ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၀

ဘုရားသခင်သည် လူကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ မည်သည့် ရှုထောင့်မှ စကားပြောသည်ဖြစ်စေ ဘုရားသခင်သည် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက်သာ ပြောခြင်းဖြစ်သည်။ လူ၏ လက်ခံနိုင်စွမ်းသည် အကန့်အသတ် ရှိသောကြောင့် ဝိညာဉ်တော်၏ ရှုထောင့်မှ ပြောဆိုထားသည့် နှုတ်ကပတ်တော်များသည် လူ့အတွက် နားလည်ရန် ခက်ခဲပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကိုလည်း ရှာဖွေနိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ အလုပ်သည် အကျိုးဆက်အမျိုးမျိုးကို ဖြစ်မြောက်စေပြီး အလုပ်၏ အဆင့်တစ်ခုစီတိုင်း၌ သူ၏ရည်ရွယ်ချက်ရှိသည်။ ထို့အပြင် ဘုရားသခင်သည် လူကို စုံလင်စေရန်အတွက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရမည်။ ဘုရားသခင်သည် ဝိညာဉ်တော်၏ ရှုထောင့် တစ်ခုတည်းမှသာ သူ၏အသံတော်ကို မြွက်ဆိုလျှင် သူ့အလုပ်၏ ဤအဆင့်သည် ပြီးမြောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤလူစုအား စုံလင်အောင် ပြုလုပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်းကို သူ့လေသံအားဖြင့် သင်သိနိုင်သည်။ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသူတစ်ဦးအနေနှင့် သင် ပထမဦးဆုံး လုပ်ရမည့်အဆင့်မှာ မည်သည့်အရာနည်း။ သင်သည် ပထမဦးဆုံး ဘုရားသခင်၏ အလုပ်ကို သိရမည်။ ယခုတွင် နည်းလမ်းအသစ်များကို ဘုရားသခင်၏အမှုထဲ၌ အသုံးပြုနေသည့်အပြင်၊ ခေတ်သည်လည်း တစ်ခုမှ တစ်ခုသို့ တိုးတက်လာသောကြောင့် ဘုရားသခင် စကားပြောသည့် နည်းလမ်းကဲ့သို့ ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းများသည်လည်း ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခု၌ ဘ ရားသခင် အလုပ်လုပ်သည့်နည်းလမ်းများ ပြောင်းလဲသွားသည်သာမကဘဲ ခေတ်သည်လည်း ပြောင်းသွားပြီ ဖြစ်သည်။ ယခုသည် နိုင်ငံတော်ခေတ်ဖြစ်၏၊ နှုတ်ကပတ်တော်ခေတ်လည်းဖြစ်သည့် အနှစ်တစ်ထောင်နိုင်ငံတော်ခေတ်၏ နမူနာဖြစ်သည်။ ဆိုလိုသည်မှာ လူကို စုံလင်စေရန်အတွက် ဘုရားသခင်က နည်းလမ်းအမျိုးမျိုးဖြင့် စကားပြောသည့်ခေတ်၊ လူကို ထောက်ပံ့ ကူညီပေးရန်အတွက် ရှုထောင့်အမျိုးမျိုးမှ စကားပြောသည့်ခေတ် ဖြစ်သည်။ အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်အတွင်းသို့ အချိန်များ ဖြတ်သန်းဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်သည် လူကို စုံလင်စေရန်အတွက် သူ၏ နှုတ်ကပတ်တော်ကို စတင်အသုံးပြုလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် လူကို ဘဝ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်စေပြီး လူကို မှန်သောလမ်းပေါ်သို့ ဦးဆောင်လမ်းပြခဲ့သည်။ လူသည် ဘုရားသခင်၏ လုပ်ငန်းအဆင့်များစွာကို ကြုံတွေ့ဖူးပြီဖြစ်သည်၊ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲဘဲ မနေကြောင်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ယင်းအစား ဘုရားသခင်၏ အလုပ်သည် အဆင့်ဆင့် ပြောင်းလဲကာ ပိုပို