ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၆

ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ မည်ကဲ့သို့သော အသက်တာ ဖြစ်သနည်း။ ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ သင်၏စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ လုံးလုံးလျားလျားလှည့်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆင်ခြင်အောက်မေ့နိုင်စွမ်းရှိသော အသက်တာဖြစ်သည်။ ထိုအသက်တာထဲတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ပြီး သင်၏စိတ်နှလုံးအတွင်း အခြားမည်သည့်အရာကိုမျှ နေရာမပေးဘဲ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိသည်သာမက သင်၏တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်ရန်အတွက် ယနေ့သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းအားဖြင့် လမ်းပြခြင်း ခံရသော အသက်တာ ဖြစ်သည်။ ထိုကဲ့သို့ လူနှင့် ဘုရားသခင် အကြား၌ရှိသော အသက်တာမှာ ဝိညာဉ်ရေးရာ အသက်တာ ဖြစ်သည်။ အကယ်၍ သင်သည် ယနေ့ခေတ်၏အလင်းကို လိုက်လျှောက် နိုင်စွမ်းမရှိပါက သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေးအကြားတွင် အကွာအဝေးတစ်ခု ခြားနေမည်ဖြစ်ပြီး၊ ယင်းဆက်ဆံရေးသည် ပြတ်တောက်ကောင်းပင် ပြတ်တောက်သွားနိုင်ပြီး၊ သင်၌ သာမန် ဝိညာဉ်ရေးရာအသက်တာ မရှိဘဲဖြစ်နေမည်။ ဘုရားသခင်နှင့် သာမန် ဆက်ဆံရေးသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံသည့် အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သင်၌ သာမန် ဝိညာဉ်ရေးရာ အသက်တာ ရှိသလော။ သင်နှင့် ဘုရားသခင်အကြားတွင် သာမန် ဆက်ဆံရေး ရှိသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လိုက်နာသောသူတစ်ဦး ဖြစ်သလော။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လိုက်လျှောက်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်ကာ အဆိုပါ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ပါသောသူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ပါခြင်း မရှိပါက သင်သည် သမ္မာတရားကို ရှာဖွေသောသူတစ်ဦး မဟုတ်သည်မှာ သေချာပါသည်။ မိမိတို့ကိုယ်ကို တိုးတက်အောင် ပြုပြင်လိုစိတ် မရှိသူများ၏ အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အရေး မရှိပါ၊ ရလဒ်အနေဖြင့် ထိုကဲ့သို့သော လူများသည် ၎င်းတို့၏ ခွန်အားကို မည်သည့်အခါမျှ ထုတ်သုံးနိုင်မည် မဟုတ်ဘဲ အမြဲတမ်း မလှုပ်မယှက် ရှိနေမည်။ ယနေ့ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတိုင်း စီးမျောလိုက်ပါသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသလော။ မလှုပ်မယှက် ဖြစ်နေသော အခြေအနေထဲမှ သင် လွတ်မြောက်ပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်သောသူ၊ ဘုရားသခင်၏ အလုပ်ကို အုတ်မြစ်ကဲ့သို့ ခံယူသောသူနှင့် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လိုက်လျှောက်သောသူ အားလုံးတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသောသူများ ဖြစ်ကြသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စုံလင်သော သမ္မာတရားဖြစ်ကြောင်းနှင့် မှန်ကန်ကြောင်း သင်ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သာမက ဘုရားသခင် ပြောသော အရာမှန်သမျှကို ယုံကြည်ပါက သင်သည် ဘုရားသခင်၏ အလုပ်ထဲ၌ ပါဝင်လုပ်ဆောင်သောသူတစ်ဦးဖြစ်သည်၊ ထို့အပြင် သင်သည် ဤနည်းအားဖြင့် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေပါသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ ဝင်ရောက်ရန် သင်၌ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိရမည်ဖြစ်ပြီး သင်၏ မလှုပ်မယှက်ဖြစ်သော အနေအထားကို သင့်ကိုယ်သင် ပထမဦးဆုံး ဖယ်ရှင်းရမည်။ လူအချို့တို့သည် အများစုနောက်သို့ လိုက်မြဲလိုက်တတ် ကြပြီး ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံမှ အလွန် လမ်းလွဲ ဝေးကွာနေတတ်ကြသည်၊ ထိုကဲ့သို့သော လူများသည် မိမိတို့ကိုယ်ကို တိုးတက်အောင် ပြုပြင်လိုစိတ် မရှိကြဘဲ ၎င်းတို့ စွဲကိုင်ထားသော စံချိန်များမှာ အလွန်နိမ့်ပါးကြသည်။ ချစ်ခြင်းမေတ္တာဖြစ်သော ဘုရားသခင်နောက်လိုက်ခြင်းနှင့် ဘုရားသခင်၏ရယူခြင်း ခံရခြင်းသာလျှင် ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ရန် မိမိတို့၏ အသိတရားကိုသာ အသုံးပြုသောသူများရှိပါသည်၊ သို့သော် ဤအရာသည် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပါ၊ ပို၍မြင့်သော စံချိန်များကို သင်လက်ကိုင်ပြုအသက်ရှင်လေ၊ ထိုအရာသည် ဘုရားသခင်၏ အလိုတော်နှင့် ပို၍သဟဇာတဖြစ်လေဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လက်စွဲ အသက်ရှင်သော သာမန်လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ လူများထဲမှ တစ်ဦး ဖြစ်ရန်အတွက် နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်၏ မှန်သောအနာဂတ်ဖြစ်ပြီး ထိုအသက်တာသည် တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး အသက်တာ ဖြစ်သည်၊ မည်သူမျှ သင်တို့ထက် ပို၍ကောင်းချီးမင်္ဂလာ မခံရကြ။ အဘယ်ကြောင့် ဤအရာကို ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး ၎င်းတို့သည် စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် အသက်ရှင်ကြသည်။ ထိုအတွက်ကြောင့် သင်တို့၏ အသက်တာများသည် အဓိပ္ပာယ် အရှိဆုံးသော အသက်တာဖြစ်သည်ဟု ငါပြောခြင်းဖြစ်သည်။ ဘုရားသခင်၏ ရွေးကောက်ခြင်းခံရသော ဤလူအုပ်စုသာ အဓိပ္ပာယ်အရှိဆုံး အသက်တာဖြင့် အသက်ရှင်နိုင်ကြသည်၊ ကမ္ဘာပေါ်ရှိ အခြားမည်သူမျှ ထိုကဲ့သို့ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်မရှင်နိုင်ကြ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်၏ ရွေးကောက်ခြင်းကို ခံထားရခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင် ချီးမြှောက်ခြင်းကို ခံရခြင်းကြောင့် လည်းကောင်း၊ ထို့အပြင် သင်တို့အတွက်ဖြစ်သော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် သင်တို့သည် မှန်သောအသက်တာကို နားလည်သဘောပေါက်ပြီး တန်ဖိုးအရှိဆုံးသော အသက်တာဖြင့် မည်ကဲ့သို့ အသက်ရှင်ရမည်ကို