စကားများနှင့် အယူဝါဒများနှင့် သမ္မာတရား စစ်မှန်မှုကို ပြောဆိုခြင်းကြားရှိ ကွာခြားချက်များ (ကောက်နုတ်ချက် ၆၉)
“ယေဟောဝါကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏ မူလအစဖြစ်၏” ဟူသည့် နှုတ်ကပတ်တော်များအတွက်မူ သင်တို့သည် ယင်းတို့ကို မည်သို့လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံလေ့ရှိကြသနည်း။ (ဘုရားနှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးတို့ကို ကျိုးနွံနာခံခြင်းဖြင့် ဖြစ်ပါသည်။) ဤသည်မှာ ယေဘုယျကျသော စကားတစ်ခု၊ အယူဝါဒတစ်ခု ဖြစ်ပေသည်။ ယင်းသည် မှန်ကန်သည်ဟု ထင်ရသော်လည်း အတန်ငယ် အနှစ်သာရမဲ့သည်။ သင်၏အယူအဆများနှင့် ဆန့်ကျင်သောအရာတစ်ခုကို သင်ရင်ဆိုင်ကြုံတွေ့ရပြီး သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိပါက သင် မည်သည့်အရာကိုလုပ်မည်နည်း။ ဤသည်မှာ လက်တွေ့ကျသော စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ဤအရာဖြစ်ပျက်သောအခါ ဤနှုတ်ကပတ်တော်များသည် သင်၏အပြုအမူကို ချုပ်တည်းပြီး သင့်လုပ်ရပ်များ၏ စည်းမျဉ်းများနှင့် ဦးတည်ချက်ကို ပြောင်းလဲပစ်လျက် ရလဒ်များကို မည်သို့စွမ်းဆောင်ရရှိနိုင်ပြီး သင့်အပေါ်တွင် အကျိုးသက်ရောက်မှုတစ်ခုကို မည်သို့ဖြစ်ပေါ်လာစေနိုင်သနည်း။ ဥပမာအနေဖြင့် သင်၏အစာအိမ်သည် နာနေပြီး “အကိုက်အခဲပျောက်ဆေးများသောက်လျှင် နာကျင်မှု ပျောက်သွားလိမ့်မည်” ဟု တစ်ယောက်ယောက်က ပြောသည်ဟု ဆိုကြပါစို့။ ဤစကားသည် မှန်ကန်သည်ကို သင်သိသော်လည်း ယင်းကို သင်မည်သို့လက်ခံပြီး လက်တွေ့လုပ်ဆောင်သနည်း။ သင်၏အစာအိမ် နာနေသောအခါတွင် သင်သည် အကိုက်အခဲပျောက်ဆေးများကို သောက်သလော။ ယင်းတို့ကို မည်သည့်အချိန်တွင် သင်သောက်သနည်း။ အစာမစားမီလော သို့မဟုတ် အစာစားပြီးနောက်လော။ ယင်းတို့ကို တစ်နေ့တွင် အကြိမ်ရေ မည်မျှ သင်သောက်သနည်း။ နာကျင်မှု ပျောက်သွားဖို့ တစ်ကြိမ်လျှင် မည်မျှများများ သောက်သနည်း။ ပြီးလျှင် ရလဒ်များရဖို့ ၎င်းတို့ကို ရက်ပေါင်းမည်မျှကြာအောင် သင်သောက်သင့်သနည်း။ ဤအသေးစိတ်အချက်အလက်များကို သင်သိသလော။ “အကိုက်အခဲပျောက်ဆေးများသောက်လျှင် နာကျင်မှု ပျောက်သွားလိမ့်မည်” ဟူသောစကားကို လက်တွေ့ဘဝထဲတွင် ကျင့်သုံးခြင်းမှတစ်ဆင့်သာ ဤအသေးစိတ်အချက်အလက်များကို သင်နားလည်နိုင်ပေသည်။ အကယ်၍ သင်သည် ၎င်းကို လက်တွေ့မကျင့်သုံးပါက ဤစကားကို သင်မည်မျှအသိအမှတ်ပြုပါစေ၊ လက်ခံပါစေ၊ သို့မဟုတ် ထောက်ခံပါစေ ယင်းသည် သင့်အတွက် အယူဝါဒ စကားရပ်တစ်ခုမျှသာ ဖြစ်နေပေလိမ့်မည်။ သို့သော် အကယ်၍ ဤစကားကို သင်၏လက်တွေ့ဘဝထဲတွင် သင်ကျင့်သုံးပါက၊ သင်၏နေမကောင်းမှုကို ကုသပါက၊ ပြီးလျှင် ယင်းထံမှ အကျိုးကျေးဇူးရပါက ယင်းကို သင်ပြောသောအခါ ယင်းသည် အနှစ်သာရမဲ့သော စကားတစ်ခုမျှသာ မဟုတ်တော့ဘဲ လက်တွေ့ကျသော စကားတစ်ခုဖြစ်၏။ အခြားတစ်ယောက်ယောက်က အလားတူအခြေအနေတစ်ခုကို ရင်ဆိုင်ကြုံတွေ့ရသောအခါ ထိုသူကို ကူညီဖို့ သင်၏လက်တွေ့ကျသောအတွေ့အကြုံကို သင်သုံးနိုင်ပေလိမ့်မည်။ “ယေဟောဝါကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏ မူလအစဖြစ်၏” ဟူ၍ ငါတို့ ယခုတင်ပင် ပြောခဲ့ပြီးပြီ။ “ယေဟောဝါကို ကြောက်ရွံ့ခြင်း” ဟူသည့် စကားရပ်သည် လူများ လက်တွေ့လုပ်ဆောင်ရမည့်အရာတစ်ခုဖြစ်ပြီး “ဉာဏ်ပညာ၏ မူလအစ” ဟူသည်မှာ ယေဟောဝါကို