ခံစားရပေမည်။ မှန်သည် မဟုတ်လော။ ဤအရာများကို သင်ခံစားရသည့်အခါ ဘုရားသခင်ကို သင်မည်သို့ပြုမူမည်နည်း။ ဘုရားသခင်ကို သံယောဇဉ်တွယ်သွား မည်လော။ သင့်ရင်ထဲမှ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ချစ်ပြီး ရိုသေလေးစားမည်လော။ သင့်နှလုံးသားက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်မည်လော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားအတွက် မည်မျှအရေးကြီးကြောင်းကို ဤအချက်မှ သင်မြင်တွေ့နိုင်သည်။ သို့ရာတွင် ပိုပြီးအရေးကြီးသည်မှာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာအပေါ်တွင် လူသား၏ အသိအမှတ်ပြုမှုနှင့် သိရှိနားလည်မှုပင်ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင်သည် သူ့အမှုတော်၏ ဤအဆင့်တွင် အလားတူသော အရာများကို များစွာပြောခဲ့သည် မဟုတ်လော။ သို့ရာတွင် ယနေ့ခေတ်လူသားများသည် ဘုရားသခင်၏ နှလုံးသားကို နားလည်ကြသလော။ ယခုပင် ငါပြောသွားသည့် ဘုရားသခင်၏အလိုတော်ကို သင်တို့နားလည်နိုင်သလော။ ဤမျှခိုင်လုံပြီး လက်ဆုပ်လက်ကိုင် ပြနိုင်ကာ လက်တွေ့ကျသည့် ဘုရားသခင်၏အလိုတော်ကိုပင် သင်တို့သည် သတိမပြုမိနိုင် ကြပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်အပေါ် စစ်မှန်သည့်အသိနှင့် နားလည်ခြင်းမရှိဟု ငါပြောရခြင်း ဖြစ်သည်။ ဤသည်မှာ မမှန်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။