ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၉

ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါအားလုံးကို စီစဉ်ညွှန်ကြားရန် ရည်ရွယ်၏။ သူလုပ်သည့်အရာတစ်ခုကိုမျှ သင်စွန့်ပစ်ခြင်း သို့မဟုတ် မနာခံခြင်း မပြုရ။ သူ့အပေါ် ဆန့်ကျင်ခြင်းလည်း မပြုသင့်ပေ။ သူဆောင်ရွက်သည့်အမှုသည် အဆုံးတွင် ဖြစ်မြောက်မည်ဖြစ်၍ ဤသည်၌ သူသည် ဘုန်းအာနုဘော်ကို ရရှိလိမ့်မည်။ ယနေ့ သင်သည် မောဘမှ ဆင်းသက်လာသူများဖြစ်ကြောင်း သို့မဟုတ် အဆင်းနီသောနဂါးကြီး၏ အမျိုးအနွယ်ဖြစ်ကြောင်း အဘယ်ကြောင့် မပြောကြသနည်း။ အဘယ်ကြောင့် ရွေးချယ်ထားသူများအကြောင်း မပြောဘဲ သက်ရှိသတ္တဝါများအကြောင်းသာ ပြောသနည်း။ လူသား၏နဂိုမူလအမည်မှာ သက်ရှိသတ္တဝါဟူ၍ဖြစ်ပြီး ဤသည်မှာ သူ၏ကိုယ်ပိုင်ဝိသေသလက္ခဏာ ဖြစ်သည်။ ခေတ်များနှင့် အမှု၏ကာလများကွဲပြားသဖြင့်သာ အမည်နာမများ ကွဲပြားခြင်းဖြစ်၏။ အကယ်စင်စစ်မူ လူသားသည် သာမန်သက်ရှိသတ္တဝါတစ်ဦးသာဖြစ်၏။ အပျက်စီးဆုံးဖြစ်စေ၊ အသန့်ရှင်းဆုံးဖြစ်စေ၊ သတ္တဝါအားလုံးသည် သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို ထမ်းဆောင်သည့်အခါ၊ သူသည် သင်၏အလားအလာများ၊ ကံကြမ္မာ သို့မဟုတ် ခရီးပန်းတိုင်ကို အသုံးပြု၍ သင့်ကို ချုပ်ကိုင်ထားခြင်း မရှိပေ။ အကယ်စင်စစ် ဤသို့ဆောင်ရွက်ရန် မလိုအပ်ပေ။ သိမ်းပိုက်ခြင်းအမှု၏ရည်ရွယ်ချက်မှာ လူသားအား သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်စေရန်၊ ဖန်ဆင်းရှင်ကို ဝတ်ပြုစေရန်ဖြစ်၍၊ ဤသို့ပြုလုပ်ပြီးမှသာလျှင် သူသည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ လူသား၏ကံကြမ္မာကို ဘုရားသခင်၏လက်များမှ ထိန်းချုပ်ထား၏။ သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသားသည် မိမိအဖို့ အမြဲအပြေးအလွှားနှင့် အလုပ်ရှုပ်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်ပါက၊ သင်၏ကံကြမ္မာကို ချုပ်ကိုင်နိုင်ပါက၊ သင်သည် သတ္တဝါတစ်ဦး ဖြစ်နေဦးမည်လော။ အတိုပြောရလျှင် ဘုရားသခင်သည် မည်သို့ပင် အမှုဆောင်စေကာမူ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့် လူသားအတွက်အစေခံရန် ဘုရားသခင် ဖန်ဆင်းသည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်ပါ၊ လူသားအတွက် သူဖန်ဆင်းသည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသည်တို့ အားလုံးသည် လူသား၏ဖြစ်တည်ရေးအတွက် ဖြစ်၏။ ထို့ကြောင့် သူသည် လူသားကို မည်သို့ပင် ပြစ်တင်ဆုံးမ၍ တရားစီရင် စေကာမူ၊ ဤသည်တို့အားလုံးမှာ လူသား၏ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ဇာတိပကတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ဤသည်မှာ လူသားကို သန့်စင်ရန်ဖြစ်၍ လူသားကိုသန့်စင်ခြင်းသည် သူ၏ဖြစ်တည်ရေးအတွက်ဖြစ်၏။ လူသား၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိသဖြင့်၊ လူသားသည် သူ့ကိုယ်သူ မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၁

ပေတရုဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် ချီးကျူးခြင်းများနှင့် ပြည့်ပြီး ပေတရုနှင့် ပတ်သက်သည့် ဤအဖြစ်အပျက်များကို ချက်ချင်းပင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၁

လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သော အရာမှတစ်ဆင့် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်ခြင်း (လက်ရွေးစင် ကျမ်းပိုဒ်) ဘုရားသခင်၏ လက်ရှိ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၉

လက်တွေ့ကျခြင်းကိုသိခြင်းနှင့် ဘုရားသခင်၏အလုပ်ကို ရှင်းလင်းစွာ မြင်နိုင်ခြင်းတို့အားလုံးကို သူ၏နှုတ်ကပတ်တော်တွင် တွေ့ရသည်။ သင်သည် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၁

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က လူမှုခေတ်ရေစီးကြောင်းများကို အသုံးပြုပုံ လူမှုခေတ်ရေစီးကြောင်းများက မည်သည့်အချိန်တွင် စတင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။