ကြောက်ရွံ့ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့ရရှိသည့် ရလဒ်ဖြစ်ပေသည်။ ဆိုလိုသည်မှာ “ယေဟောဝါကို ကြောက်ရွံ့ခြင်း” ဟူသည့် စကားရပ်ကို သင်လက်တွေ့လုပ်ဆောင်ပြီး ယင်းကို သင်၏လက်တွေ့ဘဝထဲတွင် ကျင့်သုံးကာ ဤစကားရပ်က သင့်ကို ကူညီပြီးဖြစ်ကာ သင်က ယင်းထံမှ အကျိုးကျေးဇူးခံစားရပြီးဖြစ်သည့်အခါမှသာ သင်သည် ဉာဏ်ပညာ၏ ရလဒ်ကို ရရှိနိုင်လိမ့်မည်။ “ယေဟောဝါကို ကြောက်ရွံ့ခြင်း” ဟူသည့် ဤစကားရပ်ကို လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းအကြောင်းကို ပထမဦးစွာ ပြောကြပါစို့။ ဤစကားရပ်သည် လူများက ၎င်းတို့၏ အမှန်တကယ်ဖြစ်သော ဘဝများတွင် ရင်ဆိုင်ရသည့် ပြဿနာများအားလုံးဖြစ်သည့် ၎င်းတို့၏ အတွေးအခေါ်၊ စိတ်ကူးများနှင့် အခြေအနေများ၊ ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ နားလည်မှုလွဲခြင်း၊ သူနှင့်ပတ်သက်သော ၎င်းတို့၏ သံသယများနှင့် ထင်မြင်ချက်များအပြင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် လူများ မကြာခဏ ပြသသည့် ဝတ်ကျေတမ်းကျေဖြစ်ခြင်းများ၊ လှည့်ကွက်၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ ထင်ရာစိုင်းခြင်း စသည်တို့ကဲ့သို့သောအရာများကို ထည့်သွင်းဆွေးနွေးလေသည်။ ဤသို့ဆိုလျှင် သင်သည် သင်၏လုပ်ရပ်များနှင့် ပြုမူနေထိုင်ခြင်း စည်းမျဉ်းများကို ပြောင်းလဲပစ်နိုင်ဖို့အလို့ငှာ “ဘုရားသခင်ကို ကြောက်ရွံ့ခြင်း” ဟူသည့် စကားရပ်ကို မည်ကဲ့သို့ လက်တွေ့ကျင့်သုံးနိုင်မည်နည်း။ အကယ်၍ သင်သည် ဤစကားရပ်၏ အသေးစိတ်အချက်အလက်များ အားလုံးကို ဖြတ်သန်းကာ တွေ့ကြုံပြီး သိရှိလျှင် ယင်းက သင့်အတွက် သမ္မာတရားတစ်ခုဖြစ်လိမ့်မည်။ အကယ်၍ သင်သည် ဤအသေးစိတ်အချက်အလက်များကို မည်သည့်အခါကမျှ ကျော်ဖြတ်ခဲ့ဖူးခြင်းမရှိဘဲ ထိုစကားရပ်ကို သိရုံသာသိပြီး ကြားဖူးရုံသာကြားဖူးပါက ယင်းက သင့်အတွက် အယူဝါဒတစ်ခု အစဉ်သဖြင့် ဖြစ်နေလိမ့်မည်။ ယင်းက စာအုပ်တစ်အုပ်ထဲမှ စကားတစ်ခွန်း၊ စကားလုံးများမျှသာလျှင် ဖြစ်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားတစ်ခု ဖြစ်မည်မဟုတ်ပေ။ ထိုအရာကို အဘယ်ကြောင့် ငါ ပြောရသနည်း။ အကြောင်းမှာ သင်၏ရည်ရွယ်ချက်တစ်ခုတလေကိုဖြစ်စေ၊ သင်၏စိတ်ကူးတစ်ခုတလေကိုဖြစ်စေ၊ သင်၏အတွေးအမြင်တစ်ခုတလေကိုဖြစ်စေ ဤစကားက မည်သည့်အခါမျှ မပြောင်းလဲရသေးသောကြောင့်ဖြစ်သည်။ ကမ္ဘာလောကနှင့် သင်ဆက်ဆံသည့်၊ ပြုမူနေထိုင်သည့် စည်းမျဉ်းများကို ယင်းက မည်သည့်အခါကမျှ မပြောင်းလဲရသေးပေ။ အမှုအရာများကို သင် လုပ်ဆောင်သောအခါ သို့မဟုတ် သင်၏တာဝန်ကို ထမ်းဆောင်သောအခါ သင့်တွင်ရှိသောသဘောထားကို ယင်းက မပြောင်းလဲရသေးပေ။ ထို့အပြင် သင်၏အခြေအနေကို ယင်းက ပြောင်းပြန်မလှန်ပစ်ခဲ့ပေ။ ယင်းထံမှ တစ်စက်မျှ သင်အကျိုးကျေးဇူးမရခဲ့ပေ။ သင်တို့သည် ဤကျော်ကြားသော ဆိုရိုးစကားများအားလုံးကို သိကြပြီး ယင်းတို့ကို ပြောနိုင်သည်။ သို့သော် ယင်းတို့၏အပေါ်ယံမျှသာ သင်နားလည်သည်။ ထို့အပြင် သင့်တွင် ယင်းတို့နှင့်ပတ်သက်သည့် လက်တွေ့ကျသောအတွေ့အကြုံ မရှိပေ။ ဤသည်က ကြောင်သူတော်ဖာရိရှဲများနှင့် မည်သို့ကွာခြားသနည်း။ ဘာသာရေးလောကမှ ထိုသင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးသည် သမ္မာကျမ်းစာထဲမှ ကျော်ကြားသော အခန်းကြီးများနှင့် ကျမ်းချက်များကို