သိခြင်းကြောင့်လည်းကောင်း ဖြစ်သည်။ ဤအရာမှာ သင်တို့၏ လုပ်ဆောင်မှု ကောင်းသောကြောင့်မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်၊ ဘုရားသခင်သည် သင်တို့၏ဝိညာဉ်မျက်စိများကို ဖွင့်သော၊ သင်တို့၏ စိတ်နှလုံးကို တို့ထိသော ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်သာမက သူ့ထံသို့ လာရန် ကောင်းသောအရာတို့ကို ပေးလျက်နေသည်။ အကယ်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်အား ဉာဏ်အလင်း မဖွင့်ပေးပါက ဘုရားသခင်နှင့် ပတ်သက်သော မည်သည့်အရာများမှာ ချစ်ဖွယ်ဖြစ်ကြောင်း သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်သကဲ့သို့ သင့်အနေဖြင့် ဘုရားသခင်အား ချစ်တတ်ရန်လည်း ဖြစ်နိုင်ချေရှိမည် မဟုတ်ပါ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူတို့၏ စိတ်နှလုံးများကို တို့ထိခြင်းကြောင့် ထိုသူတို့၏စိတ်နှလုံးတို့သည် ဘုရားသခင်ထံသို့ လှည့်သွားခြင်း ရာနှုန်းပြည့် ဖြစ်သည်။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် သင်ပျော်မွေ့နေသည့်အခါ သင်၏ဝိညာဉ်သည် တို့ထိခြင်းခံရကာ ဘုရားသခင်အား သင်မချစ်ဘဲမနေနိုင်ကြောင်း၊ သင့်အထဲ၌ ကြီးမားသော ခွန်အားရှိကြောင်းနှင့် သင်ဘေးချိတ် မထားနိုင်သည့်အရာ တစ်စုံတစ်ခုမျှမရှိကြောင်း သင်ခံစားရမည်။ အကယ်၍ သင်ဤကဲ့သို့ခံစားရပါက သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီး သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျားလှည့်၍ သင်သည် ဘုရားသခင်ထံ ဆုတောင်းကာ “အို ဘုရားသခင်။ ကျွန်ုပ်တို့သည် ရှေးမဆွမီကတည်းက ကိုယ်တော်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းကို အမှန်တကယ် ခံရသောသူများ ဖြစ်ပါသည်။ ကိုယ်တော်၏ ဘုန်းတော်သည် ကျွန်ုပ်၏ ဂုဏ်ယူဖွယ် ဖြစ်ပြီး၊ ကျွန်ုပ်သည် ကိုယ်တော်၏ လူများထဲမှ တစ်ဦးဖြစ်ရသည်မှာ အလွန်ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါ၏။ ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ရန် မည်သည့်အရာအတွက်မဆိုသုံး၍ မည်သည့်အရာကိုမဆို ပေးပါမည်၊ ကျွန်ုပ်၏ နှစ်ကာလအလုံးစုံနှင့် တစ်ဘဝလုံး အားထုတ်ကြိုးပမ်းမှုတို့ကို ကိုယ်တော့်ထံ ဆက်ကပ်ပါမည်” ဟု သင်ဆိုလိမ့်မည်။ သင်ဤကဲ့သို့ ဆုတောင်းပါက သင်၏စိတ်နှလုံးထဲတွင် အဆုံးမရှိသော ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် မှန်သောနာခံမှု ရှိလာမည်။ ဤကဲ့သို့သော ဖြစ်ရပ်တစ်ခုကို သင်ကြုံဖူးသလော။ အကယ်၍ လူအများသည် ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိမှုကို မကြာခဏ ခံရပါက ၎င်းတို့သည် ၎င်းတို့၏ ဆုတောင်းချက်များထဲ၌ “အို ဘုရားသခင်။ ကိုယ်တော် ဘုန်းထင်ရှားသော နေ့ရက်ကို ကျွန်ုပ်မျှော်လင့်ပါ၏၊ ကိုယ်တော့်အတွက် ကျွန်ုပ်အသက်ရှင်လိုပါ၏၊ ကိုယ်တော့်အတွက် အသက်ရှင်ခြင်းထက် ပို၍ထိုက်တန်သော သို့မဟုတ် အဓိပ္ပာယ်ရှိသောအရာ မရှိပါ၊ ထို့အပြင် ကျွန်ုပ်သည် စာတန်နှင့် ဇာတိပကတိအတွက် အသက်ရှင်လိုစိတ် အနည်းငယ်မျှ မရှိပါ။ ကိုယ်တော့်အတွက် ယနေ့ အသက်ရှင်နိုင်ရန် အကျွန်ုပ်အား