ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၇

17.02.2021

“လူသားသည် ဥပုသ်နေ့ကို အစိုးရသည်” ဆိုသော စာကြောင်းက ဘုရားသခင်၏ အရာအားလုံးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မဟုတ်ဆိုသည်ကို လူတို့ကို ပြောပြသည်။ သင်၏ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တို့အားလုံးကို ဘုရားသခင်က ထောက်ပံ့ပေးနိုင်သော်လည်း သင်၏ ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တို့ ပြည့်ပြီဆိုသည်နှင့် ဤအရာတို့ဆီမှလာသော ကျေနပ်ခြင်းက သင်၏ သမ္မာတရားအတွက် ကြိုးပမ်းအားထုတ်ခြင်းကို အစားထိုးနိုင်သလော။ ဤသည်မှာ မဖြစ်နိုင်ဟုဆိုသည်မှာ ရှင်းပါသည်။ ငါတို့ မိဿဟာယဖွဲ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ နှစ်ခုလုံးက သမ္မာတရားဖြစ်သည်။ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းတို့၏ မြင့်မားသော ဈေးနှုန်းတို့နှင့် တိုင်းတာ၍မရသကဲ့သို့ ငွေနှင့် အဖိုးဖြတ်၍လည်း မရပေ။ အကြောင်းမှာ ၎င်းသည် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမဟုတ်သောကြောင့်ဖြစ်ပြီး လူတစ်ယောက်စီတိုင်း၏ နှလုံးသားလိုအပ်ချက်ကို ပံ့ပိုးပေးခြင်းကြောင့်ဖြစ်သည်။ လူတိုင်းအတွက် ဤလက်ဆုပ်လက်ကိုင်ပြ၍မရသော သမ္မာတရားတို့၏ တန်ဖိုးသည် သင်က ကောင်းသည်ဟုထင်သော ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုမှန်သမျှတို့ထက် ပိုပြီး ကြီးမြတ်သင့်သည် မဟုတ်လော။ ဤဖော်ပြချက်က သင်တို့ အပြန်ပြန်စဉ်းစားသင့်သောအရာတစ်ခုပင်ဖြစ်သည်။ ငါပြောသွားသောအရာ၏ အဓိကအချက်က ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် ဘုရားသခင်၏ အရာရာတိုင်းသည် လူတစ်ယောက်ချင်းစီတိုင်းအတွက် အရေးကြီးဆုံးဖြစ်ပြီး မည်သည့်ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုနှင့်မျှ အစားထိုး၍မရနိုင်ဟု ဆိုခြင်းပင်ဖြစ်သည်။ ငါသင့်ကို ဥပမာတစ်ခုပေးမည်။ သင်ဆာလောင်သောအခါတွင် အစားအစာ လိုအပ်သည်။ ဤအစားအစာက အတော်ကလေး ကောင်းချင်ကောင်းမည်၊ သို့မဟုတ် အတော်ကလေး ညံ့ချင်ညံ့မည်။ သို့သော်လည်း သင်ဗိုက်ဖြည့်၍ ရသရွေ့ ဤဆာလောင်သည့် မကောင်းသောခံစားချက်က ရှိမည်မဟုတ်တော့ပေ။ ပျောက်သွားလိမ့်မည်။ သင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ထိုင်နေနိုင်သည်။ သင်၏ ကိုယ်ခန္ဓာသည် အနားရလိမ့်မည်။ လူတို့၏ ဆာလောင်မှုကို အစားအစာနှင့် ဖြေရှင်းနိုင်သည်။ သို့သော်လည်း သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ့ကို နားလည်ခြင်း သင့်မှာမရှိဟု ခံစားရလျှင် သင့်နှလုံးသားထဲက ဘာမျှမရှိခြင်းကို သင် မည်ကဲ့သို့ဖြေရှင်းနိုင်မည်နည်း။ အစားအစာနှင့် ဖြေရှင်း၍ရမည်လော။ သို့မဟုတ် သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ၏အလိုတော်ကို နားမလည်သောအခါတွင် သင့်နှလုံးသားထဲမှ ထိုဆာလောင်မှုအတွက် ဖြည့်ဆည်းရန် သင် ဘာကိုအသုံးပြုနိုင်မည်နည်း။ သင့်စိတ်သဘောထား ပြောင်းလဲမှုအတွက် ကြိုးပမ်းအားထုတ်နေခိုက်တွင် ဘုရားသခင်မှတစ်ဆင့် သင်၏ ကယ်တင်ခြင်းအတွေ့အကြုံဖြစ်စဉ်မှာ သူ့အလိုတော်ကို သင်နားမလည်လျှင်၊ သို့မဟုတ် သမ္မာတရားက အဘယ်အရာဖြစ်၏ဆိုသည်ကို သင်မသိလျှင်၊ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားမလည်လျှင် စိတ်မသက်သာမှုကို သင်မခံစားရပေဘူးလော။ သင့်နှလုံးသားထဲတွင် ပြင်းပြသောဆာလောင်မှုနှင့် ငတ်မွတ်မှုကို မခံစားရပေဘူးလော။ ဤခံစားချက်တို့က