အလွတ်ရွတ်ဆိုပြခြင်းနှင့် ရှင်းပြခြင်းတို့အပေါ်တွင် အာရုံစိုက်ကြသည်။ အလွတ်ရွတ်ဆိုအပြဆုံး မည်သူမဆိုသည် ဝိညာဉ်ရေးရာအဆန်ဆုံးဖြစ်သည်၊ အားလုံးက အလေးစားရဆုံးသောသူဖြစ်ပြီး ဂုဏ်သိက္ခာ အရှိဆုံးသောသူနှင့် အဆင့်အတန်း အမြင့်မားဆုံးသောသူဖြစ်သည်။ ၎င်းတို့၏ လက်တွေ့ဘဝများတွင် ၎င်းတို့သည် ကမ္ဘာလောက၊ လူသားမျိုးနွယ်နှင့် အားလုံးသောလူသားမျိုးစုံကို လောကီလူသားများ မြင်သည့်အတိုင်း အမှန်တကယ် မြင်ကြပြီး ၎င်းတို့၏အမြင်များသည် လုံးဝ မပြောင်းလဲပေ။ ဤသည်က တစ်စုံတစ်ခုကို သက်သေပြသည်။ ၎င်းတို့အလွတ်ရွတ်ဆိုပြသည့် သမ္မာကျမ်းစာမှ ထိုအပိုင်းများသည် မည်သည့်နည်းနှင့်မျှ ၎င်းတို့၏အသက် ဖြစ်မလာကြပေ။ ယင်းတို့သည် ၎င်းတို့အတွက် သိသာထင်ရှားစွာပင် သဘောတရားများနှင့် ဘာသာရေးဆိုင်ရာအယူဝါဒများသာ ဖြစ်ကြပြီး ၎င်းတို့၏ဘဝများကို မပြောင်းလဲစေပေ။ အကယ်၍ သင်တို့လျှောက်လှမ်းသော လမ်းကြောင်းသည် ဘာသာရေးသမားများ၏ လမ်းကြောင်းနှင့် အတူတူဖြစ်လျှင် သင်တို့သည် ခရစ်ယာန်ဘာသာကို ယုံကြည်နေခြင်းသာဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်သကဲ့သို့ သင်သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံနေခြင်းမဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်လာခဲ့သည်မှာ အချိန်တိုမျှသာ ရှိကြသေးသူအချို့သည် ဝိညာဉ်ရေးရာ အယူဝါဒများစွာအကြောင်းကို ပြောနိုင်သည့် ထိုရေရှည်ယုံကြည်သူများကို လေးစားအားကျကြသည်။ ပြဿနာမရှိဘဲ နှစ်နာရီ သို့မဟုတ် သုံးနာရီဆက်တိုက်ကြာသည့်တိုင်အောင် ထိုင်၍ စကားပြောနေကြသည့် ထိုရေရှည်ယုံကြည်သူများကို ၎င်းတို့ မြင်ကြသောအခါ ထိုလူများထံမှ ၎င်းတို့ စတင်သင်ယူလေ့လာကြသည်။ ထိုဝိညာဉ်ရေးရာ ဝေါဟာရများနှင့် စကားအသုံးအနှုန်းများကို ၎င်းတို့ လေ့လာကြပြီး ထိုရေရှည်ယုံကြည်သူများ၏ ပြောဆိုပြုမူပုံ နည်းလမ်းများကိုလည်း လေ့လာကြသည်။ ထို့နောက်တွင် ဘုရားသခင်၏ စံပြနှုတ်ကပတ်တော်အချို့ကို ၎င်းတို့ အလွတ်ကျက်ကြတော့သည်။ ၎င်းတို့တွင် တစ်စုံတစ်ခုရှိလာပြီဟု နောက်ဆုံးတွင် ၎င်းတို့ ထင်လာကြသည့်တစ်နေ့အထိ ၎င်းတို့ ဤသည်ကို ဆက်လုပ်ကြသည်။ စုဝေးဖို့ အချိန်ကျရောက်လာသောအခါ ကြီးကျယ်သော စိတ်ကူးများအကြောင်းကို ငြီးငွေ့ဖွယ်လေသံဖြင့် ၎င်းတို့ စကားစပြောကြလေတော့သည်။ သို့သော် အကယ်၍ သင်အသေအချာ နားထောင်ပါက ယင်းတို့အားလုံးမှာ ပေါက်ကရစကားများစွာ၊ အနှစ်သာရမဲ့သော စကား၊ စကားများနှင့် အယူဝါဒများသာဖြစ်ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုနှင့် အခြားသူများကို လိမ်လည်လှည့်စားသည့် ဘာသာရေးသမား အတုအယောင်များ ဖြစ်ကြသည်မှာ ရှင်းနေပေသည်။ ဝမ်းနည်းဖွယ်ကောင်းလှပါတကား။ ထိုလမ်းကြောင်းကို မသွားနှင့်။ ယင်းကို သင်တို့ စတင်လိုက်သည်နှင့်တစ်ပြိုင်နက် သင်တို့ လုံးလုံးလျားလျား ဖျက်ဆီးခြင်းခံရလိမ့်မည်။ ထိုအခါတွင် သင်ဆန္ဒရှိလျှင်ပင် နောက်ပြန်လှည့်ဖို့ ခက်ခဲပေလိမ့်မည်။ အကယ်၍ သင်သည် ထိုစကားများနှင့် အယူဝါဒများကို ရတနာများနှင့် အသက်သဖွယ် မှတ်ယူပြီး သင်သွားသည့်နေရာတိုင်း ယင်းတို့ကို ကြွားလုံးထုတ်လျှင် သင်၏ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သောစိတ်သဘောထားများအပြင် ဝိညာဉ်ရေးရာ သဘောတရားများအချို့နှင့် ကြောင်သူတော်ဆန်သောအရာများအချို့ကို