တတ်နိုင်စေခြင်းဖြင့် ကိုယ်တော်သည် ကျွန်ုပ်အား ချီးမြှောက်တော်မူသည်” ဟူ၍ ထည့်သွင်းဆုတောင်းကာ မိမိတို့ကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ်ရန် အထူးသဖြင့် ဆန္ဒရှိကြမည် ဖြစ်သည်။ သင်ဤသို့ဆုတောင်းသည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင်အား မပေးဘဲ မနေနိုင်ကြောင်း၊ ဘုရားသခင်ကို မရဘဲ မနေနိုင်ကြောင်း သာမက သင်အသက်ရှိစဉ် ဘုရားသခင်ကို မရဘဲ သင်သေဆုံး သွားမည်ကို မုန်းတီးသကဲ့သို့ သင်ခံစားရလိမ့်မည်။ ထိုကဲ့သို့ ဆုတောင်းချက်ကို နှုတ်ဖြင့်မြွက်ဆိုပြီးပါက သင့်အထဲ၌ မကုန်ခန်းနိုင်သောခွန်အား ရှိလာမည်ဖြစ်ပြီး ထိုခွန်အားသည် မည်သည့်နေရာမှ ရောက်လာကြောင်း သင်သိမည်မဟုတ်ပါ၊ သင့်စိတ်နှလုံးထဲ၌ အကန့်အသတ်မရှိသော တန်ခိုးရှိလာပြီး ဘုရားသခင်သည် ချစ်မြတ်နိုးဖွယ်ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် အင်မတန်မှပင် ချစ်မြတ်နိုးရန် ထိုက်တန်ကြောင်းသိသည့် အသိစိတ် သင့်အထဲ၌ ရှိလာလိမ့်မည်။ ထိုအချိန်သည် ဘုရားသခင်၏ တို့ထိခြင်းကို သင်ခံရပြီးဖြစ်သည့် အချိန်ပင်ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ရပ်ကို ကြုံဖူးသောသူအားလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ တို့ထိခြင်းကို မကြာခဏ ခံရသောသူများသည် ၎င်းတို့၏ အသက်တာများထဲ၌ အပြောင်းအလဲများ ဖြစ်လာသည်၊ ၎င်းတို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပြီး ဘုရားသခင်ကို အပြည့်အဝရရန် အလိုရှိကြသည်၊ ၎င်းတို့စိတ်နှလုံး အထဲ၌ရှိသော ဘုရားသခင်အား ချစ်မြတ်နိုးသည့် စိတ်သည် ပို၍ပြင်းပြလာသည်၊ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်သွားကြသည်။ ၎င်းတို့သည် မိသားစု၊ လောကကြီး၊ အရှုပ်အယှက်များ သို့မဟုတ် ၎င်းတို့၏ အနာဂတ်အပေါ် အလေးမထားကြ၊ ထို့အပြင် ၎င်းတို့သည် တစ်ဘဝလုံး အားထုတ် ကြိုးပမ်းမှုတို့ကို ဘုရားသခင်ထံ ဆက်ကပ်ရန် အလိုရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရသောသူအားလုံးသည် သမ္မာတရားနောက်သို့ အမီလိုက်သူများဖြစ်ကြပြီး စုံလင်ခြင်းသို့ ရောက်ရန်အတွက် ဘုရားသခင်ပြုမည်ကို တောင့်တသောသူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၈

ဘုရားသခင် အလုပ်အတွက် အတားအဆီးများမှာ မည်မျှ ကြီးမားသနည်း။ တစ်စုံတစ်ယောက်မှ သိခဲ့ဖူးလေသလော။ စွဲမြဲနေသည့် အယူသည်းသော အရောင်ဆိုးမှုများနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁

အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၆၆

ဘုရားသခင်သည် ပညတ်တော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ပြီးနောက်တွင်၊ ဓမ္မဟောင်းကျမ်း ထွက်ပေါ်ခဲ့ကာ၊ ထို့နောက်တွင် လူတို့သည် သမ္မာကျမ်းစာကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၁

ယနေ့ခေတ်၌ ဘုရားသခင်၏ အလုပ်ကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသော ကာလ၌ ဘုရားသခင် လူ့ဇာတိခံယူသည်ကို သိခြင်း၊ သူ၏ အဓိက သာသနာလုပ်ငန်းက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။