သင့်နှလုံးသားထဲတွင် ငြိမ်ဝပ်ခြင်းကို မခံစားရအောင် တားဆီးမနေဘူးလော။ ဤသို့ဆိုလျှင် သင့်နှလုံးသားထဲက ဆာလောင်မှုကို သင်မည်ကဲ့သို့ ဖြည့်ဆည်းနိုင်မည်နည်း။ ၎င်းကို ဖြေရှင်းရန် နည်းလမ်းရှိသလော။ တချို့လူတို့က ဈေးဝယ်ထွက်သည်။ တချို့က ရင်ဖွင့်ရန်အတွက် သူတို့၏ သူငယ်ချင်းများကို ရှာကြသည်။ တချို့လူတို့က အိပ်ရေးဝအောင် အိပ်လိုက်ကြသည်။ တခြားလူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ပို၍ ဖတ်ကြသည်။ သို့မဟုတ် အလုပ်ပိုကြိုးစားကြပြီး သူတို့၏ တာဝန်ကို ထမ်းဆောင်ရန် ပို၍ အားစိုက်ထုတ်ကြသည်။ ဤအရာတို့က သင်၏ တကယ့်အခက်အခဲတို့ကို ဖြေရှင်းနိုင်သလော။ သင်တို့အားလုံး ဤကဲ့သို့အလေ့အကျင့်တို့ကို အပြည့်အဝ နားလည်ကြသည်။ သင်သည် မည်သည့်အစွမ်းမျှမရှိဟု ခံစားရသောအခါတွင်၊ သမ္မာတရား၏ အစစ်အမှန်နှင့် သူ၏အလိုတော်ကိုသိခြင်းအခွင့်ကို ရရန်အတွက် ဘုရားသခင်ဆီမှ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရရှိရန် ပြင်းပြသောဆန္ဒကို သင်ခံစားရသောအခါတွင် သင်မည်သည်ကို အလိုအပ်ဆုံးဖြစ်သနည်း။ သင်လိုအပ်သည်မှာ ဗိုက်ပြည့်စေမည့် ထမင်းတစ်နပ်မဟုတ်ပေ။ သနားကြင်နာသော စကားတချို့မဟုတ်ပေ။ ဇာတိ၏ ယာယီ နှစ်သိမ့်ခြင်းနှင့် စိတ်ကျေနပ်စေခြင်းတို့ဆိုလျှင် ပို၍ပင်မဟုတ်ပေ။ သင်လိုအပ်သည်မှာ ဘုရားသခင်က သင်ဘာလုပ်သင့်သည်၊ မည်ကဲ့သို့လုပ်ဆောင်သင့်သည်ဆိုခြင်းကို တိုက်ရိုက် ရှင်းလင်းစွာပြောပြရန်၊ သမ္မာတရားက အဘယ်အရာဖြစ်၏ဆိုသည်ကို သင့်ကို ရှင်းရှင်းလင်းလင်း ပြောပြရန်ပင်ဖြစ်သည်။ အနည်းငယ်မျှပင်ဖြစ်ဖြစ် ၎င်းကို သင်နားလည်ပြီးသောနောက်တွင် အစားအစာကောင်းကောင်း စားရခြင်းထက် သင့်နှလုံးသားတွင် ကျေနပ်မှုကို ပိုပြီးမခံစားရပေဘူးလော။ သင့်နှလုံးသားက ကျေနပ်သောအခါတွင် သင့်နှလုံးသားမှ၊ သင့်၏ တစ်ကိုယ်လုံးမှ စစ်မှန်သော ငြိမ်ဝပ်ခြင်းကို မရရှိပေဘူးလော။ ဤနှိုင်းယှဉ်ချက်နှင့် ခွဲခြမ်းစိတ်ဖြာလေ့လာချက်မှတစ်ဆင့် “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်” ဆိုသော စာကြောင်းကို ငါဘာကြောင့် သင်တို့နှင့် ဝေမျှလိုသနည်းဆိုသည်ကို သင်တို့ နားလည်သလော။ ထိုစာကြောင်း၏ အဓိပ္ပာယ်က ဘုရားသခင်ဆီမှ လာသောအရာ၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ပင်ဖြစ်သည်။ တဖန် သူ၏အရာရာတိုင်းသည် သင်တန်ဖိုးအထားဆုံးဟု သင်ယုံကြည်ခဲ့သော အရာများ၊ သို့မဟုတ် လူအပါအဝင် တစ်ခြားအရာတို့ထက် ကြီးမြတ်သည်။ ဆိုလိုသည်မှာ လူတစ်ယောက်က ဘုရားသခင်၏နှုတ်မှ စကားလုံးတို့ကို မရယူနိုင်ဟုဆိုလျှင်၊ သို့မဟုတ် သူ၏အလိုတော်ကို နားမလည်နိုင်ဟုဆိုလျှင် သူတို့သည် ငြိမ်ဝပ်ခြင်းကို မရရှိနိုင်ပေ။ သင်တို့၏ အနာဂတ် အတွေ့အကြုံတို့တွင် ယနေ့ ဤစာပိုဒ်ကို ငါဘာကြောင့် သင်တို့ကို မြင်စေလိုသည်ဆိုခြင်းကို သင်တို့ နားလည်ပါလိမ့်မည်။ ၎င်းသည် အလွန်အရေးကြီး၏။ ဘုရားသခင် လုပ်ဆောင်သောအရာတိုင်းက သမ္မာတရားနှင့် အသက်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သမ္မာတရားသည် သူတို့ဘဝ၌ မရှိ၍မဖြစ်သောအရာ၊ မရှိဘဲနှင့် လုံးဝ မပြုလုပ်နိုင်သောအရာဖြစ်သည်။ အကြီးမြတ်ဆုံးအရာဟုလည်း သင်ဆိုနိုင်သည်။ ထိုအရာကို သင်ကြည့်၍မရ၊ ထိ၍မရသော်လည်း သင့်အတွက် ဤအရာ၏ အရေးကြီးသောအချက်ကို သင်လျစ်လျူရှု၍မရပေ။ သင့်နှလုံးသားကို ငြိမ်ဝပ်ခြင်း သယ်ဆောင်ပေးနိုင်သော တစ်ခုတည်းသော အရာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။