သင်ပိုင်ဆိုင်လေသည်။ ဤသည်မှာ မှားရုံသာမဟုတ်ပေ၊ ယင်းသည် လုံးဝ စက်ဆုပ်ရွံရှာစရာကောင်းပေသည်။ အရှက်မဲ့သည့်အပြင် ယင်းသည် ကြည့်ရသည်မှာ အော်ဂလီဆန်ပြီး အလွန်ဆိုးရွားလှသည်။ ယခုအခါတွင် သခင်ယေရှု၏ နောက်လိုက်များ ယုံကြည်သက်ဝင်သည့် ထိုဂိုဏ်းဂဏများကို ခရစ်ယာန်ဘာသာအဖြစ် ငါတို့ ရည်ညွှန်းလျက် ယင်းတို့ကို ကိုးကွယ်သည့်ဘာသာတစ်ခုနှင့် ဘာသာရေးအဖွဲ့တစ်ခုအဖြစ် အမျိုးအစားသတ်မှတ်သည်။ ဤသည်မှာ ထိုလူများသည် ဘုရားသခင်အပေါ် ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရမည့်အစား သို့မဟုတ် တွေ့ကြုံရမည့်အစား ၎င်းတို့၏အသက်စိတ်သဘောထားများကို လုံးဝ ပြောင်းလဲခြင်းမရှိဘဲ ဘာသာရေးဆိုင်ရာရိုးရာဓလေ့များနှင့် လုပ်ရိုးလုပ်စဉ်များကိုသာ ၎င်းတို့ ဖက်တွယ်ထားကြသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများမဟုတ်ကြသကဲ့သို့ ဘုရားသခင်ထံမှ လာသော သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို မလိုက်စားကြပေ။ ထိုအစား ၎င်းတို့သည် သမ္မာကျမ်းလာအသိပညာကို လိုက်စားကြသည်၊ ဖာရိရှဲများကို ၎င်းတို့ အတုယူကြသည်၊ ပြီးလျှင် ဘုရားသခင်အပေါ်တွင် ၎င်းတို့ ရန်လိုကြသည်။ သို့ဖြစ်၍ ဤလူစုကို ခရစ်ယာန်ဘာသာအဖြစ် အမျိုးအစားသတ်မှတ်ထားသည်။ သခင့်ကို ယုံကြည်သော ဤလူများအားလုံးသည် ဘာသာတရား၏ နောက်လိုက်များဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အသင်းတော်နှင့် မသက်ဆိုင်ကြဘဲ ၎င်းတို့သည် သူ၏သိုးများမဟုတ်ကြပေ။ “ခရစ်ယာန်ဘာသာ” ဟူသည့်ဝေါဟာရသည် မည်သည့်နေရာမှလာသနည်း။ ယင်း၏နောက်လိုက်များသည် ခရစ်တော်ဖော်ပြပြီးဖြစ်သည့် သမ္မာတရားအားလုံးကို ငြင်းပယ်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ငြင်းပယ်သည့်အပြင် ဘုရားသခင်ထံမှ လာသော အပြုသဘောဆောင်သည့် အရာအားလုံးကို ငြင်းပယ်သော်လည်း ခရစ်တော်ကို ယုံကြည်သူများအဖြစ် ဟန်ဆောင်ကာ ဝိညာဉ်ရေးရာဆန်ယောင် ဟန်ဆောင်ပြီး ဘုရားသခင်နောက်သို့ လိုက်နေယောင် ဟန်ဆောင်သည်ဆိုသည့်အချက်မှ လာပေသည်။ ၎င်းတို့သည် အတိတ်တွင် ဘုရားသခင်ပြောခဲ့ဖူးသည့်အရာများဖြင့် မိမိတို့ကိုယ်ကို တပ်ဆင်ထားသည်၊ ပြရုပ်တင်ထားပြီး ရုပ်ဖျက်ထားသည်။ ထမင်းစားလက်မှတ်တစ်ခုရဖို့ လိမ်လည်လှည့်စားနိုင်ရန်အလို့ငှာ ၎င်းတို့သည် ဤအရာများကို အရင်းအနှီးအဖြစ်သုံးကြပြီး အချိန်တိုင်း ယင်းတို့ကို အသုံးချသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအသွင်ဆောင်ထားခြင်းဖြင့် လူများကို ၎င်းတို့ အချိန်တိုင်း လှည့်စားကြသည်။ သမ္မာကျမ်းစာကို ၎င်းတို့ မည်မျှကောင်းကောင်း အဓိပ္ပာယ် ကောက်နိုင်သည်နှင့် ပတ်သက်၍လည်းကောင်း၊ ၎င်းတို့၏သမ္မာကျမ်းလာ အသိပညာနှင့်ပတ်သက်၍လည်းကောင်း အခြားသူများနှင့် ၎င်းတို့ ဖက်ပြိုင်ကြကာ ဤအရာများကို ဂုဏ်ကျက်သရေနှင့် အရင်းအနှီးသဖွယ် မှတ်ယူကြလေသည်။ လိမ်လည်ကောက်ကျစ်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ကောင်းချီးများနှင့် ဆုလာဘ်များကို ရယူဖို့ပင် ၎င်းတို့ အလိုရှိကြသည်။ ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချသည့် ၎င်းတို့ လျှောက်လှမ်းနေသော အန္တိခရစ်များ၏ လမ်းကြောင်းပင်ဖြစ်သည်။ ပြီးလျှင် ဤအုပ်စုလျှောက်သည့် ထိုလမ်းကြောင်းကြောင့် အတိအကျပင် ယင်းသည် အဆုံးတွင် ခရစ်ယာန်ဘာသာနှင့် ဘာသာတရားတစ်ခုအဖြစ် အမျိုးအစားသတ်မှတ် ခံရခြင်းဖြစ်သည်။ ယခုအခါတွင် “ခရစ်ယာန်ဘာသာ” ဟူသည့် ဝေါဟာရကို ကြည့်ကြစို့။ ဤသည်မှာ ကောင်းသောဂုဏ်ပုဒ်တစ်ခုလော သို့မဟုတ် ဆိုးသောဂုဏ်ပုဒ်တစ်ခုလော။ ယင်းသည် ကောင်းသောဂုဏ်ပုဒ်တစ်ခု မဟုတ်ဟု ငါတို့ အသေချာဆုံး ဆိုနိုင်သည်။ ယင်းသည် အရှက်ရဖွယ် အမှတ်အသားတစ်ခုဖြစ်ပြီး ဂုဏ်ယူစရာကောင်းသော သို့မဟုတ် ဂုဏ်ကျက်သရေ ရှိသောအရာတစ်ခု မဟုတ်ပေ။
