ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၁
ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အလိုတော်နှင့် သူ့မိန့်မြွက်ချက်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များကို သင်နားမလည်ပါက၊ သူ၏...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို စားသောက်စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆပြီး ဆုတောင်းခြင်းသည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်း အတွက် ပထမဆင့် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်းရှိနိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ခြင်းနှင့် အလင်းပေးမှုတို့သည် သင်နှင့်အတူ ရှိလိမ့်မည်။ ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်သက်ခြင်းဖြင့် အလုံးစုံသော ဝိညာဉ်ရေးရာ အသက်တာများကို ရရှိ၏။ ဆုတောင်းရာတွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် ငြိမ်းချမ်းခြင်း ရှိရမည်ဖြစ်ပြီး၊ ထိုအခါတွင်မှ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း ခံနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင်စားသောက်သောအခါ၌ ဘုရားသခင်၏ ရှေ့မှောက် သင်ငြိမ်းချမ်းနေသည့်အခါ၊ သင်သည် ဉာဏ်အလင်း ပေးခံရပြီး အလင်းပြခံရနိုင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် သိနားလည်မှုကို ရရှိနိုင်သည်။ နှလုံးသွင်းဆင်ခြင်ခြင်း၊ မိတ်သဟာယပြုခြင်းနှင့်၊ သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းဟူသော သင်၏ ပြုနေကျ လုပ်ဆောင်ချက်များတွင် ဘုရားသခင် မျက်မှောက်၌ သင်သည် ငြိမ်းချမ်းလာသည့်အခါ၊ ဘုရားသခင်နှင့် စစ်မှန်သော ရင်းနှီးမှုကို မွေ့လျော်နိုင်လိမ့်မည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သူ၏ အမှုတော်တို့ကို စစ်မှန်စွာ သိနားလည်မှု ရှိနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် မှန်ကန်သော ထောက်ထားမှုနှင့် အရေးထားမှုတို့ကို ပြသနိုင်လိမ့်မည် ဖြစ်သည်။ သာမန်အားဖြင့် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းခြင်း ရှိနိုင်လေလေ၊ သင်သည် အလင်းပေးခံရလေလေ ဖြစ်ပြီး၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၊ သင်ချို့တဲ့သည့်အရာက မည်သည့်အရာဖြစ်သည်၊ သင် ဝင်ရောက်သင့်သည့်အရာက မည်သည့်အရာဖြစ်သည်၊ မည်သည့် လုပ်ငန်းတာဝန်၌ သင်အစေခံသင့်သည် ဆိုသည်နှင့် သင်၏ အပြစ်အနာအဆာများ မည်သည့်နေရာတွင် ရှိသည်တို့ကို နားလည်လာနိုင်လေလေ ဖြစ်မည်။ ဤအရာအားလုံးကို ဘုရားသခင် မျက်မှောက်တွင် ငြိမ်းချမ်းနေခြင်းဖြင့် ရရှိပေသည်။ ဘုရားသခင် ရှေ့မှောက်တွင် နက်ရှိုင်းစွာ ငြိမ်းချမ်းခြင်း သင် အမှန်တကယ် ရရှိပါက၊ စိတ်ဝိညာဉ်၏ နက်နဲမှုအချို့ကို သင် သဘောပေါက်နိုင်လိမ့်မည်၊ လက်ရှိအချိန်တွင် ဘုရားသခင်က သင့်အထဲ၌ လုပ်ဆောင်လိုသော အရာကို သဘောပေါက်နိုင်လိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သာ၍ နက်နဲသော သိနားလည်မှုတစ်ခုကို ဆုပ်ကိုင်နိုင်လိမ့်မည်၊ ဘုရားသခင် နှုတ်ကပတ်တော်များ၏ အနှစ်သာရ၊ ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဂုဏ်ဒြပ်နှင့် ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဖြစ်ခြင်းကို သဘောပေါက် နိုင်လိမ့်မည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို သာ၍ ရှင်းလင်းစွာနှင့် တိကျစွာ မြင်နိုင်မည်ဖြစ်သည်။ သင့်စိတ်ဝိညာဉ်ထဲ ငြိမ်းချမ်းလာရာတွင် လုံလောက်သော နက်ရှိုင်းမှု ရရှိရန် ပျက်ကွက်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို အနည်းငယ်သာ ခံရမည်ဖြစ်ပြီး၊ အတွင်း၌ ခွန်အားတိုးပွားသည်ကို ခံစားရကာ ပျော်ရွင်ခြင်းနှင့် ငြိမ်သက်ခြင်း ပမာဏအချို့ကို ခံစားရမည်ဖြစ်သော်လည်း မည်သည့်အရာကိုမျှ ပိုမို နက်ရှိုင်းစွာ သင် သဘောပေါက်လိမ့်မည်မဟုတ်ပေ။ ယခင်က ငါ ဆိုပြီးလေပြီ- လူတို့သည် မိမိတို့၏ခွန်အားရှိသမျှကို အသုံးမပြုပါက၊ ငါ့အသံကိုကြားရန် သို့မဟုတ် ငါ့မျက်နှာကို မြင်ရန် ၎င်းတို့အတွက် ခက်ခဲလိမ့်မည်။ ဤအရာသည် ဘုရားသခင် ရှေ့မှောက်၌ ငြိမ်သက်ခြင်းအား နက်ရှိုင်းစွာရရှိခြင်းကို ရည်ညွှန်းပြီး၊ အပေါ်ယံ ကြိုးစားအားထုတ်မှုများကို မရည်ညွှန်းပေ။ ဘုရားသခင်၏ မျက်မှောက်တွင် အမှန်တကယ် ငြိမ်သက်ခြင်း ရှိနိုင်သူသည် အလုံးစုံသော လောကီချည်နှောင်မှုများမှ ရုန်းထွက်နိုင်ပြီး ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ခံရနိုင်ပေသည်။ ဘုရားသခင် မျက်မှောက်တွင် ငြိမ်းချမ်းနေနိုင်စွမ်း မရှိသူ အားလုံးသည် ဧကန်မုချ ကိုယ်ကျင့်တရား ပျက်ပြားပြီး အထိန်းအကွပ်မဲ့လေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်းချမ်းစွာနေနိုင်စွမ်း ရှိသူအားလုံးသည် ဘုရားသခင်ရှေ့တွင် ဘုရားတရား ကိုင်းရှိုင်းသူများနှင့် ဘုရားသခင်ကို တမ်းတသူများဖြစ်ကြသည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသူတို့သာ ဘဝကို တန်ဖိုးထားကြသည်၊ စိတ်ဝိညာဉ်၌ မိတ်သဟာယပြုခြင်းကို တန်ဖိုးထားသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ပြီး၊ သမ္မာတရားကို လိုက်စားကြလေသည်။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို တန်ဖိုးမထားသူနှင့် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းနေခြင်းကို လက်တွေ့မလုပ်ဆောင်သောသူ မည်သူမဆိုသည် စိတ်ကြီးဝင်နေပြီး အပေါ်ယံသာဖြစ်ကာ လောကကို စွဲလမ်းပြီး အသက်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သည်ဟု ပြောလျှင်ပင် ၎င်းတို့၏ နှုတ်ဖျားဖြင့် အစေခံခြင်းသာ ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်က စုံလင်စေကာ ပြည့်စုံစေသူတို့မှာ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်သူများသာ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေသူများသည် ကြီးမြတ်သည့် ကောင်းချီး မင်္ဂလာများဖြင့် ကျေးဇူးပြုခြင်း ခံရပေသည်။ တစ်နေ့လုံး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အချိန်ယူခဲသောလူများ၊ ပြင်ပကိစ္စများဖြင့် အလုပ်များလှစွာ နစ်မြုပ်နေပြီး အသက်တာထဲဝင်ရောက်ခြင်းအပေါ် တန်ဖိုးအနည်းငယ်သာထားသည့် လူများ- ဤသူအားလုံးတို့သည် အနာဂတ်တွင် ကြီးထွားရန် အလားအလာမရှိသည့် သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်းချမ်းနေနိုင်ပြီး ဘုရားသခင်နှင့် စစ်မှန်စွာ မိတ်သဟာယ ပြုနိုင်သူများသည် ဘုရားသခင်၏ လူများဖြစ်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍
ရှေ့တော်၌ ငြိမ်ဝပ်သူများသာအသက်ကိုအလေးထား
၁
ဘုရားရှေ့၌ အမှန်ပင် ငြိမ်ဝပ်သူများသည် လောကီတွယ်တာမှုများမှ ကင်းလွတ်နိုင်သူများဖြစ်ကာ ဘုရားကို သူတို့အား ပိုင်ဆိုင်ခွင့်ပေးသည်။ ရှေ့တော်၌ မငြိမ်ဝပ်တတ်သူသည် ရမ်းကား၍ ထိန်းချုပ်မှုမရှိသူ ဖြစ်သည်။ အို၊ ထိုသူတို့သည် ကိုယ့်စိတ် အလိုကို လိုက်ကြသည်။ ဘုရားရှေ့၌ ငြိမ်ဝပ်လျက် နေနိုင်သူအားလုံးဟာ ဘုရားကိုတောင့်တသော ယုံကြည်ခြင်းခိုင်မာသူများဖြစ်သည်။ ရှေ့တော်၌ ငြိမ်ဝပ်သူများသည် အသက်ကိုအလေးထားကာ၊ ဝိညာဉ်အသက်တာ၌ မိတ်ဖွဲ့သူများ ဖြစ်ကြသည်။ ရှေ့တော်၌ ငြိမ်ဝပ်လျက် နေနိုင်သူများဟာ ဘုရား၏နှုတ်ကပတ်တော်ကို ဆာငတ်သူများဖြစ်သည်။ ထိုသူတို့သည် သမ္မာတရားနောက်သို့ လိုက်သောသူများဖြစ်သည်။
၂
ရှေ့တော်၌ ငြိမ်ဝပ်လျက် လျစ်လျူရှုသူသည် ဤအချက်ကို လက်တွေ့မကျင့်သုံးသူတို့သည် လောကီကိုတွယ်တာသော အချည်းနှီးလူသားများ ဖြစ်ကြသည်။ ထိုသူတို့ အသက်ကင်းမဲ့၊ သူတို့၌ အသက်မရှိ။ ထိုသူတို့ ဘုရားကို ယုံကြည်သည်ဟု ဆိုသော်လည်း ၎င်းသည် အနှစ်သာရကင်းမဲ့သော စကားများသာဖြစ်သည် ငြိမ်ဝပ်လျက်နေနိုင်သူများ ဘုရားသခင် စုံလင်စေ၊ ပြည့်စုံစေ။ အံ့သြဖွယ်ကောင်းချီးများဖြင့် ကျေးဇူးတော်ကို ရရှိခံစားစေ ရှေ့တော်၌ ငြိမ်ဝပ်သူများသည် အသက်ကိုအလေးထားကာ၊ ဝိညာဉ်အသက်တာ၌ မိတ်ဖွဲ့သူများ ဖြစ်ကြသည်။ ရှေ့တော်၌ ငြိမ်ဝပ်လျက် နေနိုင်သူများဟာ ဘုရား၏နှုတ်ကပတ်တော်ကို ဆာငတ်သူများဖြစ်သည်။ ထိုသူတို့သည် သမ္မာတရားနောက်သို့ လိုက်သောသူများဖြစ်သည်။ ဘုရား၏နှုတ်ကပတ်တော်ကို စားသုံးလေ့မရှိသူတို့သည်၊ အသက်လမ်းကိုအရေးမထား၊ လောကီရေးကိုအာရုံစိုက်သူများဖြစ်သည်၊ ထိုသူတို့သည် အနာဂတ်မရှိသော သူတော်ကောင်းအယောင်ဆောင်များပင်ဖြစ်သည်
၃
ဘုရား၏လူတို့သည် သူနှင့် စစ်မှန်စွာ (ရင်းနှီး) ကျွမ်းဝင်နိုင်သူများဖြစ်ပြီး ရှေ့တော်၌ ငြိမ်ဝပ်တတ်သူများဖြစ်သည်။ ရှေ့တော်၌ ငြိမ်ဝပ်သူများသည် အသက်ကိုအလေးထားကာ၊ ဝိညာဉ်အသက်တာ၌ မိတ်ဖွဲ့သူများ ဖြစ်ကြသည်။ ရှေ့တော်၌ ငြိမ်ဝပ်လျက် နေနိုင်သူများဟာ ဘုရား၏နှုတ်ကပတ်တော်ကို ဆာငတ်သူများဖြစ်သည်။ ထိုသူတို့သည် သမ္မာတရားနောက်သို့ လိုက်သောသူများဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အလိုတော်နှင့် သူ့မိန့်မြွက်ချက်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များကို သင်နားမလည်ပါက၊ သူ၏...
လူအချို့က၊ “လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုနှင့် လွန်ခဲ့သောကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား...
ဘုရားသခင်သည် လူသားတို့အကြား သူ၏အမှုကိုဆောင်ရွက်ရန်၊ လူသားကို သူကိုယ်တိုင် သူ့ကိုယ်သူ ဖော်ပြရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန်...
ငါစီစဉ်ထားရှိခဲ့သော အလုပ်သည် တခဏပင် မရပ်နားဘဲ ရှေ့သို့သာ အပူတပြင်း ဆက်လက်လုပ်ဆောင်နေသည်။ နိုင်ငံတော်ခေတ်ထဲသို့ ရောက်ရှိခြင်းနှင့် သင့်အား...