နက်ရှိုင်းလာသည်။ အချိန်ကြာမြင့်စွာ တွေ့ကြုံပြီးနောက်တွင် ဘုရားသခင်၏ အလုပ်သည် ထပ်ဖန်တလဲလဲ ပြောင်းလဲခဲ့သည်၊ သို့သော် မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ လူ၌ အလုပ်လုပ်လိုသည့် ဘုရားသခင်၏ ရည်ရွယ်ချက်ပန်းတိုင်မှ မည်သည့်အခါမျှ သွေဖီမသွားပေ။ အကြိမ်တစ်သောင်း ပြောင်းလဲသော်လည်း ဘုရားသခင်အလုပ်၏ မူလရည်ရွယ်ချက်သည် မည်သည့်အခါမျှ မပြောင်းလဲပေ၊ သမ္မာတရား သို့မဟုတ် အသက်ထံမှ သွေဖီမသွားပေ။ ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်းများ ပြောင်းလဲခြင်းသည် အလုပ်လုပ်သည့် ပုံစံနှင့် စကားပြောသည့် ရှုထောင့်တို့ ပြောင်းလဲခြင်းသာဖြစ်သည်၊ သူ့အလုပ်၏ အဓိက ရည်ရွယ်ချက်ပန်းတိုင် ပြောင်းလဲခြင်း မဟုတ်။ ဘုရားသခင် စကားပြောသည့်လေသံနှင့် အလုပ်လုပ်သည့်နည်းလမ်းများ ပြောင်းလဲခြင်းသည် အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်စေရန်အတွက် လုပ်သည့်အရာများ ဖြစ်သည်။ ဘုရားသခင် စကားပြောသည့် လေသံ ပြောင်းလဲခြင်းသည် အလုပ်လုပ်သည့် ရည်ရွယ်ချက်နှင့် အလုပ်လုပ်သည့်နိယာမ ပြောင်းလဲခြင်း မဟုတ်။ လူသည် ဘုရားသခင်၌ ယုံကြည်ရခြင်း၏ အနှစ်သာရမှာ အသက်ကို ရှာဖွေဖို့ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အသက်ကိုသော် လည်းကောင်း၊ သမ္မာတရားကိုသော်လည်းကောင်း၊ ဘုရားသခင်ကိုသိသည့် အသိပညာကိုသော်လည်းကောင်း မရှာဖွေလျှင် ဘုရားသခင်ကို ယုံကြည်ခြင်း မရှိပါ။ ထိုသို့ဖြစ်လျက်ပင် သင်သည် ဘုရင်တစ်ဦးဖြစ်ဖို့အတွက် နိုင်ငံတော်သို့ ဝင်ရန် ကြိုးစားနေသေးသည်မှာ လက်တွေ့ကျပါသလား။ အသက်ကို ရှာဖွေခြင်းဖြင့် ဘုရားသခင်ကို ချစ်သောမေတ္တာစစ်ကို ရရှိပိုင်ဆိုင်ခြင်းသာလျှင် စစ်မှန်သောအရာဖြစ်သည်။ သမ္မာတရားကို မီအောင်လိုက်ခြင်းနှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းတို့သည်သာလျှင် စစ်မှန်သောအရာဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ကိုယ်တွေ့ခံစားပါ၊ အတွေ့အကြုံစစ်မှတစ်ဆင့် ဘုရားသခင်ကိုသိသည့် အသိပညာကို သင်ရရှိလိမ့်မည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်မှန်သော မီအောင်လိုက်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၉

အချိန်ကြာမြင့်စွာ၊ ဘုရားသခင်၌ယုံကြည်သည့် လူများအားလုံးသည် လှပသည့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လေးနက်စွာ မျှော်လင့်နေခဲ့ကြပြီး၊ ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၅

အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော် ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၇

လောကပြင်ကျယ်ကြီးတွင် မရေတွက်နိုင်သော ပြောင်းလဲမှုများသည် ထပ်ခါ ထပ်ခါ ဖြစ်ပွားနေသည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၉

သင်တို့သည် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံကို သိလာရမည်ဖြစ်ပြီး သူပြုသောအမှု၏ အထွေထွေ ဦးတည်ချက်ကို နားလည်သဘောပေါက်လာရမည်။ ဤသည်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။