အသက်ဝင်ရောက်မှုကို သင်လိုက်စားသောအခါ သင်နားလည်သင့်သည့် အဓိကအရာသည် အဘယ်နည်း။ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်ကြောင်းနှင့် သူ၏အမှုတော်ကို လူများ မည်သို့တွေ့ကြုံသင့်ကြောင်းတို့ကို ဘုရားသခင် ပြောကြားခဲ့သည့် နှုတ်ကပတ်တော်များအားလုံးထဲမှ မည်သည့်အကြောင်းအရာတွင် ပြောကြားထားသည်ဖြစ်စေ သင်ရှာဖွေသင့်သည်။ သင်၏ ကျင့်ကြံပြုမူခြင်းနှင့် ကိစ္စများကို သင်ကိုင်တွယ်သည့်နည်းလမ်းများ၊ သင်၏အတွေးအခေါ်များနှင့် အမြင်များတို့အပြင် သင့်ဘဝတွင် သင့်အပေါ် အမှုအရာများ ဖြစ်ပေါ်လာသောအခါ သင်ပိုင်ဆိုင်သည့် မတူညီသောအခြေအနေများနှင့် သရုပ်သကန်များကို ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းတို့ဖြင့် သင်နှိုင်းယှဉ်ချိန်ဆသင့်သည်။ ပို၍အရေးကြီးသည်မှာ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ကြည့်သင့်ပြီး သင့်ကိုယ်သင် နားလည်သင့်သည်၊ ပြီးလျှင် လက်တွေ့လုပ်ဆောင်ခြင်းစည်းမျဉ်းများကို သေချာအောင် လေ့လာစိစစ်ဖို့ သမ္မာတရားကို ရှာဖွေသင့်သည်။ ဤမှတစ်ဆင့် လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို သင်ရှာဖွေသင့်သည်၊ သင့်တာဝန်ကို ထမ်းဆောင်နေစဉ် ဘုရားသခင်၏ရည်ရွယ်ချက်များ အထမြောက်ဖို့အတွက် နည်းလမ်းကိုလည်းကောင်း၊ သူ၏ သတ်မှတ်ချက်များအတိုင်း လုံးဝ ကျင့်ကြံပြုမူရန် နည်းလမ်းကိုလည်းကောင်း၊ ရိုးသားသောသူတစ်ဦးနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောလူတစ်ဦးဖြစ်ရန် နည်းလမ်းကိုလည်းကောင်း၊ သင်ယူသင့်သည်။ စကားများနှင့် အယူဝါဒများ၊ ပြီးလျှင် ဘာသာရေးသဘောတရားများအကြောင်းကို ပြောခြင်းဖြင့် လူများကို လှည့်ဖြားခြင်းကဲ့သို့ အမှုအရာများကို မလုပ်နှင့်။ ဝိညာဉ်ရေးရာဆန်သည့်လူတစ်ဦးအဖြစ် ဟန်မဆောင်နှင့်၊ ပြီးလျှင် ကြောင်သူတော်တစ်ဦးမဖြစ်နှင့်။ သမ္မာတရားကို လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့အပေါ်တွင်လည်းကောင်း၊ သင်၏အခြေအနေများကို နှိုင်းယှဉ်ချိန်ဆဖို့နှင့် ယင်းတို့ကို ဆန်းစစ်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်များကို သုံးခြင်းအပေါ်တွင်လည်းကောင်း သင်သည် အာရုံစိုက်ရမည်။ ထို့နောက်တွင် အခြေအနေအမျိုးအစားတိုင်းကို သင်သဘောထားရာတွင် သင်အသုံးပြုသော မမှန်ကန်သောအမြင်များနှင့် သဘောထားများကို ပြောင်းလဲရမည်။ နောက်ဆုံးတွင် သင်သည် အခြေအနေတိုင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုကို ပိုင်ဆိုင်လာရမည်။ ထို့ပြင် မဆင်မခြင်ပြုမူခြင်း၊ သင့်ကိုယ်ပိုင်စိတ်ကူးများ နောက်သို့လိုက်ခြင်း၊ သင့်လိုအင်ဆန္ဒများအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းတွင် နေထိုင်ခြင်းတို့ကို နောက်ထပ် မပြုလုပ်ရ။ ထိုအစား သင်၏လုပ်ရပ်များနှင့် စကားလုံးများ အားလုံးသည် ဘုရားနှုတ်ကပတ်တော်များအပေါ်တွင်လည်းကောင်း၊ သမ္မာတရားအပေါ်တွင်လည်းကောင်း အခြေခံရမည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာလိမ့်မည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုသည် လူတစ်ဦးက သမ္မာတရားကို လိုက်စားနေစဉ်အတွင်း ဖြစ်ပေါ်သည်။ ယင်းသည် ချုပ်တည်းထားခြင်းမှ မလာပေ။ ချုပ်တည်းထားခြင်းအားလုံးက ဖြစ်ပေါ်လာစေသည်မှာ အပြုအမူအမျိုးအစားတစ်ခုဖြစ်သည်။ ယင်းသည် အပေါ်ယံအဆင့် ကန့်သတ်ချက်အမျိုးအစားတစ်ခုဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အဆက်မပြတ် လက်ခံခြင်းနှင့် သူ၏အမှုတော်ကို တွေ့ကြုံနေစဉ်အတွင်း ပြုပြင်ခြင်းကို လက်ခံခြင်းတို့အားဖြင့် ဘုရားသခင်ကို အစစ်အမှန် ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုကို စွမ်းဆောင်ရရှိသည်။ လူများသည် ၎င်းတို့၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်း၏ စစ်မှန်သော သဘောသဘာဝကို မြင်ရသောအခါ သမ္မာတရား၏အဖိုးတန်မှုကို သိလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို အားထုတ်နိုင်ပေလိမ့်မည်။ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများသည် ပို၍ နည်းနည်းလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ပုံမှန် နေထိုင်နိုင်လာလိမ့်မည်၊ ဘုရားနှုတ်ကပတ်တော်များကို နေ့တိုင်း စားသောက်နိုင်လိမ့်မည်၊ ပြီးလျှင် ဖန်ဆင်းခံများအနေဖြင့် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နိုင်လိမ့်မည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခုတို့သည် ဤဖြစ်စဉ်မှတစ်ဆင့် ပေါ်ပေါက်လာသည်။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေစဉ် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အဆက်မပြတ် ရှာဖွေသည့်သူအားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြသောသူများဖြစ်ကြသည်။ ဆုံးမပဲ့ပြင်ခြင်းကို လက်ခံရရှိပြီးဖြစ်ကာ ပြုပြင်ခြင်းကို များစွာ တွေ့ကြုံပြီးသောသူများအားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် မည်သည့်အရာဖြစ်သည်ကို သိကြသည်။ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခံရသောအခါ ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် စိုးရိမ်ပူပန်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ကို ခံစားရရုံသာမက ဘုရားသခင်၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်ကိုလည်း ၎င်းတို့ ခံစားကြရသည်။ ဤအခြေအနေတွင် ၎င်းတို့၏ စိတ်နှလုံးများထဲမှနေ၍ ကြောက်ရွံ့မှုက သဘာဝအလျောက် ဖြစ်ပေါ်လာသည်။ ယခုအခါတွင် ဤအရာများနှင့်ပတ်သက်၍ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုတစ်ခုတလေ သင်တို့အားလုံးတွင် ရှိကြသလော။ (အနည်းငယ်ရှိပါသည်။) ဤသည်က တဖြည်းဖြည်း ပို၍နက်ရှိုင်းဖို့လိုအပ်သည်။ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုအနည်းမျှဖြင့် စိတ်မကျေနပ်နေနှင့်။ ယခုအခါတွင် သင်သည် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုတွင် ရှိနေပြီဖြစ်သည်။ တရားဒေသနာများစွာကို သင်သည် နားထောင်နေပြီဖြစ်သည်။ စုဝေးပွဲများစွာကို သွားနေပြီဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာကို ဖတ်နေပြီဖြစ်သည်။ ထို့ပြင် သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ပတ်ဝန်းကျင်တစ်ခုနှင့် အခြားအခြေအနေအမျိုးအစားအားလုံးကို သင်ပိုင်ဆိုင်သည်။ သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့မှုရှိသည်ဟု သင်ထင်သောကြောင့် သင်၏ယုံကြည်ခြင်းက ကြီးထွားလာပြီဖြစ်သော်လည်း အကယ်၍ သင့်ကို မတူသည့်ပတ်ဝန်းကျင်တစ်ခုတွင် ထားလိုက်မည်ဆိုပါက သင်၏လက်ရှိအခြေအနေကို သင်ဆက်ထိန်းထားနိုင်မည်လော။ သင်ယခုနားလည်ထားသည့် သမ္မာတရားများက အမှုအရာများအပေါ် သင်၏ရှုထောင့်အမြင်ကိုဖြစ်စေ၊ အသက်နှင့် စံနှုန်းများအပေါ် သင်၏ အမြင်သဘောထားကိုဖြစ်စေ ပြောင်းလဲစေနိုင်သလော။ အကယ်၍ သင်နားလည်ထားသည့် သမ္မာတရားများက ဤအရာများကို မဖြစ်မြောက်နိုင်ပါက သင်သည် သမ္မာတရားကို အမှန်တကယ် နားမလည်ပေ။ ဘုရားနှုတ်ကပတ်တော်များက သင်နားလည်ထားသည့် သမ္မာတရားများနှင့် သင်၏အသက် ဖြစ်လာသောအခါ သင့်တွင် အသက်ဝင်ရောက်မှု ရှိလိမ့်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုထဲသို့ သင်ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက သင့်ကိုယ်ပိုင်ဉာဏ်ဖြင့် သင်လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်လာလိမ့်မည်၊ အမှုအရာများကို ဤကဲ့သို့ ပင်ကိုအားဖြင့် လုပ်ဆောင်သင့်သည်ဟု သင်ခံစားရလိမ့်မည်။ သမ္မာတရားနှင့်အညီ အမှုအရာများကို လုပ်ဆောင်ခြင်းက သင့်အတွက် သဘာဝအလျောက်ဖြစ်လာလိမ့်မည်။ ယင်းသည် သဘာဝအလျောက် ထုတ်ဖော်ခြင်းတစ်ခုကဲ့သို့ ပုံမှန်ဖြစ်လာလိမ့်မည်။ ဤအရာက ဘုရားနှုတ်ကပတ်တော်များက သင်၏အသက်ဖြစ်လာလိမ့်မည်ဟု ဆိုလိုသည်။ အကယ်၍ တစ်စုံတစ်ခုနှင့် သင်ရင်ဆိုင်ကြုံတွေ့ရသောအခါ မှားယွင်းသောလမ်းကြောင်းကို အစဉ်သဖြင့် သင်လျှောက်မိပြီး အစဉ်သဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ရကာ လမ်းကြောင်းမှန်ပေါ်သို့ သင်ပြန်ရောက်ဖို့အလို့ငှာ တစ်စုံတစ်ယောက်က သင့်ကို အစဉ်သဖြင့် ကူညီပြီး ထောက်ပံ့နေရပါက ဤသည်က နီးပင်မနီးစပ်ချေ။ ထို့အပြင် သင့်တွင် ဝိညာဉ်ရင့်ကျက်မှု လုံးဝ မရှိချေ။ အကယ်၍ သင့်ကို ကူညီထောက်ပံ့ဖို့ မည်သူမျှ မရှိပါက သင့်အနီးအနားရှိ ပတ်ဝန်းကျင်က ပြင်းပြင်းထန်ထန် ပြောင်းလဲသည်နှင့်တစ်ပြိုင်နက် မည်မျှဝေးဝေး သင်လဲပြိုသွားမည်ကို မပြောနိုင်ပေ။ တစ်ညတည်းအတွင်းတွင်ပင် ဘုရားသခင်ကို သင်သည် ငြင်းပယ်၍ သစ္စာဖောက်လာနိုင်သည်။ ညတွင်းချင်းပင် သင်သည် ဘုရားသခင်ကို စွန့်ခွာပြီး စာတန်၏ လက်ထဲသို့ ပြန်ရောက်သွားနိုင်သည်။ တစ်နည်းဆိုရသော် သမ္မာတရားကို သင်မရမီနှင့် သမ္မာတရားက သင်၏အသက်ဖြစ်မလာမီတွင် သင်သည် အန္တရာယ်ရှိနေဆဲဖြစ်သည်။ ယုံကြည်ခြင်းအနည်းငယ်မျှကို ပိုင်ဆိုင်ခြင်း၊ သင့်ကိုယ်သင် ဘုရားသခင်အဘို့ အသုံးခံဖို့ ဆန္ဒရှိခြင်းနှင့် ယခုလက်ရှိတွင် သန္နိဋ္ဌာန် သို့မဟုတ် ကောင်းသည့် ပြင်းပြသောဆန္ဒများ အနည်းငယ်မျှရှိခြင်းတို့က သင့်တွင် အသက်ရှိကြောင်းကို သက်သေပြခြင်း မဟုတ်ပေ။ ဤအရာများသည် အပေါ်ယံဖြစ်စဉ်မျှသာဖြစ်သည်။ ဤသည်မှာ ဖြစ်လိုသောဆန္ဒသာ ဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး တိုးတက်မလာမီ သင်သည် သမ္မာတရားဖြင့် မိမိကိုယ်ကို ပြင်ဆင်ရမည်။ ဘုရားသခင်၏အမှုတော်၊ အချို့သော စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံနိုင်ရမည်။ သင့်အတွင်းတွင် ဘုရားသခင်အပေါ် စစ်မှန်သည့်ယုံကြည်မှု ဖြစ်ပေါ်လာသောအခါ သင်သည် စစ်မှန်သော ဆုတောင်းချက်အပြင် သူနှင့် စစ်မှန်သော မိတ်သဟာယပြုခြင်း ရှိလာလိမ့်မည်။ သင်သည် သင်၏စိတ်နှလုံးထဲတွင် ရှိသည့်အရာကို ဘုရားသခင်အား ပြောနိုင်လိမ့်မည်။ ထို့အပြင် တစ်ခုခုနှင့် သင်ကြုံလာရသောအခါ သူတစ်ဦးတည်းအပေါ်တွင်သာ သင် မှီခိုနိုင်ကြောင်း၊ အခြားမည်သူတစ်ဦးမျှ အလုပ်ဖြစ်မည် မဟုတ်ကြောင်း သင်ခံစားရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးက ပုံမှန်ဖြစ်နေမည့်အခါတွင် ဖြစ်သည်။ သင့်တွင် ဘုရားသခင်အပေါ် စစ်မှန်သည့်ယုံကြည်မှုရှိသောအခါ သူက သင့်ကို မည်သည့်နေရာတွင် ထားသည်ဖြစ်စေ၊ သင်က နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် စုဝေးပွဲတစ်ခုကို မတက်ရောက်နိုင်လျှင်ပင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် ယောဘ၏ယုံကြည်ခြင်းကဲ့သို့ လုံးဝ မပြောင်းလဲဘဲ ဆက်ရှိနေလိမ့်မည်။ စုဝေးပွဲများကို သင် တက်ရောက်မည် မဟုတ်သည့်အပြင် သင့်ကို တရားဒေသနာများ ဟောပြောဖို့ မည်သူမျှမရှိလျှင်ပင် ဘုရားသခင်၏လမ်းခရီးနှင့် ဘုရားနှုတ်ကပတ်တော်များသည် သင်၏စိတ်နှလုံးထဲတွင် ရှိနေလိမ့်မည်။ သင်သည် ဘုရားသခင်ကို စွန့်ခွာလိမ့်မည်မဟုတ်ဘဲ နေ့တိုင်း သူက သင့်ကို မည်သို့ဦးဆောင်မည့်အကြောင်းကို သင်သည် ရှင်းနေပေလိမ့်မည်။ သူ၏စမ်းသပ်မှုများကို သင်ကြုံတွေ့ရသောအခါ ဘုရားသခင်ကို သင်ငြင်းပယ်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် ယင်းတို့အထဲတွင် သူ၏ဆောင်ရွက်ချက်များကိုပင်လျှင် သင်သည် မြင်နိုင်ပေလိမ့်မည်။ ထိုအချိန်တွင် သင်သည် အမှီအခိုကင်းနိုင်လာလိမ့်မည်။ သင်တို့သည် ထိုအခြေအနေကို မရောက်ကြသေးပေ၊ သင်တို့တွင် အယူအဆများ၊ စိတ်ကူးများနှင့် မသန့်စင်မှုများ များစွာ ရှိနေဆဲဖြစ်သည်။ သင့်လုပ်ရပ်များနှင့် သင့်တာဝန်ကို ထမ်းဆောင်မှုတို့အထဲတွင် ရုပ်ဖျက်ဖုံးကွယ်ထားသည့် အရာအချို့ ရှိနေသေးသည်။ သင့်ကိုယ်ပိုင်ဆန္ဒများမှာ များပြားလွန်းလှသည်။ သင်သည် ဟန်ဆောင်နေသည့်ကာလအပိုင်းအခြားတစ်ခုအတွင်းတွင် ရှိနေဆဲပင်ဖြစ်သည်၊ သင်သည် ဝိညာဉ်ရေးရာဆန်သည့်လူတစ်ဦးဖြစ်ဖို့၊ ဝိညာဉ်ရေးရာအယူဝါဒများကို ဟောပြောဖို့နှင့် ဝိညာဉ်ရေးရာ စကားရပ်များ၊ ဝေါဟာရများနှင့် သဘောတရားများဖြင့် သင့်ကိုယ်သင် ပြင်ဆင်ဖို့ ကြိုးပမ်းနေဆဲပင်ဖြစ်သည်။ သင်သည် ဖာရိရှဲတစ်ဦးဖြစ်ဖို့နှင့် အတုအယောင် ဝိညာဉ်ရေးရာဆန်သူတစ်ဦးဖြစ်ဖို့ ကြိုးပမ်းနေဆဲပင်ဖြစ်သည်။ သင်သည် ဤလမ်းကြောင်းမျိုးကို လျှောက်ဖို့ ကြိုးစားနေဆဲပင်ဖြစ်ပြီး သင်သည် ဤမှားယွင်းသောလမ်းကြောင်းမျိုးပေါ်တွင် ရှိနေဆဲပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့်လူတစ်ဦးအဖြစ်မှ ဝေးကွာနေလွန်းသေးသည်။ သို့ဖြစ်လျှင် သင်တို့သည် သမ္မာတရားလိုက်စားပြီး တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို ပို၍ တွေ့ကြုံဖို့ အစွမ်းကုန် လုပ်ဆောင်ရမည်။ သို့မှသာ ဤအယောင်ဆောင်ခြင်းများ၊ ရုပ်ဖျက်ခြင်းများနှင့် ပုံမှန်မဟုတ်သည့် စိတ်နေစိတ်ထားများကို အလျှင်း ဖယ်ရှားပစ်နိုင်မည်။ ဤဖောက်ပြန်ပျက်စီးခြင်းများကို သန့်စင်ပြီးသည့်အခါ သင်နှင့် ဘုရားသခင်၏အကြားက ဆက်ဆံရေးမှာ သဘာဝအလျောက် ပုံမှန်ဖြစ်လာပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။